LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ
*** SIM Card ရဲ့PIN / PUK Lock အကြောင်းနဲ့ Lock ကျရင်ဖြေရှင်းနည်း ***
မသိသေးတဲ့သူတွေအတွက်ပါခင်ဗျာ။
SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုပြောပြချင်ပါတယ်
Beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ရတာပါ....
SIM Card တွေမှာ....
PIN lock နဲ့ PUK lock ဆိုပြီး Sim lockစနစ် (2)နှစ်မျိုးရှိပါတယ်...
ကျွန်တော်တို့ နိုင်ငံမှာ ၁၅သိန်းတန်။ ၅သိန်းတန် ။ ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ.... PIN lock - 12345 လို့သာမှတ်ထားလိုက်ပါ...
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို Cardချိုးပြီးတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim
Card ချိုးထားပြီးတဲ့ Cardအခွံဟာသိမ်းထားရပါမယ်..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီCard အခွံမှာ PUK Code တွေကိုရေးပေးထားပါတယ် ...
Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....
အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့  PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....
SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...ကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....မတိုက်တွန်းပါ....အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကသိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးတဲ့ကဒ်ထဲမှာ ပါပြီးသားပါ...
- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ 
PUK Code
(၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ....
- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ..လုပ်ဖို့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...
ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM Lock ပြောင်းခြင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...
PSI OK ကို မိမိကိုယ်​တိုင်​ တပ်​ဆင်​လိုင်းဖမ်းကြည့်​ကြရ​အောင်
အခုနောက်ပိုင်း မြန်မာပြည်က
ထားပြီ မြန်မာလိုင်း​ရော တစ်ခြား thai လိုင်း​တွေရော
ကြည့်လို့ရတဲ့ free tv လိုင်း​တွေကြည့်လို့ရတဲ့ 
PSI စလောင်းဘမ်း​တွေ
တပ်ဆင်ဖမ်းယူကြည့်ကြတာ အိမ်တော်​​တော်
များမှာ တွေ့ရပါတယ်။ စလောင်းဘမ်းက
ဈေးသက်သာတာရယ် လိုင်ပေါင်း ရာကျော်ကြည့်လို့
တာရယ်ကြောင့် ဝယ်ယူတပ်ဆင်ကြမဲ့
ဘော်ဒါတွေအတွက် မိမိကိုယ်တိုင် 
လိုင်းဘယ်လိုချိန်ရမလဲဆိုတာ မသိသေးတဲ့
ဘော်ဒါတွေအတွက် post တင်ပေးလိုက်တာပါ။
အရင်ဆုံး မိမိဝယ်လာတဲ့စက်ဘမ်း​တွေကို 
တပ်ဆင်လိုက်ပါ။
ထိပ်ဖူး( LNB ) ကို အောက်က ပုံပြထားတဲ့ အတိုင်း
အနည်းငယ်စောင်းပြီ တပ်ဆင်လိုက်ပါ။
ပြီးရင် မိမိစလောင်းတပ်ဆင်မဲ့ နေရာဟာ 
သစ်ပင်တွေ အဆောက်အဦးတွေနဲ့အနည်းငယ် 
ရှင်းလင်း​နေတဲ့ နေရာဖြစ်ရပါမယ်။
နောက်တစ်ခုက စလောင်းဘမ်းလှည့်မဲ့
နေရာ အဓိက ပါ။
 PSI ဘမ်း​တွေက ထိုင်းနိုင်ငံရဲ့ thaicom
ဂြိုလ်တုကနေ လွှင့်ထားတာဖြစ်တဲ့ အတွက် 
သူ့ရုပ်သံလွှင့်ဌာနရှိရာထိုင်းနိုင်ငံ ဘက်ကို 
မျက်နှာမူ ပြီးဘမ်းလှည့်ပေးထားရပါမယ်။
ကိုယ်ကဘမ်းလှည့်တာမသိရင် 
အခြားသူ​တွေ psi ဘမ်း​တွေ လှည့်တဲ့ပုံစံ
အတိုင်းလှည့်ပါ ။အကြမ်းဖျဉ်းသိထားရမှာက
အ​နောက်​​တောင်​ 78´ပါ။
  psi ဘမ်း​တွေ အိမ်နားမှာချိန်​ထားတာ 
မရှိရင် skynet ဘမ်း​တွေ လှည့်ထားတဲ့အတိုင်း
မိမိPSIဘမ်းကိုအရင်​ဆင်​ထားလိုက်​ပါ။
ပြီးရင် လိုင်းဖမ်းဖို့အတွက် PSI RECEIVERကို 
tv နဲ့ ချိတ်ဆက်ပြီး ဖွင့်ပေးပါ။
 ပြီးရင် ရီမုက ok ဆိုတဲ့ နေရာကိုနှိပ်ပေးလိုက်ပါ။
 ဒီလို ဇယား ကွက်လေး တက်လာပါမယ်။
 ဒါဆို MRTV4 နေရာကိုရွေးပြီ OK နှိပ်လိုက်ပါလိုင်း
မတက်သေးပါဘူး။ လိုင်းချိန်ဖို့အတွက် ရီမုက
အောက်ပါပုံပြထားတဲ့နေရာကို 
တစ်ချက်နှိပ်ပေးလိုက်ပါ။
အခုပုံအတိုင်း ဇယားကွက်လေးတက်လာပါမယ်။
အခုပြထားတဲ့ အောက်က လိုင်းဖမ်းနိုင်မှု 
Signal ရာခိုင်နှုန်း
လိုင်းတက်တာ များနိုင်သလောက်များ​အောင်
ဘမ်းကို အနည်ငယ်ဟိုဘက်​ဒီဘက်​ အထက်​​အောက်
လိုက်ချိန်ပေးလိုက်ပါ အနည်းဆုံ55%
အထက်ဖြစ်အောင်ချိန်ပေးလိုက်ပါ။
ချိန်တာ နည်းနေရင်မိုးရွာတဲ့အခါ 
လိုင်းကြည့်မရတာ / မ​ပေါ်တာ
ဖြစ်​တတ်​ပါတယ်​။
 ပြီးရင် ရီမုက Exit နေရာမှာ နှိပ်ပေးလိုက်ရုံပါဘဲ။
SKYNET DTH ​ဈေးနှုန်းများ
SKYNET DTH ​ဈေးနှုန်းများ
SKYNET HD STB "55,000" "45,000" KYATS (Promotion ကာလ June 30 အထိထပ်မံတိုးမြင့်လိုက်ပါသည်)
မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ဝယ်ယူအားပေးနိုင်ရန် (၃၆)လ အရစ်ကျငွေချေစနစ်ဖြင့် HD လိုင်း (၅) လိုင်း အပါအဝင် ရုပ်သံလိုင်း(၁ဝဝ)ကျော်ကို တစ်လလျှင် ၁၃,၅ဝဝ ကျပ်နှုန်းဖြင့်အားပေး ကြည့်ရှုနိုင်ပါသည်။ More...
logo HD Package တစ်လလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် သီးသန့်ဝယ်ယူအားပေးနိုင်ပါပြီ။ More...
logo SN-3 Package ရုပ်သံလိုင်းပေါင်း (၁၀၀) ကျော်ကို မူရင်းဈေးနှုန်း ၃၂၀၀၀ ကျပ်အား ၅၀% Discount ၁၆၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူကြည့်ရှုနိုင်ပါပြီ။ More...
logo SN-9 New Package ရုပ်သံလိုင်းပေါင်း (၈၀) ကို မူရင်းဈေးနှုန်း ၇၀၀၀ ကျပ် Promotion ကာလ June 30အထိ အထူးနှုန်းထား Discount ၆၃၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူကြည့်ရှုနိုင်ပါပြီ။ More...
logo SN-2 Package ရုပ်သံလိုင်းပေါင်း (၇၀) ကျော်ကို မူရင်းဈေးနှုန်း ၁၈၀၀၀ ကျပ်အား ၃၃% Discount ၁၂၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူကြည့်ရှုနိုင်ပါပြီ။ More...
logo SN-1 Package ရုပ်သံလိုင်းပေါင်း (၃၁) လိုင်းကို တစ်လလျှင် ၃၆၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူကြည့်ရှုနိုင်ပါပြီ။More...
သက်ဆိုင်ရာမြို့နယ် RSP များထံတွင် စုံစမ်းမေးမြန်းဝယ်ယူအားပေးနိုင်ပါသည်။                  Hot Line : 01-9010220 , 01-9010221 , 01-9010222 , 01-9010223 , 01-9010224
SKYNET DTH စက်​များ၏ ဖန်းဝဲလ်​များ
SKYNET DTH စက်​များ၏ ဖန်းဝဲလ်​များ
လူကြီးမင်းတို့၏ စက်များကို USB ဖြင့် Upgrade ပြုလုပ်နိုင်ရန် 
အောက်ပါ Linkများ တွင် 
Download ပြုလုပ်နိုင်ပြီဖြစ်ပါသည်။
USB အတွင်းတွင် Folder တည်ဆောက်ပေးရန်မလိုပါ။ 
Download ပြုလုပ်ပြီး USB အတွင်းသို့ ကူးယူ၍ 
Update ပြုလုပ်နိုင်ပြီဖြစ်ပါသည်။
(မှတ်ချက်၊ ၊ HD နှင့် SD file မတူပါ။ USB တစ်ခုအတွင်း 
အတူတကွထည့်သွင်းထားခြင်း မပြုပါနှင့် File နာမည်အား
ပြောင်းလည်းခြင်းမပြုပါ
ရန် မေတ္တာရပ်ခံအပ်ပါသည်။)
USB Update ပြုလုပ်ပုံ အဆင့်ဆင့်မှာ အောက်ဖော်ပြပါ
အတိုင်းဖြစ်ပါသည်။
၁. UPDATE ပြုလုပ်ပုံ USB ကို စက်၏ နောက်တွင်
တပ်ဆင် (USB DETECT ပေါ်လာပါလိမ့်မည်)
၂. Remote မှ MENU ကိုနှိပ်ပါ။
၃. ထို့နောက် USB Menu သို့ ၀င်ပါ။
၎. USB Menu ထဲမှ USB Upgrade ကို ရွေးချယ်ပါ။
SET TOP BOX မှ အလိုလျောက် UPDATE ပြုလုပ်ပါလိမ့်မည်။
(မီးခလုတ်ပိတ်ခြင်းများကို မပြုလုပ်ပါနှင့်)
KHDS 862
KHDS-862 (New Device)
Download
 sd sn 8600
SD SN-8600 (SN-8218 နှင့်ပုံစံဆင်တူသော်လည်း နောက်တွင် HDMI အပေါက်မပါဝင်ပါ။)
Download
 hd sn s8218
8218
HD SN-8218 (စက်၏မျက်နှာစာတွင် 1080p HDMI အမှတ်အသားပါရှိပါသည်။)
Download
 hd nl s3601
HD NL-S3601 (အနက်ရောင်ဖြစ်ပါသည်။)
Download
nl s3381
SD NL-S3381 (စက်၏ဘယ်ဘက်မျက်နှာစာထောင့်တွင် ဖေါ်ပြထားပါသည်။)
Download
nl s 3560
SD NL-S3560 102 Remote Control ငွေရောင် (စက်၏ဘယ်ဘက်မျက်နှာစာထောင့်တွင် ဖေါ်ပြထားပါသည်။)
Download
nl s 3560
SD NL-S3560 101 Remote Control အမဲရောင် (စက်၏ ဘယ်ဘက်မျက်နှာစာထောင့်တွင် ဖေါ်ပြထားပါသည်။)
Download
လောကနီတိ ( တက်​တိုး )
English,Myanmar နှစ်​ဘာသာဖြင့်
ရေးသားထာ​သော
စာအုပ်အမည် – လောကနီတိ
ရေးသားသူ – တက်တိုး
အရွယ်​အစား - 7.77 Mb
ဥပုသ်အကြောင်းသိကောင်းစရာ
ဥပုသ်ဟူသော စကားလုံးသည် ဥပေါသထဟူသော ပါဠိ
မှ ဆင်းသက်လာတာဖြစ်ပါတယ်။
ဥပေါသထကို ဥပ + ၀သထ လို့ခွဲခြားသတ်မှတ်ပါတယ်။
ဥပ - သူ့အသက် မသတ်ခြင်း ၊ သူ့ပစ္စည်းဥစ္စာမခိုးယူခြင်း စသော အကျင့်ကောင်း အကျင့်မြတ်တို့ကို ပြည့်စုံကောင်းမွန်စွာ ဆောက်တည်ကျင့်သုံးခြင်း။
ဝသထ - နေထိုင်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။
ဥပုသ်စောင့်သုံးပုံအစီအစဉ်
********************
ဥပုသ်စောင့်သုံးပုံအစီအစဉ်ကို ဆရာတော်အရှင်ဇနကဘိဝံသ ရေးသားသော ရတနာဂုဏ်ရည် စာအုပ်တွင် အောက်ပါအတိုင်း ရေးသားလမ်းညွှန်ထားပါတယ်။
(၁) န်ဥပုသ်စောင့်မည်ဟု ကြံစည်သောသူတော်စင်သည် ဥပုသ်စောင့်သည့်အခိုက်၌ အိမ်မှုကိစ္စတွေဆောင်ရွက်ခြင်းငှာ မသင့်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှပြီးစီးအောင် စီမံထားရာ၏။
(၂) ချက်ပြုတ်ကျွေးမွေးမည့်သူ အဆင်သင့်ရှိနေလျင် နက်ဖန်မိမိစားဖို့အတွက် ပြောပြစီမံထားရာ၏။ (ဥပုသ်စောင့်သည့်အခိုက် အခါတိုင်းထက်ကောင်းမွန်အောင် စားဖို့ကား မစီမံသင့်ပေ)
(၃) ချက်ပြုတ်ကျွေးမွေးမည့်သူမရှိလျင် နက်ဖန်ကိစ္စနည်းအောင် ပြီးစီးအောင် ၊ စားဖွယ် သောက်ဖွယ်များကို ပြီးစီးအောင် စီမံထားရာ၏။
(၄) န်နံနက်အာရုဏ်တက်ချိန်ကပင် ကိုယ်လက်စင်ကြယ်အောင်ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသောအ၀တ်ကို ၀တ်ဆင်ရာ၏။
(၅) ပန်းပန်မှု ၊ နံ့သာလိမ်းချယ်မှုနှင့် အထူးတလည် ပြင်ဆင်မှုများကို မပြုလုပ်ရာ။
(၆) ထို့နောက် ခပ်စောစော သီလကိုဆောင့်တည်ရာ၏။
(၇) သီလဆောက်တည်ပြီးလျင် ကျွေးမွေးလှုဒါန်းဖွယ်ကိစ္စရှိပါက ပြုလုပ်၍ မရှိပါက မိမိအတွက် သင့်တင့်ရုံသာစီမံ၍ စားသောက်ရာ၏။
(၈) ကျွေးမွေးစားသောက်ပြီးလျင် ကိုယ်လက်မစင်ကြယ်ပါက စင်ကြယ်လာအောင် ရေချိုးရာ၏။
(၉) ထို့နောက် မိမိတစ်ဦးတည်း နေသင့်သူများဖြစ်လျင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့်နေသင့်သူဖြစ်က သဘောတူအဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာအရပ်၌ ဗြဟ္မ္မဥပုသ်ကိုစောင့်လိုလျင် ဘုရားဂုဏ်တော်ကို အာရုံပြု၍` နေရာ၏။
(၁၀) တာရှည်စွာဆင်ခြင်၍ မနေနိုင်လျင် တရားစာများကို ဖတ်ရှုနေရာ၏။
(၁၁) နည်းလမ်းကျကျ ဟောပြောပြသည့် ပုဂ္ဂ္ဂိုလ်ရှိလျင် တရားနာရာ၏။
(၁၂) အချင်းချင်းလည်းတရားစကား ဆွေးနွေးမေးမြန်းစူးစမ်းရာ၏။
(၁၃) ညဥ့်အချိန်သို့ရောက်သောအခါ မိမိသီလကိုပြန်၍` ဆင်ခြင်ပြီးလျင် အရိယာသူတော်ကောင်း ရဟန္တာ္တအပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
ဥပုသ်အမျိုးအစား (၆) မျိုး
*******************
ဥပုသ်စောင့်ရင်း ဆင်ခြင်နေထိုင်ကျင့်သုံးပုံကို တိကင်္ဂုတ္တရ အဋ္ဌကထာ ၊ ၀ိသာခဥပေါသထသုတ်မှာ ဥပုသ်အမျိုးအစား (၆)မျိုးနဲ့ပြဆိုထားပါတယ်။
(၁) ဗြဟ္မ္မုပေါသထ - ဗြဟ္မ္မဥပုသ်
ရှစ်ပါးသီလဆောက်တည်ကာ ဘုရားရှင်၏အရဟံ အစရှိသော ဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများ နေထိုင်ခြင်းဖြစ်သည်။
(၂) ဓမ္မုပေါသထ - ဓမ္မဥပုသ်
ဓမ္မဥပုသ်ဆိုသည်ကား သွာက္ခာတော ဘဂ၀တာ ဓမ္မော အစရှိသော တရားဂုဏ်တော်များကို အဖန်ဖန်ဆင်ခြင်ပွားများနေထိုင်သော ဥပုသ်ဖြစ်သည်။
(၃) သံဃုပေါသထ - သံဃဥပုသ်
သုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ အစရှိသော သံဃာဂုဏ်တော်များကို ဆင်ခြင်ပွားများရင်ဆောက်တည်သော ဥပုသ်ဖြစ်၏။
(၄) သီလုပေါသထ - သီလဥပုသ်
မိမိဆောက်တည်ထားသောသီလ မကျိုးမပေါက်အောင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မှု့ကို အဖန်ဖန်နှလုံးသွင်း ဆင်ခြင်ပွားများနေထိုင်သောဥပုသ်ကို သီလဥပုသ်လို့ခေါ်ပါတယ်။
(၅) ဒေ၀တုပေါသထ - ဒေ၀တာဥပုသ်
ဘုန်းရှင် ကံရှင် နတ်ဗြဟ္မ္မာများမှာ ရှေးရှေးဘ၀များက သီလစသောကောင်းမှုတရားများကြောင့် နတ်ဗြဟ္မ္မာများဖြစ်ခဲ့ကြရသည်။ ငါ့မှာလည်းယခုအခါ သဒ္ဓါ ၊ သီလဂုဏ်စသော ကောင်းမြတ်သောအကျင့်ဂုဏ်တို့ဖြင့် ပြည့်စုံနေပါပေစွ ဟူ၍ နတ်ဗြဟ္မ္မာတို့၏ ရှေးကအကျင့်ဂုဏ်ကို အခြေပြုလျက် နေထိုင်ဆင်ခြင်သုံးသပ်သော ဥပုသ်ကို ဒေ၀တုပေါသထ ဥပုသ်လို့ခေါ်ပါတယ်။
(၆) အဋ္ဌင်္ဂုပေါသထ - ရှစ်ပါးသီလအားလုံးကိုဆင်ခြင်သောဥပုသ်
ရဟန္တာ္တ အရှင်မြတ်တို့ကား သတ္တ၀ါများအား ၊ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှု မရှိသလို ငါသည်လည်းယနေ့အခါ ထို ရဟန္တာ္တတို့လို နေထိုင်အပ်ပေပြီ.. စသည်ဖြင့်ပါဏာတိပါတမှ စ၍ရှစ်ပါးသီလ သိက္ခာပုဒ်များအားလုံး ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးနေထိုင်မှုကို ဆင်ခြင်ပွားများအောက်မေ့ကာ နေထိုင်သောဥပုသ်ကို အဋ္ဌင်္ဂုပေါသထဥပုသ်လို့ခေါ်ဆိုပါတယ်။
(၈)ပါးသီလ
*********
(၁) ပါဏာတိပါတာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၂) အဒိန္နာဒါနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၃) အဗြဟ္မစရိယာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၄) မုသာဝါဒါ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၆) ၀ိကာလဘောဇနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၇) နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၈) ဥစ္စာသယန ၊ မဟာသယနာ ၊ ဝေရမဏိ သိက္ခာပဒံ ၊ သမာဒိယာမိ။
(၈)ပါးသီလ၏အနက်အဓိပ္ပါယ်
********************
(၁) ပါဏာတိပါတာ - သူတပါး၏အသက်ကို သတ်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။
(၂) အဒိန္နာဒါနာ - အရှင်သည် ကိုယ် ၊နှုတ်ဖြင့် မပေးအပ်သော ၊ သူတပါးဥစ္စာခိုးယူခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။
(၃) အဗြဟ္မစရိယာ - မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။
(၄) မုသာဝါဒါ - မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။
(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ - ကုသိုလ်ကောင်းမှု့၌ မေ့လျော့ခြင်း၏အကြောင်းဖြစ်သော ၊ သေရည်သေရက်ကိုသောက်သုံးခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။
(၆) ၀ိကာလဘောဇနာ - နေ့လွဲညစာ စားခြင်းမှ ၊ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။
(၇) ၊ နစ္စ ၊ဂီတ၊ ၀ါဒိတ ၊ ၀ိသုက ၊ ဒဿန ၊ မာလာဂန္ဒ ၊ ၀ိလေပန ၊ ဓာရဏ ၊မဏ္ဍန ၊ ၀ိဘူသနဋ္ဌာနာ - ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ တို့ကိုကြည့်ရှု့နားထောင်ခြင်း ၊ ပန်းပန်ခြင်း ၊နံ့သာလိမ်းကျံခြင်း ၊ နံ့သာတို့ဖြင့် ပြေပြစ်အောင်ပြုပြင်ခြင်း၏အကြောင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။
(၈) ဥစ္စာသယန ၊ မဟာသယနာ - မြင့်သောနေရာ ၊ မြတ်သောနေရာထက်၌နေခြင်းမှ ၊ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရာရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို ၊ သမာဒိယာမိ -ကောင်းစွာဆောက်တည်ပါ၏။
သီလစောင့်ထိန်းခြင်းအကျိုး
********************
သီလစောင့်ထိန်းခြင်းကြောင့်အကျိုးကျေးဇူးများပုံကို မဟာဗုဒ္ဒ၀င်ပထမပိုင်း ပါရမီတော်ခန်း သီလပါရမီခန်းမှာ ယခုလိုပြဆိုထားပါတယ်။
(၁) မမေ့မလျော့ခြင်း အပ္ပမာဒတရားအခြေခံရှိသောကြောင့် စည်းစိမ်ဥစ္စာတိုးပွားခြင်း။
(၂) ကောင်းသတင်း ကျော်ဇော်ခြင်း။
(၃) ပရိသတ်အလယ်ရဲဝံ့တည်ကြည်စွာ ချဉ်းကပ် ၀င်ရောက်နိုင်ခြင်း။
(၄) သက်တမ်းစေ့နေရကာ မတွေမဝေ ကောင်းမွန်စွာသေရခြင်း။
(၅) သေပြီးနောက် လူ့ပြည် နတ်ပြည် စသောကောင်းရာသုဂတိဘ၀များ ရောက်ရခြင်း
စသည့်ကောင်းကျိုးတရား ငါးပါးရရှိစေပါတယ်။
ထိုမျှမက ဥပုသ်စောင့်ထိန်းခြင်း၏ကောင်းကျိုးတရားများပုံကို မြတ်စွာဘုရားသည် သာဝတ္တိံပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးစဉ် ကျောင်းအမကြီး ၀ိသာခါအား ဤသို့ဟောကြားတော်မူခဲ့၏။
“ ၀ိသာခါ ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကိုစောင့်သုံးရခြင်းကား အကျိုးအာနိသင်အလွန်ကြီးမားလှ၏။ အဘယ်မျှကြီးမားသနည်းဟူကား… ရတနာအမျိုးမျိုး ပြည့်ဖြိုးကြွယ်ဝသည့် တိုင်းကြီး ၁၆ တိုင်းကိုအစိုးရသော စကြာမင်းကြီး၏စည်းစိမ်သည် ဥပုသ်စောင့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့်အကျိုး၏ ၁၆ စိတ်၊ စိတ်၊ တစ်စိတ်ကိုမျှမမီနိုင်ပေ။
တနည်းကား… ၂၅၆ စိတ် စိတ် တစ်စိတ်ကိုမျှ မမှီနိုင်ချေ။အဘယ်ကြောင့်ဆိုသော် ဥပုသ်စောင့်ခြင်းကြောင့် ကာမသုဂတိဖြစ်သော နတ်ဘုံ နတ်ချမ်းသာ နတ်စည်းစိမ်ကို အလွယ်တကူပင်ရရှိသောကြောင့် ဖြစ်သည်။ လူ့စည်းစိမ်လောက်ကား ဆိုဖွယ်မရှိချေ ”
( ဥပုသ်နေ့မှာ ဥပုသ်သီတင်းဆောက်တည်ဖို့ ဓမ္မမိတ်ဆွေအပေါင်းအား နှိုးဆော်အသိပေးအပ်ပါတယ်။ ဖတ်မိ မှတ်မိ လေ့လာမိသမျှ ဗုဒ္ဒ၏အဆုံးအမစကားများအား ပြန်လည်မျှဝေလိုက်ပါတယ်
