LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

ဆေးရုံ၊ တည်းခိုခန်းတွေမှာသုံးတဲ့ ကေဘယ်တီဗွီအကြောင်း



ဆေးရုံ၊ တည်းခိုခန်းတွေမှာသုံးတဲ့ 
ကေဘယ်တီဗွီအကြောင်း
ပြောပြခြင်ပါတယ်
ဆေးရုံတွေရဲ့လူနာအခန်းတိုင်းမှာ တပ်ပေးထားတဲ့
တီဗီတွေကိုကြည့်လိုက်ရင် ၅လိုင်းမှ ၁၀လိုင်းအထိ
မတူတဲ့ channel တွေကို ဖမ်းလို့ရနေပါတယ်။
ဖမ်းစက်မပါပဲ
စကိုင်းနက်လည်းပါမယ်၊ mtv4 လိုင်းထဲကလည်းပါမယ်
တစ်ခြားလိုင်းတွေလည်းပါမယ်။
မသိခင်တုန်းကတော့ ဘယ်လိုလုပ်ထားပါလိမ့်ဆိုပြီး
တွေးမိပါတယ်။

ဒီစနစ်ကတော့ အခန်းတွေများတဲ့ တည်းခိုခန်းတို့အထူးကု
ဆေးခန်းတို့မှာ တပ်ဆင်ဖို့သင့်တော်ပါတယ်။အခန်းတိုင်းကို
စလောင်းဖမ်းစက်တွေ တပ်ဆင်ပေးရမယ်ဆိုရင် မလွယ်ဘူးလေ။
ရုပ်သံအရည်အသွေးကတော့ နည်းနည်းတော့ ကျတာပေါ့
ခု ကျနော်က အဆင့်မမြင့်ပေမဲ့သုံးလို့ဖြစ်နေတဲ့
ဒီ ကေဘယ်လိုင်း စနစ်လေးကို မသိသေးတဲ့သူများကို 
ကျနော်သိတာလေးကို မျှဝေတာပါ။လိုအပ်တာရှိရင်လည်း
သင်ပြပေးပါ။

အခြေခံသဘောတရားကတော့ စလောင်းဖမ်းစက်၊ဒီဗွီဒီ ပလေယာ
တွေက ထွက်လာတဲ့ video singal တွေကို ရေဒီယိုကြိမ်နှုန်း Rf
ဖြစ်အောင်လုပ် ပြီးမှ မတူညီတဲ့ တဲ့ ကြိမ်နှုန်းတွေကို ရောပြီး
ဆိုင်ရာ တီဗွီတွေဆီ တွန်းပို့ပြီး ရောထားတဲ့ လိုင်းတွေကိုပြန်ဖမ်း
တာပါ။ 
ဘာတွေလိုအပ်မလဲ
၁။ စလောင်းဖမ်းစက် (1channel per 1 receiver)
၂။ RF conveter 
၃။ booster 
၎။ splitter 
၅။ တီဗွီ ၊Rf ကြိုးနဲ့ စလောင်းခေါင်းလေးတွေလို့မှာပါ။

စလောင်းဖမ်းစက်
ကိုယ်လွင့်ချင်တဲ့ လိုင်းအရေအတွက်အတိုင်း ဖမ်းစက်ကို 
ဝယ်ရမှာပါ။(1channel ကို 1 receiver သုံးပြီး 
အချိန်တိုင်းဖွင့်ထားရမှာပါ။ စကိုင်းနက်ဖမ်းစက်ဝယ်လည်း
တစ်လိုင်းပဲလွင့်လို့ရမှာပါ။ နှစ်လိုင်းလွင့်ချင်ရင် နှစ်ခုဝယ်ရမှာ
ဒါတောင်တရားမ၀င်ပါဘူး။ဂြိုလ်တုတစ်ခုထဲက လိုင်းတွေကို
လွင့်ရင်တော့ ဗန်းတစ်ဗန်းထဲတပ်ဆင်ပြီး loop အပေါက်က
ခွဲပြီးတပ်ဆင်တာမျိုးတွေ၊ အ၀င်4 ခေါင်းပါတဲ့ LNB ထိပ်ဖူးတွေ
သုံးတာမျိုးတွေ၊၂၂ switch သုံးခွဲတာ H/v ခွဲဖမ်းတာ၊DiseQသုံးတာ
c/ku တွဲတာတွေက လေ့လာပြီးအသုံးချရမဲ့ စလောင်းပညာရပ်တွေပါ။

