LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

IPM LITE နှင့် UP ကို PCဖြင့် ဖန်ဝဲလ်တင်ခြင်း


 ဒီတစ်ခါတော့ IPM အလှည့်ပေါ့ဗျာ။ SKY NET နဲ့ PSI  တွေပဲတင်နေတော့  IPM ပဲကျန်နေလို့ တင်လိုက်ပြီ။ စမ်းချင်လွန်းလို့ကို  IPM စက်ကို ငှား၊ စလောင်း Group တွေထဲ လှည့်ရှာ၊ ခုတော့ ရသွားပြီလေ။ Tools က  ကိုရာဇာဆီက ရတယ်။ Firmware က ကိုရန်ပိုင်ဦး။ ဒီနှစ်ဦးစလုံးကို Credit ပေးပါတယ်။

စတင်မယ်ဆိုရင် PSI လိုပါပဲ  9 pin Serial Port နဲ့ တင်မှာဖြစ်ပါတယ်။ PSI Post တွေမှာ ရှင်းပြပြီးဖြစ်လို့ ထပ်မရှင်းတော့ပါဘူး။ PC နောက်ဖက်မှာ 9 pin Port မပါဘူးဆိုရင်လည်း  Mother Board ပေါ်မှာ Com1, Com2 ဆိုပြီး Socket လေးတွေ ရှိတတ်ပါတယ်။ သေချာရှာကြည့်ကြပါ။ Device Manager ထဲက Port ထဲမှာ Com1 , Com2 ပါနေရင်တော့ သေချာရှာကြပါ။ PC မှာ 9 pin ပေါက်ပါရင် သေချာပေါက် ရပြီ။ မပါလို့ USB to RS232 ကြိုးဝယ်ရင် တစ်ချို့ Laptop နဲ့ PC က သိပ်အဆင်မပြေတာတွေ ရှိပါတယ်။

Data Cable ပြုလုပ်ခြင်း


ရှင်းအောင်လုပ်တာ ရှုပ်သွားမလား မသိဘူး။ အဖိုခေါင်း နဲ့ အမခေါင်း နှစ်ခုကြောင့် မျက်စိလည်တတ်ပါတယ်။ သိပ်မရှင်းပြတော့ဘူးဗျာ။

IPM Lite နဲ့ Up အတွက်  Tool နဲ့ Firmware ကို





ရလာတဲ့ Zip ဖိုင်ကို ဖြည်ချလိုက်ရင် ဒီဖိုင် (၂)ခုရပါမယ်။ downloader ဆိုတဲ့ Tool နဲ့ FW   Bin ဖိုင် တစ်ခုရပါမယ်။
ဦးဆုံး   IPM စက်နဲ့ PC ကို ကြိုးတွဲပါမယ်။ IPM ကို မီးပလပ် မဖွင့်သေးပါ။
IPM downloader ကို ဖွင့်လိုက်ပါ။


အနီရောင်ဝိုင်းထားတာကို နှိပ်ပါမယ်။ 


 ဒီလိုပေါ်လာရင် ပဲုမှာပေါ်နေတဲ့အတိုင်းဖြစ်အောင် ပြောင်းပေးပါ။ Com1 ဆိုတဲ့နေရာမှာ ကိုယ်တကယ်သုံးရမဲ့ Com ကို မှန်အောင်ရွှေးပေးပါ။  ပြီးရင် ကိုယ်တင်မဲ့ Firmware ကို ရွှေးပေးရပါမယ်။


အနီရောင်ဝိုင်းထားတာကိုနှိပ်ပြီး ကိုယ်တင်မဲ့ Firmware ကို ရွှေးပေးပါ။ IPM Lite နဲ့ Up ဟာ Firmware တစ်ခုတည်းဖြစ်ပါတယ်။
ပြီးရင် Download ကို နှိပ်လိုက်ပါ။


Download နှိပ်လိုက်တာနဲ့ Cancel Download ဆိုပြီး ပေါ်နေပါမယ်။ 
IPM စက်ကို မီးပလပ်ထိုးပေးလိုက်ပါ။


 Send data ဆိုပြီး အပြာတန်း ပြည့်အောင်တက်၊ နောက် Erase Flash, နောက် Writing Flashဆိုပြီး အပြာတုံးတွေ ဆက်တိုက်တက်ပြီ နောက်ဆုံး


 Mission Complete နဲ့ Main Progress မှာ အပြာတုံး နှစ်တန်းစလုံး ပြည့်သွားရင်တော့ IPM စက်ကို PC နဲ့ Firmware တင်တာ အောင်မြင်သွားပါပြီ။

ကောင်းနေတဲံ့ စက်ထဲက Firmware ကို လည်း ဆွဲထုတ်လို့ရပါတယ်။


Mode နေရာမှာ   Dump လို့ ပြောင်းပြီး ကျန်တာအဆင့်တွေကတော့ အတူတူပါပဲ။

CREDIT TO : ကိုမင်းလွင် [ ကံ့ဘလူ ]

0 Response to "
IPM LITE နှင့် UP ကို PCဖြင့် ဖန်ဝဲလ်တင်ခြင်း
"

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers