LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

Toyota Electronic Modulated ကိုလေ့လာကြည့်ခြင်း

" Toyota ရဲ့နာမည်ကျော်ဆိုင်းထိန်းတစ်ခုဖြစ်တဲ့ Toyota Electronic Modulated ကိုလေ့လာကြည့်ခြင်း "

ကျွန်တော်တို့အတွက် Toyota ဆိုတာ အောက်ပိုင်းကောင်းတယ်၊ အကြမ်းခံတယ်နဲ့ အပိုပစ္စည်းစုံတယ်ဆိုတဲ့ ဂုဏ်ဒြပ်တွေနဲ့ ကျော်ကြားနေပါတယ်။ ဒါကြောင့် ကားအမျိုးအစားချင်းတူ ဈေးချင်းတူနေရင်တောင် Toyota ကအကြမ်းခံတယ်လေနဲ့ အပိုပစ္စည်းလည်း ပေါတယ်လေဆိုပြီး ဦးစားပေးသွားကြတာကို တွေ့မြင်ဖူးပါတယ်။ ကဲဒါကြောင့် Toyota ရဲ့ဂုဏ်သတင်းတွေထဲကို ထဲထဲဝင်လေ့လာကြည့်ဖို့စိတ်ကူးမိလာပါတယ်။ ဒီလို မျိုးလေ့လာဖို့အတွက် လတ်တလောမှာတော့ Hhilux Surf ရေးခဲ့မိတဲ့အတွက် TEMS ဆိုတဲ့ Toyta Electronic Modulated Suspension ကိုဦးစားပေးပါရစေ။

Toyota Electronic Modulated Suspension (TEMS) ဆိုတာက ရှင်းအောင်ပြောရရင် ရှော့အိပ်ဇောဘား (shock absorber) ပါပဲ။ ဒါကိုမှ ထပ်ရှင်းအောင်ပြောရရင် မြောက်မြားစွာသောနည်းပညာအကြောင်းတရားတွေ ကိုအခြေခံထားပြီး Continuous Damping Control လို့ခေါ်တဲ့ လျှပ်စစ်ပိုင်းအရ ထိန်းချုပ်ပေးထားတဲ့ ရှော့အိပ်ဇောဘားကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။ နောက်တစ်မျိုးပြောရရင်တော့ semi-active suspension ပေါ့။ Toyota ကနေ ထုတ်လုပ်ပေးခဲ့တဲ့ Toyota Soarer ကားမှာ ၁၉၈၃ခုနှစ်ကစလို့ တပ်ဆင်အ သုံးပြုပေးခဲ့ပါတယ်။ ဒါကြောင့် ၁၉၈၀ ကာလကနေ ၁၉၉၀ ကာလတွေမှာ Toyota ရဲ့နာမည်ကြီးနည်းပညာ တစ်ခုဖြစ်ခဲ့ပြီး ဖောဖောသီသီအသုံးပြုခဲ့တယ်လို့ဆိုရမှာပါ။ အဓိကပြောရမှာကတော့ သူတို့ရဲ့ဇိမ်ခံနဲ့ပြိုင်ကား အမျိုးအစားတွေမှာ တပ်ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုဖြစ်ပွားတဲ့ အခါမှာတော့ TEMS ရဲ့အခန်းကဏ္ဍက လျော့ကျခဲ့ရပြီး ဇိမ် ခံနဲ့စွမ်းဆောင်ရည်မြင့်ပြိုင်ကားအမျိုးအစားတွေမှာ သာတပ်ဆင်လို့လာခဲ့ပါတယ်။
TEMS မှာ ရှော့ဘားလေးခုပါဝင်ပြီး ဘီးလေးခုစလုံးမှာတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ဒီလိုတပ်ဆင်ထားမှုကို အော်တိုဂီယာစနစ်၊ ဒါမှမဟုတ် တပ်ဆင်ထားတဲ့စနစ်ပေါ်အခြေခံထားတဲ့ driver select mode တွေ မှာအသုံးပြုနိုင်ပါတယ်။ အဆိုပါနည်းပညာကို four wheel independent suspension ပါဝင်တဲ့ Toyota ရဲ့အဆင့်မြင့်ထုတ်ကုန်တွေမှာ အသုံးပြုပေးခဲ့ပြီး (Precison Engineered Geometrically Advanced Suspension) PEGASUS (အဖြူရောင်နတ်မြင်းပျံ) လို့တံဆိပ်ကပ်ပေးခဲ့ပါတယ်။ ဒါကိုမှ ဒီမြင်းက အထီးလား၊ အမလားကပ်မေးမှာစိုးလို့ တစ်ခါတည်းဖြေပေးထားမယ်၊ သားစပ်မြင်းထီးဆိုတာကိုပါ။ ဘယ်မှာတွေ့နိုင်မလဲ ဆိုရင် ဂရိဒဏ္ဍာရီထဲ မှာပေါ့။ ဒီစနစ်ကို Toyota ရဲ့ကားတွေအားလုံးမှာ မတပ်ဆင်နိုင်ရခြင်းက တော့ TEMS အနေနဲ့ ရှေ့နဲ့နောက်ကို front and rear independent suspensions တပ်ဆင်ထားတဲ့ ကားတွေမှာသာ တပ်ဆင်နိုင်လို့ပဲဖြစ်ပါတယ်။
အဆိုပါစနစ်အနေနဲ့ လမ်းအခြေအနေပေါ်မှာမူတည်ပြီး ဆောင့်အောင့်မှုကိုတိုးပေးရမလား၊ နှိမ့်ပေးရမလား ဆိုတာကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်မောင်းရော၊ ခရီးသည်တွေအနေနဲ့ပါ ကားရဲ့ကောင်းမွန်လှတဲ့ သက်သောင့်သက်သာရှိမှုနဲ့ ဇိမ်ခံနိုင်မှုတို့ကို လေအိတ်အလားအထင်မှားစေရမှာဆို ပြီး အချို့သောသူတွေက ညွှန်းဆိုနေကြတာဖြစ်ပါတယ်။ ပုံမှန်အ တိုင်းပြောရရင်တော့ TEMS ဆိုတာ က သက်သောင့်သက်သာရှိတဲ့ မောင်းနှင်ခြင်းနဲ့ သေးငယ်သောဆိုင်းထိန်းတို့ပေါ်က တည်ငြိမ် သောထိန်းကျောင်းမှုတို့ကို အလွယ်တကူရရှိစေဖို့အတွက် တပ် ဆင်ထားခြင်းပဲဖြစ်ပါတယ်။ တန်ကြေးကြီးတဲ့ အဆင့်မြင့်ဇိမ်ခံကားကြီးတွေမှာတော့ ဒီထက်ပိုတဲ့လုပ်ဆောင်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။ အဆိုပါနည်းပညာအနေနဲ့ ပထမဆုံးမှာတော့ ဂျပန်နိုင်ငံရဲ့ သတ်မှတ်ချက်နဲ့ ဂျပန်နိုင်ငံရဲ့မောင်းနှင်မှုတို့အတွက် ဒီဇိုင်းဖော်ပေးထားတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတကာအသုံးပြုမှုအတွက် version အဆင့်မြှင့်မှုကိုပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ အဆိုပါအချိန်က အဆင့်မြင့်ဇိမ်ခံကားတွေမှာ ဒီစနစ်ကိုမပါမဖြစ်အနေနဲ့ ထည့်သွင်းပေး ထားခဲ့ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါစနစ်ကို ဇိမ်ခံ minivan တွေဖြစ်တဲ့ Toyota Alphard ၊ Toyota Noah နဲ့ Toyota Voxy တို့လိုကားတွေမှာ တပ်ဆင်ပေးလာခဲ့ပြီး စနစ်ကိုလည်း Piezo TEMS ၊ Skyhook TEMS ၊ Infinity TEMS နဲ့ Adaptive Variable Suspension (AVS) ဆိုပြီး ရွေ့လျားလာတဲ့ကာလနဲ့အညီ အမည်ပြောင်းလဲမှုတွေကိုတွေ့ရမှာဖြစ်ပါတယ်။
အသုံးပြုပုံနဲ့ပတ်သက်လို့ကတော့ ကနဦးမှာ Auto-Sport ဆိုပြီးအ ဆင့် ၂မျိုးရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဆင့်မြှင့်တင်ပေးခဲ့ပြီး Auto-Soft-Mid-Hard ဆိုပြီးဖြစ်လာပါတယ်။ အချို့သောစနစ်တွေမှာတော့ ယာဉ်မောင်းစိတ်ကြိုက်ပြောင်းလဲမှုတွေကိုတောင် ထည့်သွင်းလုပ်ဆောင်ပေးလာနိုင်ခဲ့ပါတယ်။ ဒီလိုအသုံးပြုမှုအတွက်လည်း အများစုမှာ Auto ကိုအသုံးပြုဖို့အတွက် ထောက်ခံချက်ပေးထားခဲ့ပါတယ်။ တကယ်လို့များ ထောက်ခံထားတဲ့အတိုင်းသာလုပ်ဆောင်ခဲ့ပြီး စနစ်အနေနဲ့ အသက်ဝင်လာခဲ့ပါက ရွေးချယ်ထားတဲ့ဆိုင်းထိန်းရဲ့ချိန်ညှိမှုတွေကို အချက်ပြမီးကနေအချက်ပြပေးမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါစနစ်ရဲ့ပါဝင်ပစ္စည်းတွေကို တိတိပပရေရွတ်မယ်ဆိုရင် တော့ ခလုတ်တစ်ခု၊ ရှော့အိတ်ဇောဘားလေးခု၊ shock absorber control actuator shock absorber control computer ၊ ယာဉ်ရဲ့ရှိန်နှုန်း အတွက်အာရုံခံကိရိယာ၊ stop lamp switch တို့ပါဝင်မှာဖြစ်ပါတယ်။တကယ်လို့များ TEMS three stages systems မှာဆိုရင်တော့ အင်ဂျင်ရဲ့ စွမ်းဆောင်မှုအပိုင်းမှာအဓိကျတဲ့ throttle အနေအထား နဲ့ စတီယာရင်းလှည့်ပတ်နိုင်မှုအနေအထား အာရုံခံကိရိယာတို့ပါဝင်လာမှာဖြစ်ပါတယ်။
ဒီစနစ်မှာပါဝင်တဲ့ two stage TEMS တွေရဲ့ ၁၉၈၀ ကာလတွေမှာ အလုပ်လုပ်ပုံကိုဖော်ပြရရင် ပုံမှန်အနေအထားဖြစ်တဲ့ တစ်နာရီကီလိုမီတာ ၁၀၀ နှုန်းအတွင်းမှာတော့ သက်သောင့်သက်သာ မောင်းနှင်မှုမျိုးဖြစ်တဲ့ SOFT ကို စနစ်အနေနဲ့ ရွေးချယ်ပေးမှာဖြစ်ပါတယ်။ ရှိန်နှုန်းမြင့်ဖြစ်တဲ့ တစ်နာရီ ၈၅-၁၀၀ကီလိုမီတာနှုန်းမှာတော့ ပိုမိုမာကျောမှုနဲ့အတူ ပိုမိုကောင်းမွန်တဲ့အခြေမြဲမှုတို့ပါဝင်လာပြီး ၀င်ရိုးရဲ့ လည်ပတ်အားကိုလည်း လျှော့ချပေးမယ့် HARD ကိုစနစ်အနေနဲ့ ရွေးချယ်ပေးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နောက်ပိုင်းအဆင့်မြှင့်တင်ထားမှုတွေပါဝင်လာတဲ့ 3-stage systems တွေ ရှိနေဦးမှာဖြစ်ပါတယ်။ သူ့မှာလည်း စနစ်တွေအတွက် လီဗာအနေအထား၊ throttle အနေအထားနဲ့ စတီယာရင်းရဲ့လှည့်ပတ်နိုင်မှုအနေအထားတို့ကို အခြေခံမှာဖြစ်ပါတယ်။
အဆိုပါစနစ်ကိုတပ်ဆင်ထားတဲ့ ကားတွေအဖြစ် Corolla ၊ Corona ၊ Celica ၊ Camry ၊ Crown ၊ Noah/Voxy နဲ့ Land Cruiser အစရှိတဲ့နာမည်ကျော်ကားတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
AutoCar Buyers'Guide Journal (Every Thursday)

0 Response to "Toyota Electronic Modulated ကိုလေ့လာကြည့်ခြင်း"

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers