LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ
Analog Multimeterအသုံးပြုနည်း
Analog Multimeterမှာဘာတွေပါလည်းကြည့်ရအောင်
(၁)Reading Scale (ဖတ်ရှုရန် စကေးဇယားကွက်များ)
(၂)Pointer (ညွန်ပြတံ)
(၃)Zero Corrector (သုညအမှတ် ချိန်ညှိရန်)
(၄)Zero Ohm Adjust (သုည Ω ချိန်ညှိ၇န် ခုလုပ်)
(၅)Range Scale (တိုင်းတာသည့် စကေးဇယားကွက်)
(၆)Range Selector (တိုင်းတာသည့်စကေးရွေးချယ်ရန် ခုလုပ်)
(၇)Commond Socket ( အနှုတ်(Negative) ၀င်ပေါက်)
(၈)Positive Socket (အပေါင်း ၀င်ပေါက်)
တို့ ဆိုပြီးပါရှိပါသည်။
(၁)Reading Scale (ဖတ်ရှုရန် စကေးဇယားကွက်များ)
Reading Scale ကွက်တွင် အဓိကအားဖြင့် 
မျဉ်းကွေးသုံးကြောင်းပါရှိပါသည်။
(၁)ပထမမျဉ်းကွေး Resister တိုင်းတာရန်
(၂)ဒုတိယမျဉ်းကွေး DC Volt , AC Volt ,DC Amperတိုင်းရန်
(၃)တတိယမျဉ်းကွေး AC (10) Volt တိုင်းရန်
(၂)Pointer (ညွန်ပြတံ)
Pointer သည် တိုင်းတာလိုက်သည့်အခါ 
လက်ဝဲဘက်မှ လက်ယာဘက်သို့ ရွေ့ လျားလာပါလိမ့်မည်။သူရှိ
ရမည့် တန်ဖိုးတစ်ခုခုတွင် Pointer ရပ်တန့် သွားပါမည်။
၎င်းနေ
ရာသည် တိုင်းတာသည့် Component ရဲ့ 
လက်ရှိတန်ဖိုးဖြစ်ပါသည်။
(၃)Zero Corrector (သုညအမှန် ချိန်ညှိ၇န်)
လက်ဝဲဘက်တွင် Pointer ကိုကွက်တိဖြစ်အောင် ထားရမည်။ 
မဖြစ်ပါက Button ကိုလှည့်ပြီးချိန်ညှိပါ။
(၄)Zero Ohm Adjust (သုည Ω ချိန်ညှိ၇န် ခုလုပ်)
Range Selector ကို X1 တွင်ထားပြီးအနီလက်တန် နှင့် အနက်
လက်တန် ကိုထိပြီးတက်လာသော Pointerကို0Ω တွင် ကွက်
တိဖြစ်အောင် ထားရပါမည်။မဖြစ်ပါကButtionကို
ဘယ်ညာလှည့်ပြီး ချိန်ညှိ၇ပါမည်။
(၅)Range Scale (တိုင်းတာသည့် စကေးဇယားကွက်)
Ω တန်ဖိုးတိုင်းတာရန်စကေး ၊ AC Volတိုင်းတာရန်စကေး ၊ DC 
Volတိုင်းတာရန်စကေး ၊DC mA တိုင်းတာရန်စကေး ၊ BATT 
(Battery) တိုင်းတာရန်စကေးဟူပြီး (၅)မျိုးရှိပါတယ်။ 
(၆)Range Selector (တိုင်းတာသည့်စကေးရွေးချယ်ရန် ခုလုပ်)
မိမိတိုင်းတာလိုသည့် အသေးစိတ်စကေးကို Range Selector 
ဖြင့်ပြောင်းရွေ့  ရွေးချယ်ခြင်းပြုလုပ်နိုင်ပါသည်။
(၇)Commond Socket ( အနှုတ်(Negative) ၀င်ပေါက်)
(၈)Positive Socket (အပေါင်း ၀င်ပေါက်) 
Ω Scale ဖြင့် တိုင်းတာခြင်း
Ω Scale တွင် Resistor များ၏ Ω တန်ဖိုးကိုတိုင်းတာပါမည်။Ω 
တိုင်းတာစကေးတွင် X1 , X10 , X100 , X1K , X10K စသည်
ဖြင့်ဖော်ပြထားရာ ၄င်းတို့ သည် မြောက်ဖော်ကိန်းများဖြစ်
ကြောင်းသိထားရပါမည်။Resistor တစ်လုံးကိုတိုင်းတာသည့် 
အခါ X10 တွင်ထားပြီးတိုင်းတာပါကဇယားတွင် (၃၀)ကိုညွန်ပြ
နေလျှင် ၃၀ ကို ၁၀ ဖြင့် မြောက်ပြီးရလာသော ၃၀၀သည် 
resistor ၏တန်ဖိုး 300Ω ဖြစ်ပါသည်။
၎င်းအပြင် ဆက်သွယ်မူကောင်း၊မကောင်းကိုတိုင်းတာရန်
အတွက် X1 တွင်ထားပြီးတိုင်းတာနိုင်သလို
မီးလုံးကောင်း ၊ မကောင်း။
Diode ကောင်း ၊ မကောင်း ။
Condenser ကောင်း ။မကောင်း။ 
Transformer ကောင်း ၊ မကောင်း။
Mic ကောင်း ၊မကောင်း။
Speaker ကောင်း ၊မကောင်း။ 
Transistor ငုတ် ရွေးချယ်ခြင်းကောင်း ၊မကောင်း။
Fuse ကောင်း ၊မကောင်း။ စသည် တိုကိုတိုင်းတာနိုင် ပါသည်။
AC Volt တိုင်းတာခြင်း
AC တိုင်းတာစကေးတွင် 10 , 50 , 250 ,1000 စသည်ဖြင့်ဖော်
ပြထားပါသည်။ဥပမာအိမ်သုံးလျှပ်စစ်သည် AC 220 Volt ဖြစ်
သောကြောင့် 220 V ထက်များသော 250 တွင်ထားပြီးတိုင်းတာလျှင်
ACV ဟုရေးထားသောမျဉ်းကြောင်းတွင် 220 သို့ 
ဖော်ပြနေပါမည်။
အကယ်ရ်ျ 220 ထက်များသော 1000 တွင်လည်းတိုင်းတာနိုင်ပါ
သည်။ 220ထက် နည်းသော 10 , 50 တွင်တော့တိုင်းတာ ရ်ျမရ
နိုင်ပါ။တိုင်းတာခဲ့လျှင် Fuse ပြတ်သွားမည်ဖြစ်သည်။1000 တွင်
ထားပြီးတိုင်းတာမည် ဆိုပါက ACV တွင် ဖော်ပြထားသော 50,100,150,200,250 တို့ မဟုတ်တော့ဘဲ၎င်းတို့ နေရာတွင် 200,400,600,800,1000 တို့ ဖြစ်သွားပါမည်။အဘယ်ကြောင့်ဆိုသော် အကွက် 5 ကွက်ကို 1000 ဟုသတ်မှတ်ထားသဖြင့် 1000 --ံ့ 5=200 ဖြစ်သောကြောင့် ဖြစ်ပါသည်။ထိုကြောင့် 50 ကျော် အစိတ် 2စိတ်တွင်ပြနေပါမည်။ ၄င်းသည် 50 ကို 200 ဟုသတ်မှတ်ထားသဖြင့် 220 ဟုပြနေခြင်းဖြစ်ပါသည်။ အကယ်ရ်ျ 50တွင် ထားမည်ဆိုပါက 50 --ံ့ 5 =10 ဖြစ်သော်ကြောင့် 10,20,30,40,50 တို့ ဖြစ်ပြီတိုင်းတာလို့ မရနိုင်ပါ။
DC Volt တိုင်းတာခြင်း
DCV တွင် 0.1,0.5,2.5,10,50,250,1000ဟုဖော်ပြထားသည်။ AC volt တိုင်းခြင်းကဲ့သို့ ပင် အတူတူဖြစ်သည်။အနီလက်တံသည် + ဖြစ်ပြီးအနက်လက်တံသည် - ဖြစ်သည်။ Reading Scale တွင်
2,4,6,8,10 ဟုဖော်ပြထားသည်။ထိုအတွက်ကြောင် 10 တွင်ထားပြီးတိုင်းလျှင် 10Volt ထက်နည်းသော DC Volt များကိုတိုင်းတာနိုင်သည်။ ဥပမာ 12 Volt Battery တစ်လုံးကိုတိုင်းမည် ဆိုလျှင်စကေး 50 တွင်ထားပြီးတိုင်းရမည်။ထို့ ကြောင့် 2,4,6,8,10 နေရာတွင် 10,20,30,40,50 ဟုမှတ်ယူပြီးတိုင်းတာပါလေ။
DC Amperတိုင်းတာခြင်း (DC mA)
စက်တစ်လုံး လျှပ်စီးစားသုံးခြင်းမည်မျှရှိသည်ကိုတိုင်းတာခြင်းမှာAmperတိုင်းတာခြင်းဖြစ်သည်။ Analog Multimeterတွင် DC Amperသာတိုင်းတာနိုင်ပြီး AC Amperကိုတိုင်းတာခြင်းမပြုနိုင်ပါ။
Volထုပ်ပေးမည့် Power Supply နှင့် Volများကိုသုံးစွဲမည့် စက်တို့ ၏ ကြားတွင်မီတာကို ကြားခံပြီးတိုင်းတာရပါမည်။AC Vol ,DC Volတိုင်းတာစဉ်ကကဲ့သို့ ထောက်တံနှစ်ခုကိုတိုက်ရိုက် ထောက်ပြီးတိုင်းတာခြင်းမပြုရပါ။ 
တိုင်းတာခြင်းမပြုမီမီတာကိုAmperတိုင်းတာနိုင်သောစကေးကွက်သို့ ပြောင်းရွေလှည့်ရာတွင် Amperအများဆုံးတိုင်းတာနိုင်သည့် စကေးသို့  လှည့်ပေးရမည်။လိုအပ်မှသာအနည်းဘက်သို့  တစ်ဆင့်ပြီးတစ်ဆင့် တိုင်းတာရမည်။
ထိုနောက် Power Supply မှ ထွက်ရှိလာသောအနှုတ်ဗို့ ကိုသုံးစွဲမည့်စက်၏ အနုတ်ဗို့ နေရာသို့ တိုက်ရိုက်ဆက်သွယ်ပါ။Power Supply မှ ထွက်ရှိလာသောအပေါင်းဗို့ နေရာတွင် မီတာ၏အနီလက်တံကိုထောက်ပါ။ထိုနောက် မီတာ၏အနက်လက်တံကိုတိုင်းတာမည့် စက်၏အပေါင်းဗို့ ပေးသွင်းရမည့် နေရာတွင်ထောက်ပါ။ပြီးလျှင် ပါဝါခုလုပ်ကို ဖွင့်လိုက်ပါ။ထိုအခါ Amperကိုတိုင်းတာနိုင်ပါပြီ။
၊ BATT (Battery) တိုင်းတာရန်
နောက် တစ်ကွက်ကတော့ Battery 1.5V နှင့် 9V တို့ ကိုအလွယ်တကူတိုင်းတာနိုင်ရန် ပြုလုပ်ထားခြင်းဖြစ်ပါသည်။DC Vol
တိုင်းတာခြင်းနှင့်အတူတူဖြစ်ပါသည်။
Analog Multimeterကိုအလွယ်တကူသုံးစွဲနိုင်ကြပါစေ။. . . . .
Credit to ♕ Ko Nay Myo
Android Phone ကို ကားရဲ့ Audio System နဲ့ ချိတ်ဆက်နည်းများ
ယာဉ်မောင်းသူ အများစုက ကားမောင်းနေစဉ် သီချင်း
များကို နားထောင် ခံစားလေ့ ရှိပါတယ်။ ဒါပေမယ့် ရေဒီ
ယိုများက သင်နားထောင် ချင်တဲ့ သီချင်းကို ဖွင့်ပေးမှာ မ
ဟုတ်ပါဘူး။ 
CD တွေကလည်း ပျက်ဆီးလွယ်တဲ့ အတွက် အဆင် 
မပြေပါဘူး။ Android Phone မှာ စိတ်ကြိုက် သီချင်း
များစွာ ထည့်သွင်း ထားသူများ အတွက် ဖုန်းမှ သီချင်း
များကို ကားရဲ့ Audio System နဲ့ ချိတ်ဆက် 
နားထောင် ချင်ရင် နည်းလမ်း များစွာ ရှိပါတယ်။
Analogue Cable
လူအများစု အသုံးပြုကြတာက 3.5mm Mini Jack 
Cable ဖြစ်ပါတယ်။ ကြိုးရဲ့ တစ်ဖက်ကို သင့်ဖုန်းရဲ့ 
Headphone Jack မှာ တပ်ဆင်ရမှာ ဖြစ်ပြီး
နောက်တစ်ဖက်ကို ကားရဲ့ Audio System မှာ တပ်
ဆင် ရမှာပါ။ ဒီလို ချိတ်ဆက်ဖို့ နည်းများစွာ ရှိပါတယ်။ 
Car Audio System ရဲ့ အရှေ့ဖက် သို့မဟုတ် 
Dashboard ရဲ့ အနောက်ဘက်မှာ 
တပ်ဆင်နိုင်ပါတယ်။
Cassette Tape Player တပ်ဆင် ထားတဲ့ ကားများ
မှာတော့ Cassette Adapter ကို အသုံးပြုနိုင် ပါတယ်။
ဈေးနှုန်းသက်သာပြီး MP 3 Player သို့မဟုတ် ဖုန်းမှ 
Headphone နဲ့ ချိတ်ဆက်နိုင် ပါတယ်။ ပြီးရင်တော့
ဖုန်းမှ သီချင်း များကို ကားရဲ့ စပီကာ ကနေ ခံစားနား
ထောင် နိုင်ပါပြီ။ ဖုန်းမှသာ မက အင်တာနက်မှ သီချင်း
များ ကိုတောင် နားဆင်နိုင် ပါတယ်။
Bluetooth
ခေတ်ပေါ် ကားများရဲ့ Audio System မှာ Bluetooth 
ပါရှိ ကြပြီး သင့်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင် ပါတယ်။ ဒီ
လို ချိတ်ဆက်ဖို့ အတွက် သင့်ကားရဲ့ Audio System 
မှ Bluetooth ကိုဖွင့်ပါ။ Discoverable ဖြစ်အောင် ပြု
လုပ်ပါ။
သင့်ရဲ့ Android Device မှာ Settings>Wireless 
and Networks>Bluetooth Settings ထဲသွားပြီး 
Bluetooth ကိုဖွင့်ပါ။ Scan ပြုလုပ်ပြီး ကားရဲ့ Audio 
System ကို ရှာဖွေပြီး Pair လုပ်ပါ။
Bluetooth ရဲ့ အားသာချက်က တစ်ခါသာ ချိတ်ဆက် 
ရပြီး နောက်ပိုင်းမှာ ချိတ်ဆက်စရာ မလိုတာပါ။ 
အားနည်းချက်က သင့်ဖုန်းရဲ့ ဘက်ထရီကို 
အကုန်မြန်စေတာပါ။ ဒီနည်းနဲ့ သီချင်းနားထောင်ရင်
တော့ ကားထဲမှာ ဖုန်းကို အားသွင်းထားရင် အဆင်
ပြေစေမှာ ဖြစ်ပါတယ်။ ဖုန်းမှသာမက အင်တာနက်မှ 
သီချင်းများနဲ့ ရေဒီယိုများကို နားဆင်နိုင်ပါတယ်။
USB
Bluetooth လိုပဲ ခေတ်သစ်ကားအချို့ရဲ့ Audio 
System မှာ ပြင်ပ Storage Device များကို ချိတ်ဆက်
နိုင်တဲ့ USB Cable ပါရှိပါတယ်။ အဲဒီကြိုးကနေ 
သင့်ဖုန်းနဲ့ ကားရဲ့ Audio System ကို ချိတ်ဆက်နိုင်ပြီး 
သီချင်းများ နားဆင်နိုင်ပါတယ်။
ချိတ်ဆက်ပြီးရင်တော့ သင့်ဖုန်းမှာ Storage Mode 
ကိုပြောင်းပေးရမှာပါ။ ဒီလိုလုပ်ဖို့ Notification Bar ကို 
ဆွဲချပြီး USB Mass Storage သို့မဟုတ် USB 
Connection Mode ကို ပြောင်းပေးပါ။ ဒါကတော့ ဖုန်း
ထုတ်လုပ်သူတွေ အပေါ်မူတည်ပြီး အခေါ်အဝေါ် 
ကွဲပြားပါတယ်။ ပြီးရင်တော့ ကားရဲ့ Audio System 
မှာ ဖုန်းမှ သီချင်းများကို တွေ့မြင်နိုင်ပါပြီ။
ဒီနည်းလမ်းရဲ့ အားနည်းချက်က သင့်ဖုန်းမှာ သိမ်းထား
တဲ့ MP3 သီချင်းများကိုသာ နားထောင်နိုင်တာ ဖြစ်ပြီး 
အင်တာနက်မှ သီချင်းများကို နားဆင်လို့ မရတာပါ။ 
ဒါပေမယ့် သီချင်းနားဆင်နေစဉ်မှာ ဖုန်းကို အားသွင်း
ပေးနေမှာပါ။
FM Transmitter
အချို့ ဖုန်းများမှာ FM Transmitter စွမ်းဆောင်ချက် ပါရှိ
ပါတယ်။ ဒါကို အသုံးပြုနိုင်သလို Quick FM 
Transmitter လို App များကို အသုံးပြုပြီး သင့်ဖုန်းမှ 
သီချင်းများကို ကားရဲ့ စပီကာကနေ နားထောင်
နိုင်ပါတယ်။
နောက်တစ်နည်းက ဈေးနှုန်း သက်သာတဲ့ FM 
Transmitter ကိရိယာကို ၀ယ်ယူရမှာပါ။ အဲဒီ ကိရိယာ
ကို ဖုန်းရဲ့ Headphone Jack မှာ တပ်ဆင်ရမှာပါ။ အ
လုပ်လုပ်ပုံက Analogue Cable နဲ့ တူညီပေမယ့် FM 
Transmitter ကို ကားရဲ့ အားသွင်းစက်မှာ တပ်ဆင်
ထားရမှာပါ။
ရွေးချယ်စရာ နည်းလမ်း များစွာ ရှိပေမယ့် အများစုက 
Analogue Cable , Cassette Adapter တို့ကို 
အသုံးပြုနေ ကြပါတယ်။ ဒါဟာကားရဲ့ Audio System 
မှာ Bluetooth ပါရှိတယ် ဆိုတာ မသိကြလို့ ဖြစ်နိုင်ပါ
တယ်။ ဒါမှမဟုတ် Cassette Player များ တပ်ဆင်ထား
တဲ့ ကားအဟောင်းများ အသုံးပြုနေ ကြလို့ ဖြစ်နိုင် 
ပါတယ်။ သင့်ရဲ့ ကားမှာ Digital Sound System ပါရှိ
တယ် ဆိုရင် Analogue Cable နည်းလမ်းဟာ အသံ 
အရည်အသွေး အပြည့်အ၀ မရနိုင် တာကို မှတ်
သားထားပါ။
Myanmar digital life By Thu Ya
လက်ရှိ စမ်းသပ်ဆောင်ရွက်နေဆဲ ကာလဖြစ်ကြောင်း၊ဈေးနှုန်းများကို ညှိနှိုင်းနေသေးကြောင်း သိရသည်။
အဆိုပါဝန်ဆောင်မှုကို အသုံးပြုမည်ဆိုပါက Package အလိုက် ခွဲခြားထားမည်ဖြစ်ပြီး အသုံးပြုသော Package အပေါ်မူတည်၍ ဈေးနှုန်းကွာခြားသွားမည်ဖြစ်ကြောင်းသိရသည်။
#######
"ကြိုးမဲ့အင်တာနက်ပေးဖို့ စီစဉ်နေတဲ့ VMG telecom"
==
ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှု (Wifi) ပေးရန် စီစဉ်ထားကြောင်း VMG Telecom မှ မန်နေဂျင်း ဒါရိုက်တာ မစမိုင်းလ်က ပြောသည်။
လက်ရှိ ISP လိုင်စင်ရရှိထားပြီးနောက် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်မည်ဖြစ်ရာ အဆိုပါဝန်ဆောင်မှုကို စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ISP လိုင်စင်ရထားတာ နှစ်လလောက်ရှိပြီ။ ရရပြီးချင်း Ytalk ကို စမိတ်ဆက်တယ်။ အရင်တုန်းက ရတနာပုံနဲ့ ပေါင်းတယ်။ အခုကသီခြားလုပ်တာ။ ပိုပြီး ဝန်ဆောင်မှုချဲ့တာ။ ISP ရပြီးတော့ ဆက်လုပ်မယ့် လုပ်ငန်းတွေကတော့ ဝိုင်ဖိုင်တွေလွှင့်မယ်။ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူး။ ကြိုးစားပြီးတော့ လုပ်သွားမယ်။ အင်တာနက်က ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတယ် ဆိုပေမယ့် သုံးလို့ မရသေးတာတွေ ရှိတယ်။ အင်တာနက်စနစ် ကောင်းဖို့လိုနေတယ်။ တတ်နိုင်သလောက် တိုးချဲ့ပြီးလုပ်သွားမယ်” ဟု ပြောကြားသည်။
လက်ရှိ စမ်းသပ်ဆောင်ရွက်နေဆဲ ကာလဖြစ်ကြောင်း၊စျေးနှုန်းများကို ညှိနှိုင်းနေသေးကြောင်း သိရသည်။
“စျေးနှုန်းကတော့ သက်သာမယ်။ လိုင်းက မိုဘိုင်းဖုန်းထက် ပိုမြင့်မယ်။ ရုံးတွေအတွက်ကို အဓိကထား ဆောင်ရွက်နိုင်မယ်” ဟု ဆက်လက်ပြောကြားသည်။
အဆိုပါဝန်ဆောင်မှုကို အသုံးပြုမည်ဆိုပါက Package အလိုက် ခွဲခြားထားမည်ဖြစ်ပြီး အသုံးပြုသော Package အပေါ်မူတည်၍ စျေးနှုန်းကွာခြားသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကုမ္ပဏီအနေဖြင့် မော်တော်ယာဉ်သွားရာ လမ်းကြောင်းများအား ခြေရာခံသိရှိနိုင်သည့်စနစ် (Tracking System) ကိုလည်း ဝန်ဆောင်မှုပေးရန် စီစဉ်နေကြောင်း၊ မော်တော်ယာဉ်သွားရာ လမ်းကြောင်းအတိုင်း ညွှန်ပြပေးထားမည်ဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို နာရီတိုင်း သိရှိနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
http://www.internetjournal.media/news/4324
Monkey Test virus killer
Monkey Test virus killer
Android ဖုန်းတွေမှာအခုနောက်ပိုင်း virus ဖြစ်တဲ့ Monkey Tesk & Time Service ပြသနာများအတွက် One Click Tool လေးပါ။ ‪#‎Credit‬ Phyo Nyi Nyi
 DOWNLOAD
Followers