Credit to Original Uploader
Adobe PageMaker 7.0
မြဝတီမင်းကြီးဦးစ ( ၁၁၂၈-၁၂၁၄)
မြဝတီမင်းကြီးဦးစ ( ၁၁၂၈-၁၂၁၄)
တိုင်းပြည်ရေးရာ စီမံ ခန့်ခွဲမှုတွင် ကျွမ်းကျင် 
ကျေပွန်သော ပြည်ကြီး ဦးကင်း ၀န်ကြီး အဖြစ်
လည်းကောင်း ရှေ့နောက်အမြော်အမြင်ဗဟုသုတ
 ပြည့်စုံကုံလုံ၍ စာပေကျမ်းဂန် နှံ့စပ်သည် သာမက
 သဘောထားကြီးမားလှသော ပြည်ကြီးမျက်စိ 
ပညာရှိကြီးအဖြစ်နှင့်လည်းကောင်း ရွပ်ရွပ်ချွံချွံတပ်
ချီတိုက်ခိုက်သော ပြည်ကြီးလက်ရုံး စစ်ဗိုလ်ချုပ်ကြီး
အဖြစ်နှင့်လည်းကောင်း နန်းတွင်းဇာတ် 
ကဗျာလင်္ကာနှင့် ဂီတ သီချင်းကြီးများကို ထူးကဲစွာ 
သာယာနာပျော်အောင် ဖွဲ့နွဲ့သီကုံးသည့် ပြည်ကြီးနှလုံး
က၀ိစာဆိုကြီးအဖြစ်နှင့်လည်းကောင်း အဖက်ဖက်မှ
ထူးချွန်ပြောင်မြောက်ခဲ့သည့် မြ၀တီမင်းကြီး ဦးစသည် 
မြန်မာတို့၏ နိုင်ငံသမိုင်း စာပေသမိုင်း 
အနုပညာသမိုင်းတို့တွင် စံတင်ရအောင် ထင်ရှားကျော်
ကြားလှ၏။
အလုံမြို့မြောက်ဘက် မောက်တက်ရွာနေ 
နောက်တော်ပါ မြင်းစီးကြီးသား ဦးပေါက်ကျော် နှင့် 
အမတ်ကြီး ဗညားကျန်းဒေါမြေး မငြိမ်းသာတို့က 
စစ်ကိုင်းမြို့အနောက် မိချောင်းတက်ရွာတွင် ၁၁၂၈ ခု
သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် အင်္ဂါနေ့တွင် 
ဖွားမြင်သည်။ အသက် ၆ နှစ်တွင် အဘဆုံး၍ အသက်
၁၁ နှစ်ခန့်ရှိလျှင် အင်းဝမြို့ မဲထီးဆရာတော် 
ဦးပရမကျောင်းတွင် သာမဏေပြု၍ စာပေသင်ကြား
သည်။ ရှင်သာမဏေမှ လူထွက်လာသောအခါ 
မောင်စသည် စစ်ကိုင်းမြို့ ပန်းထိမ်ဝန်ဟောင်း 
ဦးညွန့်၏သမီး မအေးနှင့် သင့်မြတ်ရာ ပန်းထိမ်အလုပ်
ရွှေကျောက်ရောင်းဝယ်သော အလုပ်ကို ၁၉ နှစ်ခန့် 
အရွယ်တိုင်အောင် လုပ်ကိုင်သည်။ မယားမအေး သေ
ဆုံးသွားသောအခါ ဘိုးတော်မင်းတရားကြီး၏ လက်ဝဲ
ဆိုင်းအမှုထမ်း ဆိုင်းဆရာကြီး ဦးတရုတ်ထံတွင် 
ကြေးဝိုင်းတီးခဲ့သည်။ ထိုနောက် အမရပူရမြို့တော်၌
အိမ်ရှေ့စံ ရွှေတော်မင်း၏ အိမ်ရှေ့သံဆင့် လက်ယာပျံ
ချီထံတွင် အမှုထမ်းလေသည်။ ထိုအချိန်မှစ၍ စာပေ
ကျမ်းဂန်များကို နှံ့စပ်စွာ လေ့လာဖတ်ရှု၍ ကဗျာလင်္ကာ
ဖွဲ့သီခြင်း အစပျိုးခဲ့သည်။ ၁၁၀၅ ခုနှစ်တွင် ဇေယျသင်္ခ
ယာဘွဲ့ခံ အိမ်ရှေ့အတွင်းဝန်သည် ဦးစအား အိမ်ရှေ့စံ 
ရွှေတောင်မင်းထံတွင် အရည်အချင်းကို လျှောက်ထား
ဆက်သွင်းသဖြင့် အမှုတော်ထမ်းစဉ် ပျို့ကဗျာ အရေး
အသားတို့ထက်မြက်၍ နာမည်ကျော်စပြုလာခဲ့သည်။
အိမ်ရှေ့ဘုရားက အယုဒ္ဓယတိုင်း အရပ်ရပ်ဒဏ္ဍာရီ
ဇာတ်တို့ကို တီးကွက် ဇာတ်ချင်းများနှင့်တကွ
ဘာသာပြန်ဆိုစေရာ ဝေပုံကျ တာဝန်ယူ၍
ရေးသားဆက်သွင်းခဲ့သည်။ အိမ်ရှေ့မင်းထံ
အမှုထမ်းစဉ် ဇေယျသင်္ခယာဘွဲ့နှင့် ဗြဲတိုက်
သံဆင့်ရာထူးရခဲ့သည်။ အိမ်ရှေ့ဘဏ္ဍာစာရေး 
ခန့်အပ် ခံရသည်ဟုလည်း အဆိုရှိသည်။ 
၁၁၆၇ တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် 
ရှေးအစဉ်အဆက်က ပသခဲ့သော ၃၇ မင်းနတ်တို့ကို 
ပွဲကနားပေးရာ၌ ကခုန်သည့် အချက်အလက်တို့ကို 
စုဆောင်းစေရာ ဆိုင်းတီးဆရာ ဦးမြတ်သာနှင့်တကွ 
ငယ်ဆရာဦးတရုတ်တို့ကို မေးမြန်းရလေသည်။
၁၁၇၀ ပြည့်နှစ် အိမ်ရှေ့မင်း နတ်ရွာစံလေသော် 
ဘိုးတော်မင်းတရား၏ မြေးတော် စစ်ကိုင်းမင်းသည် 
အိမ်ရှေ့အရာကိုရလေသည်။ ထိုအခါ ဦးစသည် 
အိမ်ရှေ့သံဆင့်နှင့် ပြည်လုံးယူ လှေမှူးရာထူးကို ရလေ
သည်။ စစ်မှုရေးရာဘက်တွင် ပထမဆုံးခန့်အပ်ခံရခြင်း
ပင်ဖြစ်သည်။ ထိုနောက် အိမ်ရှေ့အတွင်းဝန်အဖြစ်
အမှုတော် ထမ်းရွက်နေစဉ် နေမျိုးဇေယျသူရ ဘွဲ့ကို ရရှိ
သည်။ ၁၁၇၅ ခုနှစ်တွင် မဏိပူရပြည် ကသည်းမဟာ
ရာဇာ ပုန်ကန်သည်ကို တမူးကြောင်းက ချီတက်
တိုက်ခိုက်ရသည်။ အောင်မြင်ပြီး နေပြည်တော်
ရောက်လေသော် တော်ဆောင်တော်ရွက်များ 
သနားတော်မူခံလေသည်။
၁၁၈၁ တွင် ဘိုးတော် မင်းတရားကြီး နတ်ရွာစံလေ
သော် မြေးတော် စစ်ကိုင်းမင်း( ဘကြီးတော်) နန်းတက်
သောအခါ သီရိမဟာဇေယျသူရဘွဲ့နှင့် နန်းတော်ကြီး
အတွင်းဝန် ခန့်တော်မူလေသည်။ ၁၁၈၂ ခုနှစ်တွင် 
၃၇ မင်းနတ်စဉ် အမျိုးအမည် ဆင်ယင်ပသနည်း 
တီးမှုတ်နည်းနှင့် နတ်သံများကို ရွှေနန်းတော်သို့ 
ရေးမှတ်အစီရင်ခံရလေသည်။ မပြီးပြတ်သေးသော
ဣန္ဓာဝုဓ(အီနောင်) နန်းတွင်းဇာတ်ကို အပြီးသတ်လေ
သည်။ ဤမင်းလက်ထက်တွင် သဘင်ဝန် ဦးသော်နှင့်
အတူ မြန်မာ့ရုပ်သေးသဘင်ကို ကြံဆသည်ဟု အမှတ်
အသားရှိလေသည်။
၁၁၈၅ ခုနှစ်တွင် နတ်မြစ်အနီး ရှင်မဖြူကျွန်းကို အင်္ဂလိပ်
တို့က အလံစိုက်သဖြင့် မင်းကြီးမဟာသီဟသူရဘွဲ့ကို
ခံယူကာ မဟာဗန္ဓုလနှင့်အတူ ပန်းဝါသို့ ချီတက်ရလေ
သည်။ အင်္ဂလိပ်တို့ကို အောင်မြင်ပြီးနောက် မိုးကျလာ
သည်နှင့် ဖလောင်းချိပ်အရပ်တွင် တပ်စွဲနေလေသည်။
၎င်းကား ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲဖြစ်လေသည်။ 
ထိုအခါ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ကို တိုက်ခိုက်
သောကြောင့် မဟာဗန္ဓုလက ချီတက်တိုက်ခိုက်ရသည်။
ဦးစသည် ဓည၀တီမှ စီမံခန့်ခွဲလျက်ရှိစဉ် ဓနုဖြူ
တပ်ပျက်သည်နှင့် စလင်းမြို့သို့ ဆုတ်ခွာပေးရသည်။
၁၁၈၇ တွင် ရန္တပိုစာချုပ် ချုပ်ဆို၍
စစ်ပြေငြိမ်းရလေသည်။
အမေရိကန်လူမျိုး သာသနာပြုဆရာကြီး ယုဒသန်သည်
 ဦးစနှင့် ကောင်းစွာ သိကျွမ်းသည်။ ယုဒသန်က ဦးစ
သည် ဥာဏ်အမြော်အမြင်ပြည့်စုံကြောင်း ပညာရပ်များ
တွင် မြန်မာတို့ထက် ဥရောပတိုက်သားများက
ကျွမ်းကျင်သဖြင့် မြန်မာနိုင်ငံတွင် သင်ကြားစေချင်
ကြောင်း ဗြိတိသျှတို့နှင့် စစ်ပြုသဖြင့် မြန်မာတို့ 
ဆုံးရှုံးနစ်နာ၍ အေးချမ်းစွာ ဆက်ဆံလိုကြောင်း 
မှတ်တမ်းတင်ခဲ့သည်။ မောင်စသည် နာဂရီ အက္ခရာကို
ရေးတတ်၍ ဟင်ဒီဘာသာစကားကိုလည်း အနည်း
ငယ်ပြောတတ်သည်။ ကသည်းစကားကိုလည်း 
အနည်းငယ် တတ်ကျွမ်းသေးသည်။
၁၁၉၁ ခုနှစ်တွင် အိန္ဒိယ ဘုရင်ခံချုပ်သည် ကဘော်
မြစ်ဝှမ်းဒေသကို မဏိပူရစော်ဘွား ဂမ္ဘီရာရှိန်အာ
မေဂျာဗားနေးမှ တစ်ဆင့် အပြင်းအထန် ကန့်ကွက်
ပြောဆိုပြီး ပြေလည်စွာ ပြီးဆုံးသွားခဲ့သည်။ ဤသို့ 
အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်သော စစ်သားစာ
ဆိုကြီးအား နန်းတော်တွင်းတွင် စစ ဟု အမြတ်တနိုး
ခေါ်ဝေါ်ကြလေသည်။ 
၁၁၉၉ ခုနှစ်တွင် သာယာဝတီမင်း နန်းတက်သောအခါ 
ဦးစတို့ လူစုကို ထောင်သွင်း အကျဉ်းချထားလေသည်။
သာယာဝတီမင်းအား ‘ကုန်းဘောင်ပရမေ ဇေယျာဘိ’ ချီ
ဘုန်းတော်ဘွဲ့ ပတ်ပျိုးကို စီကုံးဆက်သသောကြောင့် 
အကျဉ်းမှ လွတ်ပြီး မဟာသီရိဇေယျသူရ ဘွဲ့ကိုရ၍ 
မြင်းတင်အခွန်ကိုလည်း သနားတော်မြတ်ခံရသည်။
သို့သော် တစ်လအကြာတွင် ထပ်မံ အကျဉ်းချ ခံရ
ပြန်ရာ ‘ ကုန်းဘောင်နေမင်း ဘုန်းရောင်ဝေရှင်း’ 
သီချင်းကို ရေးသားဆက်သွင်းသဖြင့် ထောင်က 
လွတ်တော်မူလေသည်။
၁၁၂၀ ပြည့်နှစ်တွင် မင်းတုန်းမင်းသားက ဦးစ အသက်
 ၂၅ နှစ်မှ ၈၃ နှစ်ထိ ရေးသား ပြုစုခဲ့သော သီချင်းအမျိုး
မျိုးကို စုဆောင်းရမည် အမိန့်တော်ရှိသဖြင့် စုဆောင်း
ခဲ့သော စာစုမှာ မန္တလေးမြို့ အငြိမ်းစား သစ်တော
အရေးပိုင်မင်း ဦးမောင်မောင်ကျော်ထံတွင် ရှိလေသည်။ 
ဦးစ ရေးသားခဲ့သော ပတ်ပျိုးတို့မှာ ယနေ့တိုင် ထူးခြား
သစ်လွင်လျက် ရှိလေသည်။ သာဆန်းရဂုံဗွေ၊ 
ဘုံပျံနေနန်း၊ မှိုင်းမှုန်ပြာဝေ၊ အထူးထူးငယ်နှင့်၊ 
သာတင့်ဆုံး၊ စိန်ခြယ်ခြူးသန်း၊ စိန်မြလျှံချယ် အစရှိသော
 ပတ်ပျိုးများဖြစ်သည်။ ဦးစ၏ ယိုးဒယား သီချင်းများကို 
နှဲသွား၊ ချူချာ၊ ယိုးဒယားကြေးသွားဟု ခွဲခြားထားလေ
သည်။ အိုသာတင့်ဆုံးလေ နှင့် လွမ်းပိုအောင်ညိုမင်း
လွင်ချီ သီချင်းများမှာ ကျော်ကြားသည်။ ကြိုးသီချင်းများ
တွင် ဘုံဆောင်မြင့်ချီ ဖောင်လားကြိုး၊ ဇေယျာမြို့ချီ 
ဖောင်ငင်ကြိုး၊ စိမ်းလဲ့လဲ့ညိုပြာချီ ဖောင်ဆိုက်ကြိုး သုံးပုဒ်
နှင့် သာနိုးပျော်ဖွယ် ကြိုးငါးပုဒ်ကို ရှေးတေးသွားများအ
လိုက် ဖွဲ့နွဲ့ခဲ့သည်။ ဘွဲ့သီချင်းများတွင် ဂန္ဓမာတောင်ချီ 
နတ်ပန်းဘွဲ့နှင့် ဥကင်ဘုံမြင့်သီဟာဗွေချီ ပလ္လင်ရှစ်ခန်းဘွဲ့တို့မှာ ကျော်စော၏။ ဘကြီးတော် အင်းဝမြို့တွင်
စံနေစဉ် တစ်ခုသော ညဥ့်ညီလာခံတွင် စွယ်တော်
ဘုရားမှ ရောင်ခြည်တော်လွှတ်ရာ ထူးမခြားနား ပတ်သီ
ချင်းခံကြီးကို ရေးသားခဲ့သည်။ သာယာဝတီမင်းလက်
ထက်ရေး ထောင်ရောင်နေကသာ၊ စုံသာမြိုင်လယ်၊
 ဇေယျာရွှေမြေ သီချင်းခံတို့လည်း ထင်ရှားသည်။ 
စိန်ခြယ်ညီးလင်းချီ ဥက္ကလာပပြန် မွန်သံသီချင်း၊
မြင်းခင်းသဘင် ကူလီသဘင်များတွင် ဆက်သွား
ရသော တျာချင်းများ၊ လယ်ထွန်မင်္ဂလာသီချင်းများ၊ 
နတ်ယိုင်သံများ စသည်ဖြင့် သီချင်းအမျီုးပေါင်း 
များစွာရေးသားခဲ့သည်။
မြ၀တီမင်းကြီး ဦးစသည် ဆင်ဖြူရှင် မင်းတရားကြီးလက်
ထက်မှ မင်းတုန်းမင်းတရားကြီး လက်ထက်တိုင် 
မင်းရှစ်ဆက်ကို မီလိုက်သော အသက်ကိုးဆယ်နီးပါး
 နေရသည့် စစ်သား စာဆိုကြီး ဖြစ်သည်။ ပထမ
 မောင်းထောင်ဆရာတော်၊ တွင်းသင်းတိုက်ဝန် 
မဟာစည်သူ၊ ရာမရကန်ဦးတိုး၊ ကျည်းကန်ရှင်ကြီး 
နန္ဒဓဇ၊ တောပုရှင်ဥက္ကံသမာလာ၊ မုံရွေးဆရာတော်၊ 
မင်းဘူးဦးဩဘာသ၊ ဒုတိယန၀ဒေး စသော ပုဂ္ဂိုကျော်
တို့မှာ မြ၀တီမင်းကြီးနှင့် တစ်ခေတ်တည်း ပေါ်ပေါက်ခဲ့
သူများ ဖြစ်သည်။
Followers