LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

ဖုန်းနံပတ်ဖျောက်ပြီးဖုန်းဆက်တဲ့Apk

ဖုန်းနံပတ်ဖျောက်ပြီးဖုန်းဆက်တဲ့apkလေးတင်လိုက်ပါတယ်။No Show apkကိုအောက်ကလင့်ကဒေါင်းနိုင်ပါတယ်။




              >>> DOWNLOAD <<<





.


EmailကိုRecoveryလုပ်မယ်(2stepကျော်မယ်)

EmailကိုRecoveryလုပ်မယ်
(2 stepကျော်မယ်)pdfစာအုပ်လေးပါ။
ဖုန်းနံပတ်ခံထားပြီး2stepလုပ်ထားတဲ့အကောင့်passwordမေ့သွားရင်ပြန်ယူနည်းpdfစာအုပ်လေးပါ။အောက်ကလင့်မှာဝင်၍ဒေါင်းနိုင်ပါတယ်။




            >>> DOWNLOAD <<<



.


ဖုန်းကိုစကားပြောပြီးခိုင်းမယ်

ခုတစ်ခေါက်တင်ပေးမှာကတော့ အသံဖြင့် ခိုင်းစေ လို့ရပါတယ်။ သူက မိမိအသုံးပြုခြင်တဲ့Appနှင့်ဂိမ်းဖုန်းခေါ်ဆိုမှုကို အသံသွင်းထားပေးရမှာပါ။ သူက မိမိ အသံသွင်းထားတာကို ပြောလိုက်ရင် ပြန်ထူးပြီးတော့ မိမိ သတ်မှတ်ထားတဲ့ App ဥပမာ- zapya ကို ဖိုင်ပို့မယ်လို့အသံသွင်းထားရင် zapya ပွင့်မယ်ပေါ့။မြန်မာမှု့လေးဖြစ်လို့အသုံးပြုရတာအဆင်ပြေမှာပါ။နောက်တစ်ခါ သူကဖုန်းခေါ်ဖို့ကိုလည်းပြုလုပ်ပေးထားပါတယ်။

တော်တော်လေးကောင်းပါတယ်။ App လေးကို  ပြန်လည်ပြုစုပေးထားပါတယ် ။ အောက်မှာDownloadလုပ်ပါ။



             >>> DOWNLOAD <<<



.


Wifi နဲ့fileတွေကိုပို့မယ်

ဖုန်းတွေမှာ wifi ထဲကနေပြီး file တွေပို့ချင်တဲ့သူတွေအတွက် WiFi File Transfer.apk လေးကိုတင်ပေးလိုက်ပါတယ်ဒီကောင်
လေးကတော့ဖုန်းကနေ ကွန်ပျူတာ ၊  ကွန်ပျူတာကနေဖုန်းနဲ့ဖုန်းအချင်းချင်း wifi ထဲကနေပြီး file တွေ ဓာတ်ပုံတွေ သီချင်းတွေကို အကောင်းဆုံးTransfer လုပ်ပေးနိုင်ပါတယ်။ဖိုင်ဆိုဒ်က 748kb  ပဲရှိပါတယ် ။
အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်။



            >>> DOWNLOAD <<<




¡.


INTERNET SPEEDမြင့်တဲ့apk

ANDROIDဖုန်းအတွက်အင်တာနက်
အားမြင့်စေတဲ့ဆော့ဝဲလ်APKလေးပါ။
အသုံးပြုမယ်ဆိုရင်တော့အောက်ကလင့်မှာဝင်ပြီးဒေါင်းနိုင်ပါတယ်။



            >>> DOWNLOAD <<<




.


WIFIထပ်ဆင့်ပြန်လွှင့်မယ်

မိမိဖုန်းမှာအသုံးပြုနေတဲ့wifiကိုတစ်ခြားဖုန်းသို့ထပ်ဆင့် wifiပြန်လွှင့်ပေးလို့ရတဲိ့apkဖြစ်ပါတယ်။

ပိုက်ဆံနဲ့ဝယ်သုံးရတဲ့wifiဆိုရင်တစ်ယောက်စာပဲပိုက်ဆံအကုန်ခံပြီး၂ယောက်၃ယောက်ပြန်သုံးနိုင်တာပေါ့။

apkအသုံးပြုနည်းက…………

apk ကို ဖွင့်ပြီး show hotsport on map ဆိုတာနှိပ်ပေးပါ။
နှိပ်ပြီးရင်ဖုန်းရဲ့notiဘားကိုဆွဲချလိုက်​ပါ။
အဲ့ဒီမှာ boxတခု ရောက်နေလိမ့်မယ် အဲ့ဒါကို နှိပ်ပီးတော့ နံမည် password ထဲ့ပြီး okနှိပ်လိုက်ရင်ရပါပြီ-

-Apk file size18MB ရှိပြီး
-Android OS Version2.3.3နှင့်​အထက်​ရှိတဲ့ဖုန်းများ​အသုံးပြုနိုင်​​ပါတယ်​အောက်ကလင့်မှာဝင်၍ဒေါင်းနိုင်ပါတယ်။




           >>> DOWNLOAD <<<




.


APKတွေဖုန်းနဲ့လုပ်မယ်

Web2Appအသုံးပြု ပြီးwebsiteတွေblogတွေ
Facebook Pageတွေစတာတွေကို
ဖုန်းနဲ့ပဲapkပြုလုပ်နည်းကိုတင်ပေးလိုက်ပါတယ်။apkပြုလုပ်နည်းpdfစာအုပ်နဲ့web2appကိုအောက်မှာဒေါင်းနိုင်ပါတယ်။




             >>> DOWNLOAD <<<




.


Resistor အ​ကြောင်း​လေ့လာခြင်း

Resistor

ရီစ္စတာဆိုသည်မှာ အီလက်ထရောနစ်ပတ်လမ်းများ

တွင် သုံးသော အခြေခံပစ္စည်းတခုပါ။

သူ၏ လုပ်ဆောင်ချက်မှာ ဗို့အားကိုလျှော့ပေးခြင်း|

ပတ်လမ်းတစ်နေရာမှ တစ်နေရာကို ဆက်သွယ်ပေး

ခြင်းပါ။ ရီစစ္စတာကို ခုခံမူတန်ဖိုး အမျိုးမျိုး ပါဝါခံနှိင်မူ့ 

အမျိုးမျိုး ခွဲခြားသတ်မှတ်ထားပါတယ်။




ယေဘုယျ အားဖြင့် ရီစစ္စတာ နှစ်မျိုးရှိပါတယ်။
(1)Fixed resistor
(2)Variable resistor ဟု နှစ်မျိုးရှိပါတယ်။

Fixed resistor

တန်ဖိုးပြောင်းလဲ၍ မရသော ရီစစ္စတာဖြစ်ပါတယ်။

ကိုယ်ထည်ပေါ်တွင် အရောင်သတ်မှတ်ချက်ဖြင့်

ဖော်ပြလေ့ရှိပါတယ်။တခါတရံ ကိုယ်ထည်ပေါ်မှာ ခုခံ

မူ့တန်ဖိုးကို တိုက်ရိုက်ရေးသားထားကြပါတယ်။

Variable resistor

တန်ဖိုးပြောင်းလဲ၍ရသော တန်ဖိုးရှင် ရီစ္စတာ ဖြစ်ပါတယ်။ကိုယ်ထည်ပေါ်တွင် တန်ဖိုးသတ်မှတ်ချက် ရေးသားဖော်ပြထားပါတယ်။
ဥပမာ၊။ volume control

အသံချဲ့စက်တွေမှာ သုံးတဲ့ အသံထိန်းညှိ ပစ္စည်းလေးတွေပါပဲ။
ရီစစ္စတာ၏ တန်ဖိုးသတ်မှတ်ချက်ကို ohm ဖြင့်သတ်မှတ်ပါတယ်။



( resistor တန်ဖိုးဖတ်ခြင်း)

ရီစစ္စတာများသည် ၎င်းတို့၏ တန်ဖိုးများကို အရောင်

အရစ်ဖြင့် သတ်မှတ်ဖော်ပြကြပါတယ်။

ရီစစ္စတာများ၏ ခုခံမူ့တန်ဖိုးကို သတ်မှတ်သောအခါ

အရောင်အရစ် (၄)ရစ်ဖြင့်လည်းကောင်း| အရောင်အရစ် (၅) ရစ်ဖြင့် လည်းကောင်းဖော်ပြကြပြန်ပါတယ်။

အရောင် (၄)ရစ်ပါသောရီစစ္စတာများတွင် အရောင်များကို ရေးခြယ်ထားရာတွင်

နောက်ဆုံး အရောင်များသည် ရွှေရောင် (သ်ု့) ငွေ

ရောင်များဖြစ်ကြပါတယ်။

တန်ဖိုးသတ်မှတ်ချက်များ

1 Ohm

1000ohm =1 k

1000 k = 1m

1000 m = 1g
တို့ဖြစ်ပါတယ်။

အရောင်သတ်မှတ်ချက်များးး

အရောင် တန်ဖိုး မြောက်ဖော်ကိန်း
====== ====== ==========
အနက် ၀ 1

ညို 1 10

နီ 2 100

မော် 3 1000

ဝါ 4 10000

စိမ်း 5 100000

ပြာ 6 1000000

ခရမ်း 7 10000000

မီးခိုး 8 100000000

ဖြူ 9 1000000000

==================================

အရောင်လေးရစ်ပါ ရီစစ္စတာ တခုကို

စဖတ်မယ်ဆိုပါစို့။

ပ ဒု တ စ

ညို နက် နက် ရွှေ

1 0 × 1 = 10ohm

ရီစစ္စတာ ၏ ပထမ အရောင်သည် (ညို) ရောင် (1)


ဒုတိယ အရောင်သည် ( နက် ) ရောင် (0 )

တတိယ အရောင်သည် မြောက်ဖော်ကိန်းဖြစ်သည့်

အနက်ရောင် (1)

စတုတ္ထအရောင်သည် ဖတ်ရတန်ဖိုး ကွာဟမှု့

( 5% ) ဖြစ်ပါသည်။

အလွယ်မှတ်မယ်ဆိုပါက

အရောင်(၄)ရောင်ပါ ရီစစ္စတာ တလုံးတွင် တတိယအ

ရောင် သည် မြှောက်ဖော်ကိန်း အဖြစ်သတ်မှတ်ရပါမယ်။နောက်ဆုံးအရောင်ဖြစ်

သော ရွှေရောင်သည် (5%) အတိုး/ အလျှော့ ရှိသည်

ဟု ဆိုလိုပါသည်။

အဲ့တော့ ညို နက် နက် ရွှေ 10 ohm ဖြစ်ပြီးး

5% အတိုး အလျှော့ ရှိသည်ပေါ့။

ဝါ ရမ်း ညို ရွှေ

4 7 × 10 =470 ohm

စိမ်း ပြာ နီ ရွှေ

5 6 × 100=5600ohm=5.6K

မော် မော် မော် ရွှေ

3 3 × 1000 =33000ohm=33k

ညို နက် ဝါ ရွှေ

1 0 × 10000 =100000 ohm=100K

အကယ်၍ တတိယအရောင်မှာ ရွှေရောင်ဖြစ်ပါက

မြှောက်ဖော်ကိန်းသည် 0.1 ဖြစ်ပါတယ်။

ငွေရောင် ဖြစ်ပါက 0.01 ဖြစ်ပါတယ်။

တတိယအရောင်မှာ ရွှေ ( သို့) ငွေ သတ်မှတ်သော

ရီစစ္စတာများသည် 10 ohm အောက် လျှော့နည်းသော ရီစစ္စတာများ ဖြစ်ပါတယ်။


ကျတော်က တော့ ဒီလို အလွယ်မှတ်တယ် ခင်ဗျ။

တတိယ အရောင်ကိုပေါ့။

နက် ခံရင် ဆယ် ohm

ညို ခံရင် ရာ ohm

နီ ခံရင် ခု K

မော် ခံရင် ဆယ် k

ဝါ ခံရင် ရာ k ပေါ့။

အရောင် ( 5 ) ရောင်ပါသော ရီစစ္စတာ

များဖတ်ရာတွင် စတုတ္ထ အရောင်အား မြှောက်ဖော်ကိန်း အဖြစ် သတ်မှတ် ဖတ်ရပါမယ်။

ko zaw

Toyota Electronic Modulated ကိုလေ့လာကြည့်ခြင်း

" Toyota ရဲ့နာမည်ကျော်ဆိုင်းထိန်းတစ်ခုဖြစ်တဲ့ Toyota Electronic Modulated ကိုလေ့လာကြည့်ခြင်း "

ကျွန်တော်တို့အတွက် Toyota ဆိုတာ အောက်ပိုင်းကောင်းတယ်၊ အကြမ်းခံတယ်နဲ့ အပိုပစ္စည်းစုံတယ်ဆိုတဲ့ ဂုဏ်ဒြပ်တွေနဲ့ ကျော်ကြားနေပါတယ်။ ဒါကြောင့် ကားအမျိုးအစားချင်းတူ ဈေးချင်းတူနေရင်တောင် Toyota ကအကြမ်းခံတယ်လေနဲ့ အပိုပစ္စည်းလည်း ပေါတယ်လေဆိုပြီး ဦးစားပေးသွားကြတာကို တွေ့မြင်ဖူးပါတယ်။ ကဲဒါကြောင့် Toyota ရဲ့ဂုဏ်သတင်းတွေထဲကို ထဲထဲဝင်လေ့လာကြည့်ဖို့စိတ်ကူးမိလာပါတယ်။ ဒီလို မျိုးလေ့လာဖို့အတွက် လတ်တလောမှာတော့ Hhilux Surf ရေးခဲ့မိတဲ့အတွက် TEMS ဆိုတဲ့ Toyta Electronic Modulated Suspension ကိုဦးစားပေးပါရစေ။

Toyota Electronic Modulated Suspension (TEMS) ဆိုတာက ရှင်းအောင်ပြောရရင် ရှော့အိပ်ဇောဘား (shock absorber) ပါပဲ။ ဒါကိုမှ ထပ်ရှင်းအောင်ပြောရရင် မြောက်မြားစွာသောနည်းပညာအကြောင်းတရားတွေ ကိုအခြေခံထားပြီး Continuous Damping Control လို့ခေါ်တဲ့ လျှပ်စစ်ပိုင်းအရ ထိန်းချုပ်ပေးထားတဲ့ ရှော့အိပ်ဇောဘားကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။ နောက်တစ်မျိုးပြောရရင်တော့ semi-active suspension ပေါ့။ Toyota ကနေ ထုတ်လုပ်ပေးခဲ့တဲ့ Toyota Soarer ကားမှာ ၁၉၈၃ခုနှစ်ကစလို့ တပ်ဆင်အ သုံးပြုပေးခဲ့ပါတယ်။ ဒါကြောင့် ၁၉၈၀ ကာလကနေ ၁၉၉၀ ကာလတွေမှာ Toyota ရဲ့နာမည်ကြီးနည်းပညာ တစ်ခုဖြစ်ခဲ့ပြီး ဖောဖောသီသီအသုံးပြုခဲ့တယ်လို့ဆိုရမှာပါ။ အဓိကပြောရမှာကတော့ သူတို့ရဲ့ဇိမ်ခံနဲ့ပြိုင်ကား အမျိုးအစားတွေမှာ တပ်ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုဖြစ်ပွားတဲ့ အခါမှာတော့ TEMS ရဲ့အခန်းကဏ္ဍက လျော့ကျခဲ့ရပြီး ဇိမ် ခံနဲ့စွမ်းဆောင်ရည်မြင့်ပြိုင်ကားအမျိုးအစားတွေမှာ သာတပ်ဆင်လို့လာခဲ့ပါတယ်။
TEMS မှာ ရှော့ဘားလေးခုပါဝင်ပြီး ဘီးလေးခုစလုံးမှာတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ဒီလိုတပ်ဆင်ထားမှုကို အော်တိုဂီယာစနစ်၊ ဒါမှမဟုတ် တပ်ဆင်ထားတဲ့စနစ်ပေါ်အခြေခံထားတဲ့ driver select mode တွေ မှာအသုံးပြုနိုင်ပါတယ်။ အဆိုပါနည်းပညာကို four wheel independent suspension ပါဝင်တဲ့ Toyota ရဲ့အဆင့်မြင့်ထုတ်ကုန်တွေမှာ အသုံးပြုပေးခဲ့ပြီး (Precison Engineered Geometrically Advanced Suspension) PEGASUS (အဖြူရောင်နတ်မြင်းပျံ) လို့တံဆိပ်ကပ်ပေးခဲ့ပါတယ်။ ဒါကိုမှ ဒီမြင်းက အထီးလား၊ အမလားကပ်မေးမှာစိုးလို့ တစ်ခါတည်းဖြေပေးထားမယ်၊ သားစပ်မြင်းထီးဆိုတာကိုပါ။ ဘယ်မှာတွေ့နိုင်မလဲ ဆိုရင် ဂရိဒဏ္ဍာရီထဲ မှာပေါ့။ ဒီစနစ်ကို Toyota ရဲ့ကားတွေအားလုံးမှာ မတပ်ဆင်နိုင်ရခြင်းက တော့ TEMS အနေနဲ့ ရှေ့နဲ့နောက်ကို front and rear independent suspensions တပ်ဆင်ထားတဲ့ ကားတွေမှာသာ တပ်ဆင်နိုင်လို့ပဲဖြစ်ပါတယ်။
အဆိုပါစနစ်အနေနဲ့ လမ်းအခြေအနေပေါ်မှာမူတည်ပြီး ဆောင့်အောင့်မှုကိုတိုးပေးရမလား၊ နှိမ့်ပေးရမလား ဆိုတာကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်မောင်းရော၊ ခရီးသည်တွေအနေနဲ့ပါ ကားရဲ့ကောင်းမွန်လှတဲ့ သက်သောင့်သက်သာရှိမှုနဲ့ ဇိမ်ခံနိုင်မှုတို့ကို လေအိတ်အလားအထင်မှားစေရမှာဆို ပြီး အချို့သောသူတွေက ညွှန်းဆိုနေကြတာဖြစ်ပါတယ်။ ပုံမှန်အ တိုင်းပြောရရင်တော့ TEMS ဆိုတာ က သက်သောင့်သက်သာရှိတဲ့ မောင်းနှင်ခြင်းနဲ့ သေးငယ်သောဆိုင်းထိန်းတို့ပေါ်က တည်ငြိမ် သောထိန်းကျောင်းမှုတို့ကို အလွယ်တကူရရှိစေဖို့အတွက် တပ် ဆင်ထားခြင်းပဲဖြစ်ပါတယ်။ တန်ကြေးကြီးတဲ့ အဆင့်မြင့်ဇိမ်ခံကားကြီးတွေမှာတော့ ဒီထက်ပိုတဲ့လုပ်ဆောင်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။ အဆိုပါနည်းပညာအနေနဲ့ ပထမဆုံးမှာတော့ ဂျပန်နိုင်ငံရဲ့ သတ်မှတ်ချက်နဲ့ ဂျပန်နိုင်ငံရဲ့မောင်းနှင်မှုတို့အတွက် ဒီဇိုင်းဖော်ပေးထားတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတကာအသုံးပြုမှုအတွက် version အဆင့်မြှင့်မှုကိုပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ အဆိုပါအချိန်က အဆင့်မြင့်ဇိမ်ခံကားတွေမှာ ဒီစနစ်ကိုမပါမဖြစ်အနေနဲ့ ထည့်သွင်းပေး ထားခဲ့ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါစနစ်ကို ဇိမ်ခံ minivan တွေဖြစ်တဲ့ Toyota Alphard ၊ Toyota Noah နဲ့ Toyota Voxy တို့လိုကားတွေမှာ တပ်ဆင်ပေးလာခဲ့ပြီး စနစ်ကိုလည်း Piezo TEMS ၊ Skyhook TEMS ၊ Infinity TEMS နဲ့ Adaptive Variable Suspension (AVS) ဆိုပြီး ရွေ့လျားလာတဲ့ကာလနဲ့အညီ အမည်ပြောင်းလဲမှုတွေကိုတွေ့ရမှာဖြစ်ပါတယ်။
အသုံးပြုပုံနဲ့ပတ်သက်လို့ကတော့ ကနဦးမှာ Auto-Sport ဆိုပြီးအ ဆင့် ၂မျိုးရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဆင့်မြှင့်တင်ပေးခဲ့ပြီး Auto-Soft-Mid-Hard ဆိုပြီးဖြစ်လာပါတယ်။ အချို့သောစနစ်တွေမှာတော့ ယာဉ်မောင်းစိတ်ကြိုက်ပြောင်းလဲမှုတွေကိုတောင် ထည့်သွင်းလုပ်ဆောင်ပေးလာနိုင်ခဲ့ပါတယ်။ ဒီလိုအသုံးပြုမှုအတွက်လည်း အများစုမှာ Auto ကိုအသုံးပြုဖို့အတွက် ထောက်ခံချက်ပေးထားခဲ့ပါတယ်။ တကယ်လို့များ ထောက်ခံထားတဲ့အတိုင်းသာလုပ်ဆောင်ခဲ့ပြီး စနစ်အနေနဲ့ အသက်ဝင်လာခဲ့ပါက ရွေးချယ်ထားတဲ့ဆိုင်းထိန်းရဲ့ချိန်ညှိမှုတွေကို အချက်ပြမီးကနေအချက်ပြပေးမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါစနစ်ရဲ့ပါဝင်ပစ္စည်းတွေကို တိတိပပရေရွတ်မယ်ဆိုရင် တော့ ခလုတ်တစ်ခု၊ ရှော့အိတ်ဇောဘားလေးခု၊ shock absorber control actuator shock absorber control computer ၊ ယာဉ်ရဲ့ရှိန်နှုန်း အတွက်အာရုံခံကိရိယာ၊ stop lamp switch တို့ပါဝင်မှာဖြစ်ပါတယ်။တကယ်လို့များ TEMS three stages systems မှာဆိုရင်တော့ အင်ဂျင်ရဲ့ စွမ်းဆောင်မှုအပိုင်းမှာအဓိကျတဲ့ throttle အနေအထား နဲ့ စတီယာရင်းလှည့်ပတ်နိုင်မှုအနေအထား အာရုံခံကိရိယာတို့ပါဝင်လာမှာဖြစ်ပါတယ်။
ဒီစနစ်မှာပါဝင်တဲ့ two stage TEMS တွေရဲ့ ၁၉၈၀ ကာလတွေမှာ အလုပ်လုပ်ပုံကိုဖော်ပြရရင် ပုံမှန်အနေအထားဖြစ်တဲ့ တစ်နာရီကီလိုမီတာ ၁၀၀ နှုန်းအတွင်းမှာတော့ သက်သောင့်သက်သာ မောင်းနှင်မှုမျိုးဖြစ်တဲ့ SOFT ကို စနစ်အနေနဲ့ ရွေးချယ်ပေးမှာဖြစ်ပါတယ်။ ရှိန်နှုန်းမြင့်ဖြစ်တဲ့ တစ်နာရီ ၈၅-၁၀၀ကီလိုမီတာနှုန်းမှာတော့ ပိုမိုမာကျောမှုနဲ့အတူ ပိုမိုကောင်းမွန်တဲ့အခြေမြဲမှုတို့ပါဝင်လာပြီး ၀င်ရိုးရဲ့ လည်ပတ်အားကိုလည်း လျှော့ချပေးမယ့် HARD ကိုစနစ်အနေနဲ့ ရွေးချယ်ပေးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နောက်ပိုင်းအဆင့်မြှင့်တင်ထားမှုတွေပါဝင်လာတဲ့ 3-stage systems တွေ ရှိနေဦးမှာဖြစ်ပါတယ်။ သူ့မှာလည်း စနစ်တွေအတွက် လီဗာအနေအထား၊ throttle အနေအထားနဲ့ စတီယာရင်းရဲ့လှည့်ပတ်နိုင်မှုအနေအထားတို့ကို အခြေခံမှာဖြစ်ပါတယ်။
အဆိုပါစနစ်ကိုတပ်ဆင်ထားတဲ့ ကားတွေအဖြစ် Corolla ၊ Corona ၊ Celica ၊ Camry ၊ Crown ၊ Noah/Voxy နဲ့ Land Cruiser အစရှိတဲ့နာမည်ကျော်ကားတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
AutoCar Buyers'Guide Journal (Every Thursday)

နည်းပညာလေ့လာမယ်.apk

နည်းပညာနဲ့ဆော့ဝဲလ်များ(MyoZaw)
မြန်မာသားကောင်းများ
Myartko Orangeနည်းပညာ
Min Min Chit နည်းပညာ
အိုင်တီကမ္ဘာနည်းပညာ
ဘားအံသားလေး iTနည်းပညာ
ရဲသော်ဟိန်းအမေ့သားနည်းပညာ

ဒီBlog website (၇)ဆိုဒ်က
နည်းပညာသတင်းများကိုတစ်နေရာတည်းမှာလေ့လာနိုင်အောင်ပြုလုပ်ထားတဲ့
နည်းပညာလေ့လာမယ်.apk versionအသစ်ဖြစ်ပါတယ်။နည်းပညာတွေလေ့လာနေတဲ့သူတွေဆောင်ထားသင့်တယ်လို့ထင်ပါတယ်။အောက်ကလင့်မှာဝင်၍ဒေါင်းနိုင်ပါတယ်။




              >>> DOWNLOAD <<<






.


Facebookကvideosတွေကိုဒေါင်းလော့လုပ်မဲ့သစ်သားfacebook

Facebookကvideoတွေကိုဒေါင်းလော့လုပ်ချင်တဲ့လူတွေအတွက်သစ်သားရောင်Facebookလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။သစ်သားရောင်FacebookလေးကိုသုံးပြီးFacebookကvideoများကိုအလွယ်တကူဒေါင်းလော့လုပ်နိုင်ပါတယ်။မိမိတို့သုံးနေတဲ့မူလFacebookကိုလည်းUninstallလုပ်၍ထုတ်ပစ်စရာမလိုပါဘူး။ဖုန်းထဲမှာFacebookနှစ်ခုတွဲ၍အသုံးပြုလို့ရပါတယ်။
အသုံးပြုနည်းpdfစာအုပ်နဲ့သစ်သားFacebookလေးကိုအောက်ကလင့်မှာဝင်၍ဒေါင်းနိုင်ပါတယ်။





                >>> DOWNLOAD <<<




.


COC မြန်မာFontသွင်းမယ်

Coc gameမှာမြန်မာစာအမှန်မြင်ရအောင်မြန်မာFontသွင်းနည်းလေးပါ။ဖုန်းမှာRootဖောက်ထားရပါမယ်။
Root Explorer apkအသုံးပြု ပြီးCoc gameမှာမြန်မာစာမြင်ရအောင်လုပ်မှာပါ။မြန်မာfontသွင်းနည်းကိုpdfစာအုပ်ပြုလုပ်ပြီးတင်ပေးထားပါတယ်။Cocအတွက်မြန်မာfontလည်းတင်ပေးထားပါတယ်။အောက်ကလင့်ကဝင်သွားပါ။



               >>> DOWNLOAD <<<






.


နောင်အနှစ်၂၀မှာဖြစ်မဲ့ပုံကြည့်တဲ့Apk

ဒီApkမှာမိမိရဲ့ဓာတ်ပုံကိုuploadတင်ပြီးနောင်အနှစ်(၂၀)မှာဖြစ်မဲ့မိမိရဲ့ပုံကိုကြည့်လို့ရပါတယ်။ မူရင်း20 years website Linkကို Android apkလုပ်ထားတာပါဆော့ဝဲလ်ကိုအသုံး
ပြုတဲ့အခါမြင်ကွင်းချဲ့လို့ရပါတယ်။လက်နဲ့ဖြဲပြီးချဲ့နိုင်သလိုZoom+ခလုတ်နှိပ်ပြီး
တော့လည်းချဲ့နိုင်ပါတယ်။
အသက်၂၀ကြီးသွားရင်ဖြစ်မဲ့ပုံကိုကြည့်ချင်ရင်တော့အောက်ကလင့်ကဝင်ပြီး ဒေါင်းနိုင်ပါတယ်။




               >>> DOWNLOAD <<<




.


အင်္ဂဝိဇ္ဇာ နှင့်​ အသုံးချဓာတ်​ရိုက်​၊ဓာတ်​ဆင်​ ယတြာ


ရေးသားသူ-သု​တေသီထွန်းမြင့်
စာအုပ်​အမည်​- အင်္ဂဝိဇ္ဇာ နှင့်​ အသုံးချဓာတ်​ရိုက်​၊ဓာတ်​ဆင်​ ယတြာ 

ဒီမှာ download ပါ

သင့်​အတွက်​ Linux

သင့်​အတွက်​ Linux

သင့်​အတွက်​ Linux

အိ​မောင်
Fairway Web
Download PDF

Ubuntu OS အား အခြေခံအသုံးပြုပုံမှစ၍၊ Configuration, Administration လုပ်ငန်းများအပါအဝင်၊ Command-Line Interface အသုံးပြုပုံနှင့် Development Environment Setup လုပ်ပုံအထိ စုံလင်စွာ ဖော်ပြထားသောစာအုပ်

Professional Web Developer


Web Standards, HTTP, HTML5, jQuery, Ajax, PHP/MySQL, Mobile Web

နှင့်

Professional Web Developer တစ်ဦးသိသင့်သမျှစုစည်းဖော်ပြထားသည့်စာအုပ်တစ်အုပ်



Huawei MTK ဖုန်းတွေမှာ သုံးတတ်တဲ့ အားသွင်းစနစ်လေးအကြောင်း


Huawei MTK ဖုန်းတွေမှာ သုံးတတ်တဲ့ 
အားသွင်းစနစ်လေးအကြောင်းပါ
Y325 Y511 G610 G730 တွေမှာ သုံးလေ့ရှိပါတယ်

USB Charging ခေါင်းရဲ့ ပင်နံပါတ် (1) မှာ စတင်ရောက်လာတဲ့ +5V ကို
718 Transistor ရဲ့ ပင်နံပါတ် (4) ဖြစ်တဲ့ Emittor ကို ပေးသွင်းလိုက်ပါတယ်
Charging ကြိုးထိုးထားပီးတိုင်းရင် ပင်နံပါတ် (4) မှာ 5V 
ရှိပါမယ်
PMU (Power IC) က ပေးပို့တဲ့ Charging control signal ကို 
FET တလုံးကို ခလုတ် (switch) အဖြစ် ကြားဖြတ်ခံပြီးမှ 718 ရဲ့
ပင်နံပါတ် (3) ဖြစ်တဲ့ Base ကို ထိန်းချုပ် မောင်းနှင်ပေးပါတယ်
718 ရဲ့ ပင်နံပါတ် 1 2 5 6 လေးပင်က Collector တွေပါ 
Break Down Resistor (R200) တလုံးခံပြီး Battery + ငုတ်ကို တိုက်ရိုက် ချိတ်ပေးထားပါတယ်

ငုတ် ခြောက်ငုတ်ပါတဲ့ 718 က IC ပုံစံလုပ်ထားတဲ့ Transistor တလုံးပါ
ပင်နံပါတ် (4) မှာ ရောက်နေတဲ့ 5V ကို ပင်နံပါတ် (1 2 5 6 ) က တဆင့် အားသွင်းပေးတာပါ
အားသွင်းဖို့ လိုအပ်သလောက် လျှပ်စီးကြောင်းကို 718 Transistor ရဲ့ ပင်နံပါတ် (3) ဖြစ်တဲ့ Base က 
ထိန်းချုပ်ပေးတာပါ

Battery အားဟာ အနဲဆုံးရှိရမယ့်ဗို့အား 3.3V အောက် (lower than miniman volt ) ရောက်သွားခဲ့ရင်
ဖုန်းကို အားသွင်းတဲ့အခါ ပါဝါ ဖွင့်မပေးတော့ပဲ အနီရောင်မီးနီလေး အချက်ပြပြီး အားစသွင်းပါတယ်
အဲဒီအခြေအနေဟာ battery အား နည်းလွန်းတာကြောင့် အားသွင်းပေးတဲ့ လျှပ်စီးကြောင်း 
အများဆုံး လိုအပ်တာဖြစ်လို့ အမြင့်ဆုံးအားသွင်းစီးကြောင်း (High current) နဲ့ အားသွင်းပေးပါတယ်
အားသွင်းနေရင်း battery ဟာ 3.3V ကျော်သွားရင်တော့ ပါဝါပွင့်လာပြီး အားဆက်သွင်းပေးပါတယ်
Battery အားကလဲ အတန်အသင့် ရှိလာပြီဖြစ်လို့ အားသွင်းတဲ့နှုန်းကို လျော့ချလိုက်ပြီး
ပုံမှန်အားသွင်းစီးကြောင်း (Normal current) နဲ့ပဲ ဆက်လက် အားသွင်းပေးပါတယ်
အားသွင်းနေရင်း Battery ဟာ 3.7V အထက်ကို ရောက်သွားရင်တော့
အားပြည့်ကာနီးဖြစ်တဲ့အတွက် အားသွင်းနှုန်းကို ဆက်လက် လျော့ချလိုက်ပြီး
အနှေးဆုံးဖြစ်တဲ့ (Low current) နဲ့ ဆက်သွင်းပေးပါတယ်

718 Transistor ဟာ အားသွင်းစီးကြောင်းကို ထိန်းချုပ်ပေးပါတယ်
718 ပျက်လို့ ဝယ်ရခက်တဲ့အခါ (ကျနော်ကတော့ ကဒ်အပျက်တွေထဲက ရှာထည့်ပါတယ်)
ပင်နံပါတ် (4) နဲ့ (1 2 5 6 ) ကို တိုက်ရိုက်ကျော်ပေးလိုက်ရင် Charging 5V အတိုင်း
battery ကို တိုက်ရိုက်ရောက်သွားမှာဖြစ်လို့ battery အပျက် မြန်ပါလိမ့်မယ်

AC9 သုံးတဲ့ဖုန်းတွေမှာ (1 2 5 6) က တဆင့် AC9 ခံသုံးတတ်ပါတယ်
ပုံမှန်ကောင်းနေတဲ့ ဖုန်းတလုံးဆိုရင် Battery ဖြုတ် Charging ခေါင်းထိုးထားပြီး
Battery ငုတ်တွေမှာ ဗို့တိုင်းကြည့်ရင် 4.2V ခန့် ရှိတတ်ပါတယ်
အားအဝင်နည်းတာ အားမဝင်တာ အားအဝင်ပြပြီး အားမဝင်တာမျိုး ဖြစ်ခဲ့ရင်
718 Transistor လေး ပျက်တတ်ပါတယ်
သူနဲ့ တွဲသုံးတဲ့ သူ့ဘေးက R200 (0.2R) လေးလဲ ပျက်တတ်ပါတယ်

Current Control လုပ်ပေးတဲ့ PNP Transistor ဖြစ်တဲ့ 718 Transistor တိုင်းနည်းကတော့ ပုံမှန် Transistor တိုင်းနည်းနဲ့ အတူတူပါပဲခင်ဗျာ

Credit to Ko Soe Myat Thu

I.C ကူးစက်အသုံးပြုလိုသူများအတွက်(I.C To I.C ကူးနည်း)



ပုံမှာပြထားတဲ့အတိုင်းMASTERနဲ့SLAVEတို့ရှိမယ်

PSI OKစက်မှဖြုတ်ထားသောI.CကိုMASTERနေရာတွင်တပ်ပါ

ကူးယူလိုသောI.C (Memory i.cအလွတ် ဝယ်လို့ရပါတယ်)

ကိုSlaveနေရာတွင်တပ်ပါ။ပုံမှာပြထားသည့်အတိုင်း မှန်ကန်စွာ

တပ်ပြီးလျှင်zip code(မောင်းတံကို အောက်သို့ဖိချပါ)။ပြီး

လျှင်5V adapterဖြင့်ပါဝါပေးလိုက်ပါ။Ledမီးနီလင်းလာမည်။

အဆင်သင့်ဖြစ်ပြီဆိုလျှင် Copy Switchခလုတ်ကိုနှိပ်လိုက်ပါ။

မီးနီငြိမ်းသွားပါမယ်။ခဏစောင့်ပါ။မီးနီပြန်လင်းလာလျှင် ကူးယူ

ပြီးဆုံးသွားပါပြီ။

slaveနေရာမှတပ်ထားတဲ့i .cထဲကိုmemoryများရောက်ရှိသွား

ါတယ်။slaveနေရာမှ i.cကိုသိမ်းထားရပါမယ်။

တခြားi.cကိုပြန်ကူးမယ်ဆိုရင်သိမ်းထားတဲ့I.CကိုMasterနေရာ

ထားပြီးကူးယူပါ။

I.C ကူးစက်အသုံးပြုလိုသူများအတွက်(I.C To I.C ကူးနည်း) ပုံ

မှာပြထားတဲ့အတိုင်းMASTERနဲ့SLAVEတို့ရှိမယ်

PSI OKစက်မှဖြုတ်ထားသောI.CကိုMASTERနေရာတွင်တပ်ပါ 

ကူးယူလိုသောI.C (Memory i.cအလွတ် ဝယ်လို့ရပါတယ်)

ကိုSlaveနေရာတွင်တပ်ပါ။ပုံမှာပြထားသည့်အတိုင်း မှန်ကန်စွာ

တပ်ပြီးလျှင်zip code(မောင်းတံကို အောက်သို့ဖိချပါ)။ပြီး

လျှင်5V adapterဖြင့်ပါဝါပေးလိုက်ပါ။Ledမီးနီလင်းလာမည်။

အဆင်သင့်ဖြစ်ပြီဆိုလျှင် Copy Switchခလုတ်ကိုနှိပ်လိုက်ပါ။

မီးနီငြိမ်းသွားပါမယ်။ခဏစောင့်ပါ။မီးနီပြန်လင်းလာလျှင် ကူးယူ

ပြီးဆုံးသွားပါပြီ။ slaveနေရာမှတပ်ထားတဲ့i .cထဲကို

memoryများရောက်ရှိသွားပါတယ်။slaveနေရာမှ i.cကိုသိမ်း

ထားရပါမယ်။ တခြားi.cကိုပြန်ကူးမယ်ဆိုရင်သိမ်းထားတဲ့I.Cကို

Masterနေရာထားပြီးကူးယူပါ။

-----------------------------------
Credit to Aunghlaing Myint

ဂျစ်​ပစီတား​ရော့​ဗေဒင်​​ဟော​ပြောနည်း


ရေးသားသူ
-
အမျိုးသားစာ​ပေဆုရ တင်​​မော်​(ဓာတု)

စာအုပ်​အမည်

ဂျစ်​ပစီတား​ရော့​ဗေဒင်​​ဟော​ပြောနည်း


ဒီမှာ download ပါ

ရှင်​​စောပု (ချစ်​ဦးညို)

 


စာအုပ်​အမည်​-ရှင်စောပု

ရေးသူ - ချစ်ဦးညို




Credit to မြန်​မာစာအုပ်​များ

ဆေးရုံ၊ တည်းခိုခန်းတွေမှာသုံးတဲ့ ကေဘယ်တီဗွီအကြောင်း



ဆေးရုံ၊ တည်းခိုခန်းတွေမှာသုံးတဲ့ 
ကေဘယ်တီဗွီအကြောင်း
ပြောပြခြင်ပါတယ်
ဆေးရုံတွေရဲ့လူနာအခန်းတိုင်းမှာ တပ်ပေးထားတဲ့
တီဗီတွေကိုကြည့်လိုက်ရင် ၅လိုင်းမှ ၁၀လိုင်းအထိ
မတူတဲ့ channel တွေကို ဖမ်းလို့ရနေပါတယ်။
ဖမ်းစက်မပါပဲ
စကိုင်းနက်လည်းပါမယ်၊ mtv4 လိုင်းထဲကလည်းပါမယ်
တစ်ခြားလိုင်းတွေလည်းပါမယ်။
မသိခင်တုန်းကတော့ ဘယ်လိုလုပ်ထားပါလိမ့်ဆိုပြီး
တွေးမိပါတယ်။

ဒီစနစ်ကတော့ အခန်းတွေများတဲ့ တည်းခိုခန်းတို့အထူးကု
ဆေးခန်းတို့မှာ တပ်ဆင်ဖို့သင့်တော်ပါတယ်။အခန်းတိုင်းကို
စလောင်းဖမ်းစက်တွေ တပ်ဆင်ပေးရမယ်ဆိုရင် မလွယ်ဘူးလေ။
ရုပ်သံအရည်အသွေးကတော့ နည်းနည်းတော့ ကျတာပေါ့
ခု ကျနော်က အဆင့်မမြင့်ပေမဲ့သုံးလို့ဖြစ်နေတဲ့
ဒီ ကေဘယ်လိုင်း စနစ်လေးကို မသိသေးတဲ့သူများကို 
ကျနော်သိတာလေးကို မျှဝေတာပါ။လိုအပ်တာရှိရင်လည်း
သင်ပြပေးပါ။

အခြေခံသဘောတရားကတော့ စလောင်းဖမ်းစက်၊ဒီဗွီဒီ ပလေယာ
တွေက ထွက်လာတဲ့ video singal တွေကို ရေဒီယိုကြိမ်နှုန်း Rf
ဖြစ်အောင်လုပ် ပြီးမှ မတူညီတဲ့ တဲ့ ကြိမ်နှုန်းတွေကို ရောပြီး
ဆိုင်ရာ တီဗွီတွေဆီ တွန်းပို့ပြီး ရောထားတဲ့ လိုင်းတွေကိုပြန်ဖမ်း
တာပါ။ 
ဘာတွေလိုအပ်မလဲ
၁။ စလောင်းဖမ်းစက် (1channel per 1 receiver)
၂။ RF conveter 
၃။ booster 
၎။ splitter 
၅။ တီဗွီ ၊Rf ကြိုးနဲ့ စလောင်းခေါင်းလေးတွေလို့မှာပါ။

စလောင်းဖမ်းစက်
ကိုယ်လွင့်ချင်တဲ့ လိုင်းအရေအတွက်အတိုင်း ဖမ်းစက်ကို 
ဝယ်ရမှာပါ။(1channel ကို 1 receiver သုံးပြီး 
အချိန်တိုင်းဖွင့်ထားရမှာပါ။ စကိုင်းနက်ဖမ်းစက်ဝယ်လည်း
တစ်လိုင်းပဲလွင့်လို့ရမှာပါ။ နှစ်လိုင်းလွင့်ချင်ရင် နှစ်ခုဝယ်ရမှာ
ဒါတောင်တရားမ၀င်ပါဘူး။ဂြိုလ်တုတစ်ခုထဲက လိုင်းတွေကို
လွင့်ရင်တော့ ဗန်းတစ်ဗန်းထဲတပ်ဆင်ပြီး loop အပေါက်က
ခွဲပြီးတပ်ဆင်တာမျိုးတွေ၊ အ၀င်4 ခေါင်းပါတဲ့ LNB ထိပ်ဖူးတွေ
သုံးတာမျိုးတွေ၊၂၂ switch သုံးခွဲတာ H/v ခွဲဖမ်းတာ၊DiseQသုံးတာ
c/ku တွဲတာတွေက လေ့လာပြီးအသုံးချရမဲ့ စလောင်းပညာရပ်တွေပါ။

RF conveter 
အဓိကတာဝန်ကတော့ ဖမ်းစက်အသီးသီးက ထွက်လာတဲ့
ဗီဒီယို လိုင်းကြိုး သုံးကြိုးက လာတဲ့ အချက်အလက်တွေကို
RF ဖြစ်အောင်ပြောင်းပေးတာပါ။ မှတ်မီအုံးမယ်ထင်ပါတယ်
အရင်ခေတ်ဟောင်းတီဗီ တွေမှာ ဗီဒီယို in အပေါက်မပါတော့
အောက်စက်နဲ့ တွဲသုံးဖို့ အတွက် RF conveter တရုတ်ထုတ်
အသေးလေးတွေဝယ်သုံးခဲ့ရဖူးတယ်လေ၊အောက်စက် ထွက်လာ
တဲ့ အ၀ါ အနီ အဖြူ သုံးကြိုးကို အဲ့စက်ထဲထည့် ပြီးမှ တဖက်က
ထွက်လာတဲ့ ကြိုးကို တီဗွီ RF inထဲထည့်ပြီးဖမ်းခဲ့ရတာလေ
အခုတော့ဒီနေရာမှာ တစ်လုံးခြင်းမထည့်ပဲ တစ်channal ကနေ့
10 လိုင်းကို ပြောင်းနိုင်တဲ့ ပြည်တွင်းဖြင့် RF conveter တွေကို
သုံးပါတယ်။
အဆင့်မြင့်တပ်ဆင်မှုမှာတော့ ဖမ်းစက်က ထွက်လာတာတွေကို
တစ်လိုင်းခြင်း modulator RF conveter တွေနဲ့ ပြောင်းပြီးမှ 
combiner ဆီပို့ပြီး ပေါင်းလိုက်တာပေါ့။
ခုတော့ ပြည်တွင်းဖြစ်လေးတွေအဆင်ပြေတော့ အာနဲ့ပဲသုံးလိုက်တယ်
တစ်ချယ်နယ် ကို 15000 နှုန်းနဲ့ အလွယ်ဝယ်လို့ရပါတယ်။အာကိုဖွင့်
ကြည့်ရတာတော့ အောက်စက်တွေ၊ တီဗွီဆားကဒ်တွေထဲက Rf ကျူးနာဗူး
တွေ ကို ဖြတ်ပြီး အဆင်ပြေအောင်မြန်မာ့နည်းနဲ့ထွင်တာမျိုးပါ။
အဆင်ပြေပါတယ်။ အဓိကတော့ ပြောင်းလို့ရလာတဲ့ RF တွေကို တစ်ခုနဲ့
တစ်ခု မထပ်ရအောင်လုပ်တာပါ။

booster 
ကတော့ ပေါင်းပြီးထွက်လာတဲ့ RF ဆင်ဂနယ်တွေကို အဝေးရောက်အောင်
တွန်းပို့ရတဲ့ တာဝန်ကိုထမ်းဆောင်ပါတယ်၊ အခန်းတွေများပြီး
ဝေးပြီးဆိုရင်တော့ တပ်သင့်ပါတယ်။
မတူညီတဲ့ RF - UHF နဲ့ VHF တွေကိုလည်းရောပြီး တွန်းပို့နိုင်ပါတယ်
ဈေးကွက်ထဲမှာ ယိုးဒယား ၊တရုတ်၊ဆိုပြီးအမျိုးမျိုးရှိပြီး ဈေးချိုတဲ့ တရုတ်က
လည်း အလုပ်ဖြစ်တာပါပဲ။၆သောင်းဝန်းကျင်လောက်ရှိမယ်။

splitter 
စပလစ်တာက တော့ booster ကထွက်လာတဲ့ ကြိုးတွေကို အခန်းတိုင်းက
တီဗွီတွေဆီရောက်အောင် ခွဲပေးတာမျိုးပါ။ဈေးပေါပါတယ်

ကြိုးတွေကတော့ စလောင်းကြိုးပဲသုံးပါတယ် rf ကြိုးက အလုံးသေးတယ်
ပြီးရင်တော့ တီဗွီ မှာ ဟိုအရင်က မြန်မာအသံကို အင်တင်နာတိုင်တွေ
ထောင်ပြီး ဖမ်းသလိုမျိုး ပြန်ဖမ်းတာပါပဲ
ရီမုတ်ကနေ တီဗီလိုင်းကြည့်သလိုမျိုးပြန်ဖမ်းတာပါ။ ခုခေတ်ကလေးတွေ
တီဗွီက လိုင်းတောင် မဖမ်းတက်တော့ဘူးနော် ခ်ခ်
ဗီဒီယိုကြိုးနဲ့ကြည့်ရသလိုကွာလတီ မကောင်းပေမဲ့ အဆင်ပြေပါတယ် ။

ခုပြောပြခဲ့တွေက အခန်းနည်းရင် အဆင်မပြေဘူးနော် အခန်းများမှ
လိုင်းတစ်ခုကို ဖမ်းစက်တစ်လုံးထားရပြီး အချိန်တိုင်းဖွင့်ထားရမှာလေ
ဘာဘဲ ပြောပြော ဗဟုသုတ ရတာပေါ့

ပုံလည်းကြိုးစားပမ်းစားဆွဲထားပေးပါတယ်
ကျနော်လည်း ပို့စ်မရေးဖြစ်တာကြာ
ကွန်မန့်တွေမှာ လည်း အပြောင်အပျက်တွေပြောတာများနေလို့
အသုံးဝင်မဲ့ဟာလေး ရွှီးမိပါသည်။ မျက်စီအညောင်းခံပြီး ဖတ်ကြပါစေ ခ်ခ်
အားလုံးအဆင်ပြေပါစေ
hellman (kotamyogyi) 10;36pm

Followers