LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ
Showing posts with label အမွန်မြတ်ဆုံး တရားတော်. Show all posts
Showing posts with label အမွန်မြတ်ဆုံး တရားတော်. Show all posts

မေတ္တာနှလုံး အစဉ်သုံး (အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(PH.D) ပါမောက္ခချုပ်)

ရေးသားသူ-အဂ္ဂမဟာပဏ္ဍိတ
                           အရှင်​နန္ဒမာလာဘိဝံသ
စာအုပ်အမည်-မေတ္တာနှလုံး အစဉ်သုံး
Image Hosted by UploadHouse.com

မှန်နန်း မဟာရာဇ၀င်တော်ကြီး pdf


ဖိုင်ဆိုဒ် - ပထမတွဲ =26 MB
မှန်နန်း ရာဇ၀င်တော်ကြီး(ပထမတွဲ)
--------------------------------------


ဖိုင်ဆိုဒ် - ဒုတိယတွဲ =30 MB

မှန်နန်း ရာဇ၀င်တော်ကြီး(ဒုတိယတွဲ)
----------------------------------------


"ပွင့်တော်မူမည့် မြတ်စွာဗုဒ္ဓမေတ္တေယျ"PDF


"ဦးအောင်မွန်(မြတ်ဆုမွန်)"
ရေးသားပူဇော်သော
"ပွင့်တော်မူမည့် မြတ်စွာဗုဒ္ဓမေတ္တေယျ"


CREDIT
ဦးအင်းဝ  ဖေ့ဘွတ်စာမျက်နှာမှ

လယ်​တီ ဒီပနီ​ပေါင်းချုပ်


လယ်​တီဆရာ​တော်​ဘုရားကြီး

ရေးသားပြုစု​တော်​မူ​သော

လယ်​တီဒီပနီ​ပေါင်းချုပ်

မြန်မာ-အင်္ဂလိပ် သုံးကျမ်းတွဲ



အနောက်နိုင်ငံနှင့် ဝိပဿ နာ



နမော တဿ       ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

 ဒီ​နေ့ Newsweek မဂ္ဂဇင်းမှာ ရေးထားတဲ့ ဆောင်းပါး

တပုဒ်ကို 


အနည်းငယ်သုံးသပ် တင်ပြချင်ပါတယ်။ ဆောင်းပါး အ

မည်ကတော့ Buddha Lessons ဖြစ်ပါတယ်။ ရေး

ထားတာကတော့ ၀ိပဿနာ (Mindfulness 

meditation) ရှု့လုပ်တာ တက္ကသိုလ်တွေနဲ့ 

ဆေးရုံတွေမှာ တွင်ကျယ်လာတဲ့ အကြောင်း ဖြစ်ပါ

တယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး သုံးသပ်မိတဲ့ 

အတွေးလေးများကို ဝေငှချင်ပါတယ်ခင်ဗျာ။

Religion မဟုတ်ပါ

ကနေဒါနဲ့ အမေရိကနိုင်ငံ တက္ကသိုလ်၊ ဆေးရုံ၊ အစိုးရနဲ့ 
ပုဂ္ဂိလိက ဌာနကြီးတွေမှာ ဘုရားရှိခိုးဖို့ နေရာတွေ 

လုပ်ပေးထားပေးပါတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ 

ပါတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ဌာနအမည်သုံးပြီး 

လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်လည်း ခရစ်စမတ် 

ရုံးပိတ်ရက်အတွက် Merry Christmas လို့ နှုတ်

ဆက် စာတန်း သုံးတာ မရှိပါဘူး။ Happy Holiday 

လို့ပဲရေးရပါတယ်။ ဘာသာရေးနဲ့ 


ကင်းရှင်းအောင် လုပ်ကိုင်ရပါတယ်။

ဗုဒ္ဓဘာသာကိုလဲ ဘာသာရေး (Religion) တစ်ခု

အဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တော့ ဗုဒ္ဓ

ဘာသာဟာ မွတ်ဆလင်၊ ခရစ်ယာန် ၊ ဂျူးဘာသာတွေ

နဲ့ တူတာ အချက်တချက်ပဲရှိပါတယ်။ ဘာသာရဲ့ အဆုံး

အမတိုင်း နေထိုင် လုပ်ကိုင်သွားပါက​သေပြီးနောက်မှာ 

ကောင်းရာရောက်မယ် ဆိုတဲ့ အချက်ပဲ ရှိပါတယ်။ 

ကျန်တာတွေ

တော့ အဖြူနဲ့ အမဲလို ခြားနားပါတယ်။ အခုလိုရေးတာ 

တခြားဘာသာများကို နှိမ့်ချ ရေးသားချင်း မဟုတ်ပါ။ မှန်

ကန်သော အချက်အလက် အနေနဲ့ တင်ပြချင်းသာ ဖြစ်

ပါတယ်။

ဗုဒ္ဓဘာသာကို ဘာသာ(Religion) တစ်ခုလို့ 

သတ်မှတ်ထားတဲ့ အတွက် တက္ကသိုလ်နဲ့ ဆေးရုံတွေမှာ 
ဝိပဿ     နာ တရားထိုင်ခြင်းကို သင်

ကြားမပေးခဲ့ပါဘူး။ တရားဝင်အရ ဗုဒ္ဓဘာသာကို 

Religion လို့ 

သတ်မှတ် ထားပေးမယ့် အနောက်နိုင်ငံသားများသိတဲ့ 

Religion ဝေါဟာရထဲမှာ မပါဝင်ဘူးဆိုတာ ယနေ့ 

ပညာတတ်များ လက်ခံ လာကျပြီ ဖြစ်ပါတယ်။ 

နည်းနည်းလေး ရှုပ်နေပါတယ်။ မြန်မာစကားလုံး 

“ကိုးကွယ်ခြင်း (၀ါ) ဘာသာ” ကို “Religion” လို့ 

ဆီလျှော်အောင်  ပြောဆို သုံးနှုံန်းနေပေမယ့် မတူညီဘူး

ဆိုတာ သတိချပ်သင့်ပါတယ်။ ဘာသာပြန် စာရေးဆရာ

များ သိမည်ထင်ပါသည်။ အံ့သြစရာ အကောင်းဆုံး

ကတော့ “Religion” ဝေါဟာ၏ အမှန်တကယ် အနှစ်

သာရသည် မြန်မာ စကား “ကိုးကွယ်ခြင်း” နဲ့ လုံးဝကို 

ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။



သိမ်မွေ့နက်နဲသောတရားတော်

Kentucky တက္ကသိုလ်က စိတ်ဆရာဝန် Ruth Baer 

က “ တချိန်တုံးကဆိုရင် ဆေးသိပ္မံပညာရှင်တွေဟာ 

ဝိပဿ      နာကိုစိတ်အထင်နဲ့ ပေါက်ကရလုပ်နေတယ်လို့ 

ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီလူတွေ

ကိုယ်တိုင် ၀ိပဿ     နာကိုအလေးအနက်ထား ရမယ် ဆို

တာလက်ခံလာကျပါပြီ” လို့ပြောပါတယ်။ ဒီစကားမှာ 

တွေးစရာတွေပေါ်လာပါတယ်။ ဆေးလောကထဲမှာ 

ဝိပဿ     နာခေတ်စားလာတာ ဆယ်စုနှစ် အတွင်းမှာပဲ ရှိ

ပါသေးတယ်။ ၀ိပဿနာဟာ လွန်ခဲ့တဲ့


နှစ်ပေါင်း ၂၅၀၀ ကတည်းက ပေါ်လာခဲ့တာပါတယ်။ 

တကယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်က

တည်းက လေ့လာပြီး ဖြစ်သင့်ပါတယ်။ အနောက်နိုင်ငံ

က ဆရာဝန်တွေဟာ နှိက်နှိက်ချွတ်ခွတ် လေ့လာတယ်

ဆိုတာ မှန်ရဲ့လား။ ၀ိပဿနာရှိတာကို သတိမထားခဲ့ဘူးဆို

ရင်တော့လည်း တမျိုးပေါ့ဗျာ။ အခုဟာ ရှိမှန်းသိရက်နဲ့ 

မလေ့လာကျတာပါ။

ဒီအပေါ်မျာ ကျနော် သုံးသပ်ချက် နှစ်ခုချမိပါတယ်။ 

ပထမတစ်ချက်ကတော့ သိပ္မံပညာရှင်တွေဟာ ဘာ

သာရေးနဲ့ ဆက်နွယ်လာရင် အမြင်ကျဉ်းတယ်လို့ ယူဆ

ပါတယ်။ သူတို့တွေဟာ ခရစ်ယာန်နဲ့ မွတ်ဆလင်ဘာ

သာတွေလို ဗုဒ္ဓဘာသာကို တရားသေ၀ါဒ (Dogma) 

ပေါ်မှာတည်ဆောက်ထားတယ်လို့ ယုံကြည်ထားကျပါ

တယ်။ ၀ိပဿနာကို သိပ္မံနည်းကျ လက်တွေ့ စမ်းသပ်တာမ

ဟုတ်ပဲ သူတို့အထင်နဲ့ မှန်းပြောခဲ့တယ်ဆိုတာ ငြင်းလို့ 

မရတဲ့အချက်ပါ။

ဒုတိယအချက်ကတော့ အရမ်းကို အရေးကြီးပါတယ်။ 

စိတ်ဆရာဝန်တွေဟာ သာမန်လူတွေ မဟုတ်ပါဘူး။ 

နှစ်ပေါင်းများစွာ စိတ်အကြောင်းကို လေ့လာပြီး 

လက်တွေ့ လုပ်ကိုင် နေကျသူတွေပါ။ PhD စိတ်

ဆရာဝန်ကြီး တွေကိုယ်တိုင် ၀ိပဿနာကို ပေါက်ကရ 

လုပ်နေတဲ့ အလုပ်တခုလို့ ယူဆခဲ့ကျပါတယ်။ ဒါကို

ကြည့်ရင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်ဟာ 

တိမ်မယောင်နဲ့ နက်တယ်လို့ သုံးသပ်နိုင်ပါတယ်။ 

ဆရာဝန်ကြီးတွေကိုယ်တိုင် မနေ့ တနေ့ကမှ သူတို့အ

မှားကို မြင်လာကျတာပါ။

ဒီမှာ မြန်မာလူငယ်တွေ သတိပြုသင့်တယ်လို့ ယူဆ

ထား တာလေး ကိုတင်ပြချင်ပါတယ်။ မြန်မာလူငယ်တွေ

ဟာ ဗုဒ္ဓတရားတော်ကို ဝေဖန်တာတွေ ကြားနေရပါ

တယ်။ ခက်ခဲမယ်ထင်တဲ့ မေးခွန်းကိုလည်း 

ဘုန်းကြီးတွေကို မေးကျပါတယ်။ မိမိကိုယ်ကို အတွေး

အခေါ် ပညာရှင်ကြီး တယောက်ပမာ ဂုဏ်ယူကျပါ

တယ်။ တကယ်တော့ မြတ်စွာဘုရားဥာဏ်တော်ကို 

PhD ဆရာဝန်ကြီးတွေပင် လိုက်မမှီတဲ့အတွက် 

လူငယ်တွေ မဝေဖန်သင့်ပါဘူး။ သံသတရာ 

တလျှောက်လုံး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် 

လူငယ်တွေ ဝေဖန်လာရင် ဆရာဝန်ကြီးတွေ ဖြစ်ပျက်ပုံ

ကို ဥပမာပေးပြီး တားမြစ်သင့်ပါတယ်။ ဒါပေမယ့် 

ဝေဖန်တာနဲ့ တွေးခေါ်တာ ကွဲပြားတယ်ဆိုတာ သတိ

ထားဖို့လိုပါတယ်။ တရားတော်အပေါ်မှာ တွေးခေါ်ပါ။

မတွေးခေါ်တဲ့သူတွေဟာ ချဲဂဏန်းပေးနေတဲ့ ဘုန်းကြီး

ကို ကိုးကွယ်တဲ့ အဖြစ်မျိုး ရောက်သွားတတ်ပါတယ်။


အနာမျိုး ၉၆ပါး အတွက် တရားတော် 

ဝိပဿနာအစွမ်းနဲ့ အနာမျိုး ၉၆ ပါး ကုသနိုင်တယ်လို့ပြော

ရင် ယုံမယ်မထင်ပါဘူး။ မဂ္ဂဇင်းတွေမှာ ဆေးတွေဟာ 

ရောဂါမျိုးစုံပြောက်တယ် လို့ လိမ်ပြီးကြော်ငြာနေတော့

ကျနော့စကားကို ယုံမယ် မထင်ပါဘူး။ မယုံချင်နေပါ။ ဒီ

ဘက်မှာတော့ လက်တွေ့ အသုံးပြုနေကျပါပြီ။

စိတ်ညစ် (Stress) ၊ စိတ်ဓါတ်ကျ(Depression) ၊ 

သတ်သေချင်စိတ်ဖြစ်နေတဲ့ သူတွေအားလုံးကို ၀ိပဿနာ 

နဲ့ကုသနေကျပါတယ်။ နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာ

ရှင်တွေလည်း ဆေးတွေနေရာမှာ တရားထိုင်တဲ့နည်းနဲ့ 

အစားထိုးလာပါတယ်။ သွေးလှည့်ပတ်မှု နဲ့ရောဂါပိုး

တိုက်ခိုက်ရေးမှာ အထောက်အကူပြုတယ်လို့ တွေ့ရှိ

လာပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ AIDS လို ဆေးမရှိ

တဲ့ ရောသည်တွေလည်း တရားထိုင် နေကြပြီ ဖြစ်ပါ

တယ်။ ရုပ်နဲ့ နာမ် ဆက်စပ်တယ်ဆိုတဲ့ သဘောတရား

လည်း ဒီမှာသတိထားနိုင်ပါတယ်။ အရေပြား နီပြီး 

ခြောက်သွေ့တဲ့ရောဂါ အရေပြား ဝေဒနာ ရှင်တွေ 

တရားထိုင်ရင် လေးဆပိုမြန်ပြီးပြောက်တယ် ဆိုတာ 

တွေ့ရှိထားတယ်တဲ့။

လှချင်ပချင်တဲ့ မိန်းခလေးတွေ ၀ိပဿနာ လုပ်ပါလို့ပြောရင် 

နောက်တယ်ထင်မလား။ မထင်ပါနဲ့ခင်ဗျာ။ 

အတည်ပြောတာပါ။ အ၀လွန်နေတဲ့သူတွေ အ၀လျော့

သွားအောင် ၀ိပဿနာကို အားကိုးနေပါပြီ။ တရားမှတ်ပြီး 

စားသုံးချင်းဟာ အစားလွန်တာ ကို ကာကွယ်ပေးတယ်

တဲ့ဗျ။ ပိန်တဲ့ မိန်းခလေးတွေအတွက်တော့ သွေးလည်

ပတ်မှု ကောင်းတဲ့ အကျိုးထူးခံစားရမှာ ဖြစ်ပါတယ်။

ကိုးကားချက်Buddha Lessons


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ 

စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ 

လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်

သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာ

စေမည်ဖြစ်ပါသည်။)

မ​သေခင်​ ခုနစ်​ရက်​အလိုမှာ

     လူ့ဘ၀ကြီးတစ်ခုဟာ မိခင်ဝမ်းထဲအရည်ကြည်လေးကစပြီး နောက်ဆုံးမြေကြီးမှာ အဆုံးသတ်
ပါတယ်။ နှစ် ၆၀၊ ၇၀၊ ၈၀၊ ၉၀ စသည့် အတိုင်းအတာလေးကို လူ့ဘ၀တစ်ခုလို့ သတ်မှတ်နေကြပါ
တယ်။ ဒို့တွေအားလုံးက မခေါ်ဘဲနဲ့ လာခဲ့တဲ့ (ဘ၀တစ်ခု) လူ့ဘ၀ရလာကြပြီး တစ်နေ့နေ့ တစ်ချိန်ချိန်
မှာ မနင်ဘဲနဲ့လဲ လူ့ဘ၀ကိုစွန့်ခွါပြီး ပြန်ကြရဦးမှာပါ။ လူ့ဘ၀ကို စွန့်ခွါမသွားခင် အတောအတွင်းမှာ
သံသရာခရီးကို
လောဘ၊ ဒေါသ၊ မောဟ၊  မာန၊  ဣဿာ၊  မစ္ဆရိယ၊ ကုက္ကုစ္စ အစရှိတဲ့ မကောင်းတဲ့စိတ်တွေနဲ့ မိုက်မဲ
ပြီးတော့ အကုသိုလ်ဝန်ထုတ်ကြီးကို သယ်ယူသွားမယ်ဆိုရင် ရခဲလှတဲ့ လူ့ဘ၀ရခိုက် အရှုံးကြီးရှုံးပါ
လိမ့်မယ်။ ဒါကြောင့် “ မခေါ်ပဲနဲ့ လာခဲ့တယ်၊ မနင်ပဲနဲ့ ပြန်ဦးမယ်၊ မပြန်ခင်မှာ ကုသိုလ်ရှာ ငါတို့အတွက်
ပါ။ ” ဥပမာ ဓမ္မမိတ်ဆွေတို့မှာ သားသမီး (၁၀)ယောက်ရှိတယ်ဆိုပါစို့၊ သားသမီးအားလုံး လိမ္မာကြပြီး
သူဌေးကြီး၊ အရာရှိကြီး၊ ဗိုလ်ချုပ်ကြီးတွေဆိုပါတော့... လောကအမြင်မှာ ပြည့်စုံနေပြီပေါ့။
          ငါ့မှာ သားသမီးတွေက ပြည့်စုံပြီးသားဆိုပြီး ကိုယ်ကျန်းမာတုန်း မာန်မာနထောင်လွှားလို့
ရကောင်း ရနိုင်ပေမယ့် ကိုယ်ကိုတိုင် ကုတင်ပေါ်လဲလျောင်းပြီး သေမယ့်ဘေးကြုံလာပြီဆိုရင် ပြည့်စုံ
နေတဲ့ သားသမီး (၁၀)ယောက်က ငါရဲ့သေခြင်းတရားကို ဘယ်သူက လွှဲပြောင်းယူနိုင်မှာလဲ?။ ကယ်တင်
နိုင်မှာလဲ ?။ မသေပါနဲ့လို့ တားပေးနိုင်မှာလဲ ?။ မင်းတို့က ငါ့ကိုချစ်တယ်ဆို .. မင်းတို့ရှာဖွေစု
ဆောင်းထားတဲ့ တိုက်တွေ၊ ကားတွေ၊ ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေနဲ့ ငါ့ကိုမကယ်နိုင်ကြ
ဘူးလားလို့ မေးကြည့်ပါ။ ဘယ်သူမှ ကယ်တင်လို့ မရနိုင်ပါ။ ဒါကြောင့် ကုသိုလ်သည်သာ အားကိုးရာပါ။
          ဓမ္မမိတ်ဆွေတို့ နိဗ္ဗာန်သို့ မရောက်မချင်း သံသရာခရီးသည်ပါ။ လက်ရှိဘ၀မှာ ပစ္စည်းဥစ္စာဓန
ပြည့်စုံမှုမရှိသော်လည်း ကုသိုလ်တရားကိုသာအားကိုးပါ။ ဆင်းရဲရင်ဒီတစ်ဘ၀ပါပဲ၊ အဲဒီလို မဟုတ်ပဲ
ကြွယ်ဝချမ်းသာဖို့ပဲရွေးပြီး အကုသိုလ် ၀န်ထုပ်ဝန်ပိုးကြီးကို သယ်သွားကြမယ်ဆိုရင် နောက်သံသရာ
တစ်လျောက်လုံး ဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံရမှာပါ။ ဒါကြောင့် မြတ်စွာဘုရားက “အိုချစ်သားတို့ ငါ့မှာ
သားသမီးတွေရှိတယ်၊ ပစ္စည်းဥစ္စာတွေရှိတယ်၊ ဤသို့တွေးတော၍နေသော် အသိဉာဏ်မကြွယ်ကြသေး
တဲ့အတွက် သားစိတ်၊ သမီးစိတ်၊ ပစ္စည်းဥစ္စာစိတ်တို့ဖြင့် ပင်ပန်းဆင်းရဲ၍နေကြကုန်၏” ။ သားစိတ်၊
သမီးစိတ်၊ ပစ္စည်းဥစ္စာစိတ်နဲ့သေရင် ဒုက္ခတိပြိတ္တာဘုံသို့ ကျရောက်ပါမယ်။
         တစ်နေ့သ၌ သာဝတ္ထိမြို့ ဇေတ၀န်ရွှေကျောင်းတော်မှာ သီတင်းသုံးနေထိုင်တော်မူတဲ့ ဘုရားရှင်
က  ဉာဏ်တော်ဖြင့် မဟာဓနကုန်သည်ကြီးကို မြင်ပါတယ်။ အော်  ရှင်မယ့်အသက်ကလေးက ခုနှစ်ရက်
ပဲ ကျန်တော့တယ်။ သူ သေမယ့်အချိန်ကို မသိဘဲ ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်နေပါလား ?။ ငါဘုရားမှ တရားသွားမဟောရင်
ဒုက္ခရောက်တော့မယ်လို့   ညီတော်အာနန္ဒာကိုခေါ်ပြီး မဟာဓနကုန်သည်ဆီကြွတော်မူပါတယ်။
          အဲဒီမှာ မဟာဓနကုန်သည်ဟာ ဗာရာဏသီမှ ရောင်းကုန်ပစ္စည်းများကို လှည်းငါးရာအပြည့်တင်
လာပြီး သာဝတ္ထိသို့ မြစ်မကူးခင် မြစ်ကမ်းနား၌ လှည်းများဖြုတ်ပြီး ညအိပ်ရပ်နားနေချိန် မိုးကြီးသည်း
ထန်ရွာသွန်းသဖြင့် ခုနှစ်ရက်တိုင်တိုင် မြစ်ရေကြီးနေတဲ့အတွက် နက္ခတ်သဘင်ပွဲမှာ ရောင်းချမယ့်ကုန်
ပစ္စည်းများ မပြီးမပြတ်ဘဲ နက္ခတ်သဘင်ပွဲပြီးဆုံးသွားပါတယ်။ မဟာဓနကုန်သည်က ဒီတစ်ခေါက်
တော့ အရှုံးကြီးရှုံးပါပြီ၊ သေချင်စိတ်ပေါက်ပါပြီဆိုပြီး ကုန်ရှုံးလို့ ရူးမတတ်ခံစားနေချိန်... ဘုရားရှင်က
ညီတော်အာနန္ဒာ.. ဟိုမှာကြည့်စမ်း.. မဟာဓနကုန်သည် ခုနှစ်ရက်ကြာလျှင် သေမင်းခံတွင်းသို့ သက်ဆင်း
လတ္တံ့ဟု မိန့်ကြားတော်မူပါတယ်။ အာနန္ဒာက ဤအကြောင်းကို မဟာဓနကုန်သည်အားပြောပြကာ
ဒကာကြီး လူ့ဘ၀ဆိုတာက သေခြင်းတရားနဲ့ချုပ်ဆိုထားတာမရှိဘူး။ ကွေးသောလက် မဆန့်ခင်၊ ဆန့်
သောလက် မကွေးခင် သေနိုင်တယ်။ ဒါကြောင့် ကုသိုလ်ပြုမယ်ဆိုရင် မြန်မြန်သာ ကုသိုလ်ပြုပါလို့
ပြောလိုက်တော့ မဟာဓနကုန်သည်က စဉ်းစားတယ်။ မြတ်စွာဘုရားနဲ့ ညီတော်အာနန္ဒာဆိုတာ မဟုတ်
မမှန်သောစကားကို မပြောဘူး။ ကိုယ့်တစ်သက်တာကိုပြန်ကြည့်တော့ ကုန်သည်လုပ်ရင်း ကုသိုလ်ပြုမှု
မရှိဘဲ နေခဲ့တာ အခု အသက် (၇၀) ရှိနေပြီ။ နေမယ့်ရက်က ခုနှစ်ရက်သာကျန်တော့တယ်ဟုတွေးကာ
ကြောက်ရွံ့လှသဖြင့် ဘုရားရှင်နှင့်တကွ သံဃာတော်များအား ခုနှစ်ရက်တိုင်တိုင် ပင့်ဖိတ်၍ အလှူကြီး
ပေးလှူရာ ဘုရားရှင်ကဒေသနာတော် ဟောကြားတော်မူရာ မဟာဓနကုန်သည် သောတာပန်ဖြစ်လေပါတယ်။
မဟာဓနကုန်သည်ဟာ ခေါင်းခဲသကဲ့သို့ဖြစ်ပြီး အိပ်နေစဉ်မှာပင်သေဆုံးကာ တုဿီတာနတ်ပြည်၌ ဖြစ်လေပါတယ်။
         ဒါကြောင့် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း ကုသိုလ်ပြုမယ်ဆိုရင် မြန်မြန်သာ ကုသိုလ်ပြုပါလို့
တိုက်တွန်းရေးသားလိုက်ပါတယ်။
{  ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ 
လယ်တီစံဆရာတော် အရှင်ဇောတိဝံသ ဟောကြားတော်မူသော “ မသေခင် တစ်ရက်အလိုမှာ ”
တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
 (တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် 
   သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


 ဦးသိန်းဝေ။

BUDDHAN မြန်​မာapk


#Unicode

ဗုဒ္ဓံ App အား ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တော အနန္တ (၅) ပါးအား ဦးထိပ်ထား၍ အခမဲ့ ရေးသားပူဇော်အပ်ပါသည်။

ဤ app တွင် Unicode နှင့် Zawgyi အား Converter များ အသုံးပြု၍ ရေးသားထားသောကြောင့် ပါဠိ ပါဌ်ဆင့် စာလုံးပေါင်း သတ်ပုံ များ မှားယွင်းနေပါက https://www.facebook.com/myannovative/ စာမျက်နှာတွင် comment ပေးခြင်း၊ message ပို့ခြင်းဖြင့် အကြောင်းကြား ကုသိုလ်ယူနိုင်ပါသည်။ ဆက်လက်ထွက်ရှိမည့် Version များတွင် ထိုအမှားများအား ပြင်ဆင်ပေးသွားမည် ဖြစ်ပါသည်။

Copyright @ 2015 Myannovative.com


#Zawgyi






အဘိဏှသုတ်

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့    ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။



Followers