LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

Huawei MTK ဖုန်းတွေမှာ သုံးတတ်တဲ့ အားသွင်းစနစ်လေးအကြောင်း


Huawei MTK ဖုန်းတွေမှာ သုံးတတ်တဲ့ 
အားသွင်းစနစ်လေးအကြောင်းပါ
Y325 Y511 G610 G730 တွေမှာ သုံးလေ့ရှိပါတယ်

USB Charging ခေါင်းရဲ့ ပင်နံပါတ် (1) မှာ စတင်ရောက်လာတဲ့ +5V ကို
718 Transistor ရဲ့ ပင်နံပါတ် (4) ဖြစ်တဲ့ Emittor ကို ပေးသွင်းလိုက်ပါတယ်
Charging ကြိုးထိုးထားပီးတိုင်းရင် ပင်နံပါတ် (4) မှာ 5V 
ရှိပါမယ်
PMU (Power IC) က ပေးပို့တဲ့ Charging control signal ကို 
FET တလုံးကို ခလုတ် (switch) အဖြစ် ကြားဖြတ်ခံပြီးမှ 718 ရဲ့
ပင်နံပါတ် (3) ဖြစ်တဲ့ Base ကို ထိန်းချုပ် မောင်းနှင်ပေးပါတယ်
718 ရဲ့ ပင်နံပါတ် 1 2 5 6 လေးပင်က Collector တွေပါ 
Break Down Resistor (R200) တလုံးခံပြီး Battery + ငုတ်ကို တိုက်ရိုက် ချိတ်ပေးထားပါတယ်

ငုတ် ခြောက်ငုတ်ပါတဲ့ 718 က IC ပုံစံလုပ်ထားတဲ့ Transistor တလုံးပါ
ပင်နံပါတ် (4) မှာ ရောက်နေတဲ့ 5V ကို ပင်နံပါတ် (1 2 5 6 ) က တဆင့် အားသွင်းပေးတာပါ
အားသွင်းဖို့ လိုအပ်သလောက် လျှပ်စီးကြောင်းကို 718 Transistor ရဲ့ ပင်နံပါတ် (3) ဖြစ်တဲ့ Base က 
ထိန်းချုပ်ပေးတာပါ

Battery အားဟာ အနဲဆုံးရှိရမယ့်ဗို့အား 3.3V အောက် (lower than miniman volt ) ရောက်သွားခဲ့ရင်
ဖုန်းကို အားသွင်းတဲ့အခါ ပါဝါ ဖွင့်မပေးတော့ပဲ အနီရောင်မီးနီလေး အချက်ပြပြီး အားစသွင်းပါတယ်
အဲဒီအခြေအနေဟာ battery အား နည်းလွန်းတာကြောင့် အားသွင်းပေးတဲ့ လျှပ်စီးကြောင်း 
အများဆုံး လိုအပ်တာဖြစ်လို့ အမြင့်ဆုံးအားသွင်းစီးကြောင်း (High current) နဲ့ အားသွင်းပေးပါတယ်
အားသွင်းနေရင်း battery ဟာ 3.3V ကျော်သွားရင်တော့ ပါဝါပွင့်လာပြီး အားဆက်သွင်းပေးပါတယ်
Battery အားကလဲ အတန်အသင့် ရှိလာပြီဖြစ်လို့ အားသွင်းတဲ့နှုန်းကို လျော့ချလိုက်ပြီး
ပုံမှန်အားသွင်းစီးကြောင်း (Normal current) နဲ့ပဲ ဆက်လက် အားသွင်းပေးပါတယ်
အားသွင်းနေရင်း Battery ဟာ 3.7V အထက်ကို ရောက်သွားရင်တော့
အားပြည့်ကာနီးဖြစ်တဲ့အတွက် အားသွင်းနှုန်းကို ဆက်လက် လျော့ချလိုက်ပြီး
အနှေးဆုံးဖြစ်တဲ့ (Low current) နဲ့ ဆက်သွင်းပေးပါတယ်

718 Transistor ဟာ အားသွင်းစီးကြောင်းကို ထိန်းချုပ်ပေးပါတယ်
718 ပျက်လို့ ဝယ်ရခက်တဲ့အခါ (ကျနော်ကတော့ ကဒ်အပျက်တွေထဲက ရှာထည့်ပါတယ်)
ပင်နံပါတ် (4) နဲ့ (1 2 5 6 ) ကို တိုက်ရိုက်ကျော်ပေးလိုက်ရင် Charging 5V အတိုင်း
battery ကို တိုက်ရိုက်ရောက်သွားမှာဖြစ်လို့ battery အပျက် မြန်ပါလိမ့်မယ်

AC9 သုံးတဲ့ဖုန်းတွေမှာ (1 2 5 6) က တဆင့် AC9 ခံသုံးတတ်ပါတယ်
ပုံမှန်ကောင်းနေတဲ့ ဖုန်းတလုံးဆိုရင် Battery ဖြုတ် Charging ခေါင်းထိုးထားပြီး
Battery ငုတ်တွေမှာ ဗို့တိုင်းကြည့်ရင် 4.2V ခန့် ရှိတတ်ပါတယ်
အားအဝင်နည်းတာ အားမဝင်တာ အားအဝင်ပြပြီး အားမဝင်တာမျိုး ဖြစ်ခဲ့ရင်
718 Transistor လေး ပျက်တတ်ပါတယ်
သူနဲ့ တွဲသုံးတဲ့ သူ့ဘေးက R200 (0.2R) လေးလဲ ပျက်တတ်ပါတယ်

Current Control လုပ်ပေးတဲ့ PNP Transistor ဖြစ်တဲ့ 718 Transistor တိုင်းနည်းကတော့ ပုံမှန် Transistor တိုင်းနည်းနဲ့ အတူတူပါပဲခင်ဗျာ

Credit to Ko Soe Myat Thu

0 Response to "Huawei MTK ဖုန်းတွေမှာ သုံးတတ်တဲ့ အားသွင်းစနစ်လေးအကြောင်း"

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers