LIKE @ CLICK လုပ္​ခဲ့ၾကအံုး​ေနာ္​
Blogger Tips and TricksLatest Tips And TricksBlogger Tricks
​ေဒါင္​း​ေလာ့လုပ္​နည္​း ဖတ္​​ေပးပါ

COVID-19 ဗဟုသုတ မှတ်သားရန်








Oxygen အသုံးပြုတွက်ချက်နည်း


Oxygen ပြတ်ပြီး သေနေတာတွေဟာ Oxygen ရှာရခက်လို့/ Oxygen ဘယ်လောက်ပဲ ကြာကြာခံတော့မယ်ဆိုတာ ကြိုတင်မတွက်ဆထားကြလို့ ဒုက္ခရောက်ကြတာ များပါတယ်. 

ခုချိန်မှာ Covid ကြောင့် Oxygen level နည်းနေတဲ့လူနာကို တစ်နေရာကနေ တစ်နေရာကို လွှဲပြောင်းတော့မယ်ဆိုရင် ခုလက်ရှိ Tank ထဲက Oxygen ဟာ ဘယ်လောက် အချိန်အတိုင်းအတာထိပဲ လုံလောက်မှုရှိမယ်ဆိုတာ တွက်ချက်ထားရပါမယ်. မတွက်ထားပေးရင် Oxygen ပြတ်ပြီး လူနာသေပါလိမ့်မယ်. 

မြန်မာပြည်မှာ များသောအားဖြင့် သုံးနေတဲ့ Oxygen tank တွေဟာ များသောအားဖြင့် Tank D လို့ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်) နဲ့ Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 600 L ဝန်းကျင်) တွေ ဖြစ်ပါတယ်. 

လူနာရှူနေတဲ့ Oxygen flow rate နဲ့ ရှေ့ခရီးဆက်ရင် Tank ထဲက Oxygen ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ မြန်မြန်သိချင်ရင် သင်္ချာအခြေခံ ( နုတ်, မြှောက်, စား) ကို အခြေခံဝန်ထမ်းတစ်ယောက်အနေနဲ့ သိနေရပါမယ်. 

1) Tank pressure ကို ညွှန်ပြတဲ့ လက်တံလေးကို ဖတ်လိုက်, eg. 1200 PSI) 
2) ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်လိုက် (eg. 1200-200 = 1000 PSI) 
3) ပြီးရင် ကိန်းသေနဲ့ မြှောက်ပါဦး (ဖြတ်လမ်းအားဖြင့် အိုးတိုအတွက်ဆို ကိန်းသေ 0.16, အိုးရှည်အတွက်ဆို ကိန်းသေ 0.28 ဆိုတာကို မှတ်ထား)
4) မြှောက်လို့ရလာတဲ့ အဖြေကို Oxygen flow rate နဲ့ စားလိုက်ပါ (eg. 5 L/min) 

ဒီတော့ အပေါ်က Eg မှာ သယ်ရလွယ်တဲ့ အိုးတိုအတွက်ဆိုရင် 
1200-200 = 1000 
1000 * 0.16 = 160
160÷5 = 32 (မိနစ်) ပဲ ခံပါတော့မယ်. ၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ. 

ဒီတော့ ခြုံငုံပြောရရင် ခရီးအကွာအဝေးအလိုက် Oxygen ကို လူနာတင်ကားပေါ်မှာ လုံလောက်စွာ သယ်သွားရပါမယ်. Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် သေသွားနိုင်ပါတယ်.

ခုခေတ်လူတိုင်းနီးပါးရဲ့ ဖုန်းမှာ Calculator ရှိပါတယ်. တွက်ရတာ လွယ်လွန်းပါတယ်. ခက်လည်း မခက်ပါဘူး. ဒါလည်း Covid ကာလမှာ လူနာအသက်ကယ်နည်းတစ်မျိုးပါပဲ. အရေးကြီးပါတယ်. ဉာဏ်သုံးပြီး အားလုံးအဆင်ပြေကြပါစေ. 


#COVIDMYANMAR





Oxygen ျပတ္ၿပီး ေသေနတာေတြဟာ Oxygen ရွာရခက္လို႔/ Oxygen ဘယ္ေလာက္ပဲ ၾကာၾကာခံေတာ့မယ္ဆိုတာ ႀကိဳတင္မတြက္ဆထားၾကလို႔ ဒုကၡေရာက္ၾကတာ မ်ားပါတယ္. 

ခုခ်ိန္မွာ Covid ေၾကာင့္ Oxygen level နည္းေနတဲ့လူနာကို တစ္ေနရာကေန တစ္ေနရာကို လႊဲေျပာင္းေတာ့မယ္ဆိုရင္ ခုလက္ရွိ Tank ထဲက Oxygen ဟာ ဘယ္ေလာက္ အခ်ိန္အတိုင္းအတာထိပဲ လုံေလာက္မႈရွိမယ္ဆိုတာ တြက္ခ်က္ထားရပါမယ္. မတြက္ထားေပးရင္ Oxygen ျပတ္ၿပီး လူနာေသပါလိမ့္မယ္. 

ျမန္မာျပည္မွာ မ်ားေသာအားျဖင့္ သုံးေနတဲ့ Oxygen tank ေတြဟာ မ်ားေသာအားျဖင့္ Tank D လို႔ေခၚတဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန္းက်င္) နဲ႔ Tank E လို႔ေခၚတဲ့ အိုးရွည္ (Oxygen ပမာဏ 600 L ဝန္းက်င္) ေတြ ျဖစ္ပါတယ္. 

လူနာရႉေနတဲ့ Oxygen flow rate နဲ႔ ေရွ႕ခရီးဆက္ရင္ Tank ထဲက Oxygen ဘယ္ေလာက္မိနစ္ပဲ ၾကာၾကာခံေတာ့မယ္ဆိုတာ ျမန္ျမန္သိခ်င္ရင္ သခ်ၤာအေျခခံ ( ႏုတ္, ေျမႇာက္, စား) ကို အေျခခံဝန္ထမ္းတစ္ေယာက္အေနနဲ႔ သိေနရပါမယ္. 

1) Tank pressure ကို ၫႊန္ျပတဲ့ လက္တံေလးကို ဖတ္လိုက္, eg. 1200 PSI) 
2) ၿပီးရင္ ဖတ္လို႔ရတဲ့ အေျဖထဲက 200 ႏုတ္လိုက္ (eg. 1200-200 = 1000 PSI) 
3) ၿပီးရင္ ကိန္းေသနဲ႔ ေျမႇာက္ပါဦး (ျဖတ္လမ္းအားျဖင့္ အိုးတိုအတြက္ဆို ကိန္းေသ 0.16, အိုးရွည္အတြက္ဆို ကိန္းေသ 0.28 ဆိုတာကို မွတ္ထား)
4) ေျမႇာက္လို႔ရလာတဲ့ အေျဖကို Oxygen flow rate နဲ႔ စားလိုက္ပါ (eg. 5 L/min) 

ဒီေတာ့ အေပၚက Eg မွာ သယ္ရလြယ္တဲ့ အိုးတိုအတြက္ဆိုရင္ 
1200-200 = 1000 
1000 * 0.16 = 160
160÷5 = 32 (မိနစ္) ပဲ ခံပါေတာ့မယ္. ၃၂ မိနစ္ၿပီးရင္ Oxygen ကုန္ပါၿပီ. 

ဒီေတာ့ ၿခဳံငုံေျပာရရင္ ခရီးအကြာအေဝးအလိုက္ Oxygen ကို လူနာတင္ကားေပၚမွာ လုံေလာက္စြာ သယ္သြားရပါမယ္. Oxygen ကုန္သြားမွ မ်က္လုံးျပဴး မ်က္ဆန္ျပဴး Oxygen လိုက္ရွာေနရင္ ကိုယ့္ေရွ႕မွာတင္ လူနာဟာ မခ်ိမဆန႔္ ေသသြားႏိုင္ပါတယ္.

ခုေခတ္လူတိုင္းနီးပါးရဲ႕ ဖုန္းမွာ Calculator ရွိပါတယ္. တြက္ရတာ လြယ္လြန္းပါတယ္. ခက္လည္း မခက္ပါဘူး. ဒါလည္း Covid ကာလမွာ လူနာအသက္ကယ္နည္းတစ္မ်ိဳးပါပဲ. အေရးႀကီးပါတယ္. ဉာဏ္သုံးၿပီး အားလုံးအဆင္ေျပၾကပါေစ. 


#COVIDMYANMAR

Followers