RF conveter 
အဓိကတာဝန်ကတော့ ဖမ်းစက်အသီးသီးက ထွက်လာတဲ့
ဗီဒီယို လိုင်းကြိုး သုံးကြိုးက လာတဲ့ အချက်အလက်တွေကို
RF ဖြစ်အောင်ပြောင်းပေးတာပါ။ မှတ်မီအုံးမယ်ထင်ပါတယ်
အရင်ခေတ်ဟောင်းတီဗီ တွေမှာ ဗီဒီယို in အပေါက်မပါတော့
အောက်စက်နဲ့ တွဲသုံးဖို့ အတွက် RF conveter တရုတ်ထုတ်
အသေးလေးတွေဝယ်သုံးခဲ့ရဖူးတယ်လေ၊အောက်စက် ထွက်လာ
တဲ့ အ၀ါ အနီ အဖြူ သုံးကြိုးကို အဲ့စက်ထဲထည့် ပြီးမှ တဖက်က
ထွက်လာတဲ့ ကြိုးကို တီဗွီ RF inထဲထည့်ပြီးဖမ်းခဲ့ရတာလေ
အခုတော့ဒီနေရာမှာ တစ်လုံးခြင်းမထည့်ပဲ တစ်channal ကနေ့
10 လိုင်းကို ပြောင်းနိုင်တဲ့ ပြည်တွင်းဖြင့် RF conveter တွေကို
သုံးပါတယ်။
အဆင့်မြင့်တပ်ဆင်မှုမှာတော့ ဖမ်းစက်က ထွက်လာတာတွေကို
တစ်လိုင်းခြင်း modulator RF conveter တွေနဲ့ ပြောင်းပြီးမှ 
combiner ဆီပို့ပြီး ပေါင်းလိုက်တာပေါ့။
ခုတော့ ပြည်တွင်းဖြစ်လေးတွေအဆင်ပြေတော့ အာနဲ့ပဲသုံးလိုက်တယ်
တစ်ချယ်နယ် ကို 15000 နှုန်းနဲ့ အလွယ်ဝယ်လို့ရပါတယ်။အာကိုဖွင့်
ကြည့်ရတာတော့ အောက်စက်တွေ၊ တီဗွီဆားကဒ်တွေထဲက Rf ကျူးနာဗူး
တွေ ကို ဖြတ်ပြီး အဆင်ပြေအောင်မြန်မာ့နည်းနဲ့ထွင်တာမျိုးပါ။
အဆင်ပြေပါတယ်။ အဓိကတော့ ပြောင်းလို့ရလာတဲ့ RF တွေကို တစ်ခုနဲ့
တစ်ခု မထပ်ရအောင်လုပ်တာပါ။

booster 
ကတော့ ပေါင်းပြီးထွက်လာတဲ့ RF ဆင်ဂနယ်တွေကို အဝေးရောက်အောင်
တွန်းပို့ရတဲ့ တာဝန်ကိုထမ်းဆောင်ပါတယ်၊ အခန်းတွေများပြီး
ဝေးပြီးဆိုရင်တော့ တပ်သင့်ပါတယ်။
မတူညီတဲ့ RF - UHF နဲ့ VHF တွေကိုလည်းရောပြီး တွန်းပို့နိုင်ပါတယ်
ဈေးကွက်ထဲမှာ ယိုးဒယား ၊တရုတ်၊ဆိုပြီးအမျိုးမျိုးရှိပြီး ဈေးချိုတဲ့ တရုတ်က
လည်း အလုပ်ဖြစ်တာပါပဲ။၆သောင်းဝန်းကျင်လောက်ရှိမယ်။

splitter 
စပလစ်တာက တော့ booster ကထွက်လာတဲ့ ကြိုးတွေကို အခန်းတိုင်းက
တီဗွီတွေဆီရောက်အောင် ခွဲပေးတာမျိုးပါ။ဈေးပေါပါတယ်

ကြိုးတွေကတော့ စလောင်းကြိုးပဲသုံးပါတယ် rf ကြိုးက အလုံးသေးတယ်
ပြီးရင်တော့ တီဗွီ မှာ ဟိုအရင်က မြန်မာအသံကို အင်တင်နာတိုင်တွေ
ထောင်ပြီး ဖမ်းသလိုမျိုး ပြန်ဖမ်းတာပါပဲ
ရီမုတ်ကနေ တီဗီလိုင်းကြည့်သလိုမျိုးပြန်ဖမ်းတာပါ။ ခုခေတ်ကလေးတွေ
တီဗွီက လိုင်းတောင် မဖမ်းတက်တော့ဘူးနော် ခ်ခ်
ဗီဒီယိုကြိုးနဲ့ကြည့်ရသလိုကွာလတီ မကောင်းပေမဲ့ အဆင်ပြေပါတယ် ။

ခုပြောပြခဲ့တွေက အခန်းနည်းရင် အဆင်မပြေဘူးနော် အခန်းများမှ
လိုင်းတစ်ခုကို ဖမ်းစက်တစ်လုံးထားရပြီး အချိန်တိုင်းဖွင့်ထားရမှာလေ
ဘာဘဲ ပြောပြော ဗဟုသုတ ရတာပေါ့

ပုံလည်းကြိုးစားပမ်းစားဆွဲထားပေးပါတယ်
ကျနော်လည်း ပို့စ်မရေးဖြစ်တာကြာ
ကွန်မန့်တွေမှာ လည်း အပြောင်အပျက်တွေပြောတာများနေလို့
အသုံးဝင်မဲ့ဟာလေး ရွှီးမိပါသည်။ မျက်စီအညောင်းခံပြီး ဖတ်ကြပါစေ ခ်ခ်
အားလုံးအဆင်ပြေပါစေ
hellman (kotamyogyi) 10;36pm

0 Response to "ဆေးရုံ၊ တည်းခိုခန်းတွေမှာသုံးတဲ့ ကေဘယ်တီဗွီအကြောင်း "

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers