LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

Android Phone ကို ကားရဲ့ Audio System နဲ့ ချိတ်ဆက်နည်းများ


ယာဉ်မောင်းသူ အများစုက ကားမောင်းနေစဉ် သီချင်း

များကို နားထောင် ခံစားလေ့ ရှိပါတယ်။ ဒါပေမယ့် ရေဒီ

ယိုများက သင်နားထောင် ချင်တဲ့ သီချင်းကို ဖွင့်ပေးမှာ မ

ဟုတ်ပါဘူး။ 

CD တွေကလည်း ပျက်ဆီးလွယ်တဲ့ အတွက် အဆင် 

မပြေပါဘူး။ Android Phone မှာ စိတ်ကြိုက် သီချင်း

များစွာ ထည့်သွင်း ထားသူများ အတွက် ဖုန်းမှ သီချင်း

များကို ကားရဲ့ Audio System နဲ့ ချိတ်ဆက် 

နားထောင် ချင်ရင် နည်းလမ်း များစွာ ရှိပါတယ်။

Analogue Cable

လူအများစု အသုံးပြုကြတာက 3.5mm Mini Jack 

Cable ဖြစ်ပါတယ်။ ကြိုးရဲ့ တစ်ဖက်ကို သင့်ဖုန်းရဲ့ 

Headphone Jack မှာ တပ်ဆင်ရမှာ ဖြစ်ပြီး

နောက်တစ်ဖက်ကို ကားရဲ့ Audio System မှာ တပ်

ဆင် ရမှာပါ။ ဒီလို ချိတ်ဆက်ဖို့ နည်းများစွာ ရှိပါတယ်။ 

Car Audio System ရဲ့ အရှေ့ဖက် သို့မဟုတ် 

Dashboard ရဲ့ အနောက်ဘက်မှာ 

တပ်ဆင်နိုင်ပါတယ်။

Cassette Tape Player တပ်ဆင် ထားတဲ့ ကားများ

မှာတော့ Cassette Adapter ကို အသုံးပြုနိုင် ပါတယ်။

ဈေးနှုန်းသက်သာပြီး MP 3 Player သို့မဟုတ် ဖုန်းမှ 

Headphone နဲ့ ချိတ်ဆက်နိုင် ပါတယ်။ ပြီးရင်တော့

ဖုန်းမှ သီချင်း များကို ကားရဲ့ စပီကာ ကနေ ခံစားနား

ထောင် နိုင်ပါပြီ။ ဖုန်းမှသာ မက အင်တာနက်မှ သီချင်း

များ ကိုတောင် နားဆင်နိုင် ပါတယ်။



Bluetooth

ခေတ်ပေါ် ကားများရဲ့ Audio System မှာ Bluetooth 

ပါရှိ ကြပြီး သင့်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင် ပါတယ်။ ဒီ

လို ချိတ်ဆက်ဖို့ အတွက် သင့်ကားရဲ့ Audio System 

မှ Bluetooth ကိုဖွင့်ပါ။ Discoverable ဖြစ်အောင် ပြု

လုပ်ပါ။

သင့်ရဲ့ Android Device မှာ Settings>Wireless 

and Networks>Bluetooth Settings ထဲသွားပြီး 

Bluetooth ကိုဖွင့်ပါ။ Scan ပြုလုပ်ပြီး ကားရဲ့ Audio 

System ကို ရှာဖွေပြီး Pair လုပ်ပါ။

Bluetooth ရဲ့ အားသာချက်က တစ်ခါသာ ချိတ်ဆက် 

ရပြီး နောက်ပိုင်းမှာ ချိတ်ဆက်စရာ မလိုတာပါ။ 

အားနည်းချက်က သင့်ဖုန်းရဲ့ ဘက်ထရီကို 

အကုန်မြန်စေတာပါ။ ဒီနည်းနဲ့ သီချင်းနားထောင်ရင်

တော့ ကားထဲမှာ ဖုန်းကို အားသွင်းထားရင် အဆင်

ပြေစေမှာ ဖြစ်ပါတယ်။ ဖုန်းမှသာမက အင်တာနက်မှ 

သီချင်းများနဲ့ ရေဒီယိုများကို နားဆင်နိုင်ပါတယ်။



USB

Bluetooth လိုပဲ ခေတ်သစ်ကားအချို့ရဲ့ Audio 

System မှာ ပြင်ပ Storage Device များကို ချိတ်ဆက်

နိုင်တဲ့ USB Cable ပါရှိပါတယ်။ အဲဒီကြိုးကနေ 

သင့်ဖုန်းနဲ့ ကားရဲ့ Audio System ကို ချိတ်ဆက်နိုင်ပြီး 

သီချင်းများ နားဆင်နိုင်ပါတယ်။

ချိတ်ဆက်ပြီးရင်တော့ သင့်ဖုန်းမှာ Storage Mode 

ကိုပြောင်းပေးရမှာပါ။ ဒီလိုလုပ်ဖို့ Notification Bar ကို 
ဆွဲချပြီး USB Mass Storage သို့မဟုတ် USB 

Connection Mode ကို ပြောင်းပေးပါ။ ဒါကတော့ ဖုန်း

ထုတ်လုပ်သူတွေ အပေါ်မူတည်ပြီး အခေါ်အဝေါ် 

ကွဲပြားပါတယ်။ ပြီးရင်တော့ ကားရဲ့ Audio System 

မှာ ဖုန်းမှ သီချင်းများကို တွေ့မြင်နိုင်ပါပြီ။

ဒီနည်းလမ်းရဲ့ အားနည်းချက်က သင့်ဖုန်းမှာ သိမ်းထား

တဲ့ MP3 သီချင်းများကိုသာ နားထောင်နိုင်တာ ဖြစ်ပြီး 

အင်တာနက်မှ သီချင်းများကို နားဆင်လို့ မရတာပါ။ 

ဒါပေမယ့် သီချင်းနားဆင်နေစဉ်မှာ ဖုန်းကို အားသွင်း

ပေးနေမှာပါ။



FM Transmitter

အချို့ ဖုန်းများမှာ FM Transmitter စွမ်းဆောင်ချက် ပါရှိ

ပါတယ်။ ဒါကို အသုံးပြုနိုင်သလို Quick FM 

Transmitter လို App များကို အသုံးပြုပြီး သင့်ဖုန်းမှ 

သီချင်းများကို ကားရဲ့ စပီကာကနေ နားထောင်

နိုင်ပါတယ်။

နောက်တစ်နည်းက ဈေးနှုန်း သက်သာတဲ့ FM 

Transmitter ကိရိယာကို ၀ယ်ယူရမှာပါ။ အဲဒီ ကိရိယာ

ကို ဖုန်းရဲ့ Headphone Jack မှာ တပ်ဆင်ရမှာပါ။ အ

လုပ်လုပ်ပုံက Analogue Cable နဲ့ တူညီပေမယ့် FM 

Transmitter ကို ကားရဲ့ အားသွင်းစက်မှာ တပ်ဆင်

ထားရမှာပါ။



ရွေးချယ်စရာ နည်းလမ်း များစွာ ရှိပေမယ့် အများစုက 

Analogue Cable , Cassette Adapter တို့ကို 

အသုံးပြုနေ ကြပါတယ်။ ဒါဟာကားရဲ့ Audio System 

မှာ Bluetooth ပါရှိတယ် ဆိုတာ မသိကြလို့ ဖြစ်နိုင်ပါ

တယ်။ ဒါမှမဟုတ် Cassette Player များ တပ်ဆင်ထား

တဲ့ ကားအဟောင်းများ အသုံးပြုနေ ကြလို့ ဖြစ်နိုင် 

ပါတယ်။ သင့်ရဲ့ ကားမှာ Digital Sound System ပါရှိ

တယ် ဆိုရင် Analogue Cable နည်းလမ်းဟာ အသံ 

အရည်အသွေး အပြည့်အ၀ မရနိုင် တာကို မှတ်

သားထားပါ။

Myanmar digital life By Thu Ya

0 Response to "Android Phone ကို ကားရဲ့ Audio System နဲ့ ချိတ်ဆက်နည်းများ"

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers