ဒီနေ့ Newsweek မဂ္ဂဇင်းမှာ ရေးထားတဲ့ ဆောင်းပါး
တပုဒ်ကို
အနည်းငယ်သုံးသပ် တင်ပြချင်ပါတယ်။ ဆောင်းပါး အ
မည်ကတော့ Buddha Lessons ဖြစ်ပါတယ်။ ရေး
ထားတာကတော့ ၀ိပဿနာ (Mindfulness
meditation) ရှု့လုပ်တာ တက္ကသိုလ်တွေနဲ့
ဆေးရုံတွေမှာ တွင်ကျယ်လာတဲ့ အကြောင်း ဖြစ်ပါ
တယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး သုံးသပ်မိတဲ့
အတွေးလေးများကို ဝေငှချင်ပါတယ်ခင်ဗျာ။
Religion မဟုတ်ပါ
ကနေဒါနဲ့ အမေရိကနိုင်ငံ တက္ကသိုလ်၊ ဆေးရုံ၊ အစိုးရနဲ့
ပုဂ္ဂိလိက ဌာနကြီးတွေမှာ ဘုရားရှိခိုးဖို့ နေရာတွေ
လုပ်ပေးထားပေးပါတယ်။ ဒါပေမယ့် ဘာသာရေးနဲ့
ပါတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ဌာနအမည်သုံးပြီး
လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်လည်း ခရစ်စမတ်
ရုံးပိတ်ရက်အတွက် Merry Christmas လို့ နှုတ်
ဆက် စာတန်း သုံးတာ မရှိပါဘူး။ Happy Holiday
လို့ပဲရေးရပါတယ်။ ဘာသာရေးနဲ့
ကင်းရှင်းအောင် လုပ်ကိုင်ရပါတယ်။
ဗုဒ္ဓဘာသာကိုလဲ ဘာသာရေး (Religion) တစ်ခု
အဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တော့ ဗုဒ္ဓ
ဘာသာဟာ မွတ်ဆလင်၊ ခရစ်ယာန် ၊ ဂျူးဘာသာတွေ
နဲ့ တူတာ အချက်တချက်ပဲရှိပါတယ်။ ဘာသာရဲ့ အဆုံး
အမတိုင်း နေထိုင် လုပ်ကိုင်သွားပါကသေပြီးနောက်မှာ
ကောင်းရာရောက်မယ် ဆိုတဲ့ အချက်ပဲ ရှိပါတယ်။
ကျန်တာတွေ
တော့ အဖြူနဲ့ အမဲလို ခြားနားပါတယ်။ အခုလိုရေးတာ
တခြားဘာသာများကို နှိမ့်ချ ရေးသားချင်း မဟုတ်ပါ။ မှန်
ကန်သော အချက်အလက် အနေနဲ့ တင်ပြချင်းသာ ဖြစ်
ပါတယ်။
ဗုဒ္ဓဘာသာကို ဘာသာ(Religion) တစ်ခုလို့
သတ်မှတ်ထားတဲ့ အတွက် တက္ကသိုလ်နဲ့ ဆေးရုံတွေမှာ
ဝိပဿ နာ တရားထိုင်ခြင်းကို သင်
ကြားမပေးခဲ့ပါဘူး။ တရားဝင်အရ ဗုဒ္ဓဘာသာကို
Religion လို့
သတ်မှတ် ထားပေးမယ့် အနောက်နိုင်ငံသားများသိတဲ့
Religion ဝေါဟာရထဲမှာ မပါဝင်ဘူးဆိုတာ ယနေ့
ပညာတတ်များ လက်ခံ လာကျပြီ ဖြစ်ပါတယ်။
နည်းနည်းလေး ရှုပ်နေပါတယ်။ မြန်မာစကားလုံး
“ကိုးကွယ်ခြင်း (၀ါ) ဘာသာ” ကို “Religion” လို့
ဆီလျှော်အောင် ပြောဆို သုံးနှုံန်းနေပေမယ့် မတူညီဘူး
ဆိုတာ သတိချပ်သင့်ပါတယ်။ ဘာသာပြန် စာရေးဆရာ
များ သိမည်ထင်ပါသည်။ အံ့သြစရာ အကောင်းဆုံး
ကတော့ “Religion” ဝေါဟာ၏ အမှန်တကယ် အနှစ်
သာရသည် မြန်မာ စကား “ကိုးကွယ်ခြင်း” နဲ့ လုံးဝကို
ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။
သိမ်မွေ့နက်နဲသောတရားတော်
Kentucky တက္ကသိုလ်က စိတ်ဆရာဝန် Ruth Baer
က “ တချိန်တုံးကဆိုရင် ဆေးသိပ္မံပညာရှင်တွေဟာ
ဝိပဿ နာကိုစိတ်အထင်နဲ့ ပေါက်ကရလုပ်နေတယ်လို့
ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီလူတွေ
ကိုယ်တိုင် ၀ိပဿ နာကိုအလေးအနက်ထား ရမယ် ဆို
တာလက်ခံလာကျပါပြီ” လို့ပြောပါတယ်။ ဒီစကားမှာ
တွေးစရာတွေပေါ်လာပါတယ်။ ဆေးလောကထဲမှာ
ဝိပဿ နာခေတ်စားလာတာ ဆယ်စုနှစ် အတွင်းမှာပဲ ရှိ
ပါသေးတယ်။ ၀ိပဿနာဟာ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၅၀၀ ကတည်းက ပေါ်လာခဲ့တာပါတယ်။
တကယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်က
တည်းက လေ့လာပြီး ဖြစ်သင့်ပါတယ်။ အနောက်နိုင်ငံ
က ဆရာဝန်တွေဟာ နှိက်နှိက်ချွတ်ခွတ် လေ့လာတယ်
ဆိုတာ မှန်ရဲ့လား။ ၀ိပဿနာရှိတာကို သတိမထားခဲ့ဘူးဆို
ရင်တော့လည်း တမျိုးပေါ့ဗျာ။ အခုဟာ ရှိမှန်းသိရက်နဲ့
မလေ့လာကျတာပါ။
ဒီအပေါ်မျာ ကျနော် သုံးသပ်ချက် နှစ်ခုချမိပါတယ်။
ပထမတစ်ချက်ကတော့ သိပ္မံပညာရှင်တွေဟာ ဘာ
သာရေးနဲ့ ဆက်နွယ်လာရင် အမြင်ကျဉ်းတယ်လို့ ယူဆ
ပါတယ်။ သူတို့တွေဟာ ခရစ်ယာန်နဲ့ မွတ်ဆလင်ဘာ
သာတွေလို ဗုဒ္ဓဘာသာကို တရားသေ၀ါဒ (Dogma)
ပေါ်မှာတည်ဆောက်ထားတယ်လို့ ယုံကြည်ထားကျပါ
တယ်။ ၀ိပဿနာကို သိပ္မံနည်းကျ လက်တွေ့ စမ်းသပ်တာမ
ဟုတ်ပဲ သူတို့အထင်နဲ့ မှန်းပြောခဲ့တယ်ဆိုတာ ငြင်းလို့
မရတဲ့အချက်ပါ။
ဒုတိယအချက်ကတော့ အရမ်းကို အရေးကြီးပါတယ်။
စိတ်ဆရာဝန်တွေဟာ သာမန်လူတွေ မဟုတ်ပါဘူး။
နှစ်ပေါင်းများစွာ စိတ်အကြောင်းကို လေ့လာပြီး
လက်တွေ့ လုပ်ကိုင် နေကျသူတွေပါ။ PhD စိတ်
ဆရာဝန်ကြီး တွေကိုယ်တိုင် ၀ိပဿနာကို ပေါက်ကရ
လုပ်နေတဲ့ အလုပ်တခုလို့ ယူဆခဲ့ကျပါတယ်။ ဒါကို
ကြည့်ရင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်ဟာ
တိမ်မယောင်နဲ့ နက်တယ်လို့ သုံးသပ်နိုင်ပါတယ်။
ဆရာဝန်ကြီးတွေကိုယ်တိုင် မနေ့ တနေ့ကမှ သူတို့အ
မှားကို မြင်လာကျတာပါ။
ဒီမှာ မြန်မာလူငယ်တွေ သတိပြုသင့်တယ်လို့ ယူဆ
ထား တာလေး ကိုတင်ပြချင်ပါတယ်။ မြန်မာလူငယ်တွေ
ဟာ ဗုဒ္ဓတရားတော်ကို ဝေဖန်တာတွေ ကြားနေရပါ
တယ်။ ခက်ခဲမယ်ထင်တဲ့ မေးခွန်းကိုလည်း
ဘုန်းကြီးတွေကို မေးကျပါတယ်။ မိမိကိုယ်ကို အတွေး
အခေါ် ပညာရှင်ကြီး တယောက်ပမာ ဂုဏ်ယူကျပါ
တယ်။ တကယ်တော့ မြတ်စွာဘုရားဥာဏ်တော်ကို
PhD ဆရာဝန်ကြီးတွေပင် လိုက်မမှီတဲ့အတွက်
လူငယ်တွေ မဝေဖန်သင့်ပါဘူး။ သံသတရာ
တလျှောက်လုံး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့်
လူငယ်တွေ ဝေဖန်လာရင် ဆရာဝန်ကြီးတွေ ဖြစ်ပျက်ပုံ
ကို ဥပမာပေးပြီး တားမြစ်သင့်ပါတယ်။ ဒါပေမယ့်
ဝေဖန်တာနဲ့ တွေးခေါ်တာ ကွဲပြားတယ်ဆိုတာ သတိ
ထားဖို့လိုပါတယ်။ တရားတော်အပေါ်မှာ တွေးခေါ်ပါ။
မတွေးခေါ်တဲ့သူတွေဟာ ချဲဂဏန်းပေးနေတဲ့ ဘုန်းကြီး
ကို ကိုးကွယ်တဲ့ အဖြစ်မျိုး ရောက်သွားတတ်ပါတယ်။
အနာမျိုး ၉၆ပါး အတွက် တရားတော်
ဝိပဿနာအစွမ်းနဲ့ အနာမျိုး ၉၆ ပါး ကုသနိုင်တယ်လို့ပြော
ရင် ယုံမယ်မထင်ပါဘူး။ မဂ္ဂဇင်းတွေမှာ ဆေးတွေဟာ
ရောဂါမျိုးစုံပြောက်တယ် လို့ လိမ်ပြီးကြော်ငြာနေတော့
ကျနော့စကားကို ယုံမယ် မထင်ပါဘူး။ မယုံချင်နေပါ။ ဒီ
ဘက်မှာတော့ လက်တွေ့ အသုံးပြုနေကျပါပြီ။
စိတ်ညစ် (Stress) ၊ စိတ်ဓါတ်ကျ(Depression) ၊
သတ်သေချင်စိတ်ဖြစ်နေတဲ့ သူတွေအားလုံးကို ၀ိပဿနာ
နဲ့ကုသနေကျပါတယ်။ နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာ
ရှင်တွေလည်း ဆေးတွေနေရာမှာ တရားထိုင်တဲ့နည်းနဲ့
အစားထိုးလာပါတယ်။ သွေးလှည့်ပတ်မှု နဲ့ရောဂါပိုး
တိုက်ခိုက်ရေးမှာ အထောက်အကူပြုတယ်လို့ တွေ့ရှိ
လာပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ AIDS လို ဆေးမရှိ
တဲ့ ရောသည်တွေလည်း တရားထိုင် နေကြပြီ ဖြစ်ပါ
တယ်။ ရုပ်နဲ့ နာမ် ဆက်စပ်တယ်ဆိုတဲ့ သဘောတရား
လည်း ဒီမှာသတိထားနိုင်ပါတယ်။ အရေပြား နီပြီး
ခြောက်သွေ့တဲ့ရောဂါ အရေပြား ဝေဒနာ ရှင်တွေ
တရားထိုင်ရင် လေးဆပိုမြန်ပြီးပြောက်တယ် ဆိုတာ
တွေ့ရှိထားတယ်တဲ့။
လှချင်ပချင်တဲ့ မိန်းခလေးတွေ ၀ိပဿနာ လုပ်ပါလို့ပြောရင်
နောက်တယ်ထင်မလား။ မထင်ပါနဲ့ခင်ဗျာ။
အတည်ပြောတာပါ။ အ၀လွန်နေတဲ့သူတွေ အ၀လျော့
သွားအောင် ၀ိပဿနာကို အားကိုးနေပါပြီ။ တရားမှတ်ပြီး
စားသုံးချင်းဟာ အစားလွန်တာ ကို ကာကွယ်ပေးတယ်
တဲ့ဗျ။ ပိန်တဲ့ မိန်းခလေးတွေအတွက်တော့ သွေးလည်
ပတ်မှု ကောင်းတဲ့ အကျိုးထူးခံစားရမှာ ဖြစ်ပါတယ်။
ကိုးကားချက်Buddha Lessons
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ
စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ
လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်
သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာ
စေမည်ဖြစ်ပါသည်။)
0 Response to "အနောက်နိုင်ငံနှင့် ဝိပဿ နာ"
Post a Comment
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ
** Step-3. "5sec". လောက်စောင့်ပေးပါ။
** Step-4. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-5. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