"သမ္ပယောဂနည်း ၁၆-နည်း"
စေတသိက်တို့ စိတ်၌ယှဉ်ပုံကို ပြသောနည်းသည် သမ္ပယောဂနည်းမည်၏။
အညသမာန်း သမ္ပယောဂနည်း ၇-နည်း၊
အကုသိုလ် သမ္ပယောဂနည်း ၅-နည်း၊
သောဘန သမ္ပယောဂနည်း ၄-နည်း အားဖြင့် သမ္ပယောဂနည်း ၁၆-နည်းရှိ၏။
…………………………………………………………
"အညသမာန်း သမ္ပယောဂနည်း ၇-နည်း"
စိတ်ယှဉ်ပုံခြင်း ကွဲပြားခြင်းကြောင့် သဗ္ဗစိတ္တသာဓာရဏ သမ္ပယောဂနည်း ၁-နည်း၊
ပကိဏ်း သမ္ပယောဂနည်း ၆-နည်း၊
ပေါင်း ၇-နည်း။
၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ခုတို့သည် အလုံးစုံသော စိတ် ၈၉-ခုတို့၌ ယှဉ်ကြသည်။
လင်္ကာ။ ။ သဗ္ဗစိတ္တ၊ ခုနစ်ဝ၊ ယှဉ်ကြ စိတ်တိုင်းမှာ။
၂။ ဝိတက်စေတသိက်သည် ဒွေပဉ္စဝိညာဉ် ၁ဝ-ကြဉ် ကာမစိတ် ၄၄-ခု၊ ပဌမဈာန် ၁၁-ခု အားဖြင့် ၅၅-ခုသော စိတ်တို့၌ ယှဉ်သည်။
လင်္ကာ။ ။ ပဉ္စဝိညာဉ်၊ ဖယ်ကြဉ် ကာမ၊ ပထမဈာန်၊ ငါးဆယ်မှန်၊ ငါးတန် ဝိတက်ယှဉ်။
၃။ ဝိစာရစေတသိက်သည် ဒွေပဉ္စဝိညာဉ် ၁ဝ-ကြဉ် ကာမစိတ် ၄၄-ခု၊ ပဌမဈာန် ၁၁-ခု၊ ဒုတိယဈာန် ၁၁-ခု အားဖြင့် ၆၆-ခုသော စိတ်တို့၌ ယှဉ်သည်။
လင်္ကာ။ ။ ပဉ္စဝိညာဉ်၊ ဖယ်ကြဉ် ကာမ၊ ပထမ, ဒု၊ ဈာန်နှစ်ခုပါ၊ ခြောက်ဆယ်မှာ၊ ခြောက်ဖြာ ဝိစာယှဉ်။
၎။ ပီတိစေတသိက်သည် ဒေါသမူ၊ ဥပေက္ခာ၊ ကာယဝိညာဉ်၊ စတုတ္ထဈာန်တို့၌ မယှဉ်။
ကျန်သော ကာမသောမနဿ ၁၈-ခု၊ ပဌမဈာန် ၁၁-ခု၊ ဒုတိယဈာန် ၁၁-ခု၊ တတိယဈာန် ၁၁-ခု အားဖြင့် ၅၁-ခုသော စိတ်တို့၌ ယှဉ်သည်။
လင်္ကာ။ ။ ဒေါ, ဥ, ကာယ၊ စတုတ္ထကြဉ်။ ကျန်သောတွင်၊ ပီယှဉ် ငါးဆယ်တစ်။
လင်္ကာ။ ။ ကာသောမနသ်၊ ဆယ့်ရှစ်ရပ်နှင့်၊ သုံးရပ် ဈာန၊ ပ, ဒု, တ၊ ဧကပညာ ပီယှဉ်ရာ။
၅။ အဓိမောက္ခစေတသိက်သည် ဝိစိကိစ္ဆာကြဉ် အကုသိုလ်စိတ် ၁၁-ခု၊ ဒွေပဉ္စဝိညာဉ် ၁ဝ-ကြဉ် အဟိတ်စိတ် ၈-ခု၊ သောဘနစိတ်အကျဉ်း ၅၉-ခု, အကျယ် ၉၁-ခု အားဖြင့် အကျဉ်း ၇၈-ခု, အကျယ် ၁၁ဝ-ခုသော စိတ်တို့၌ ယှဉ်သည်။
လင်္ကာ။ ။ ဝိစိကိစ္ဆာ၊ ဒွေပဉ္စာကြဉ်၊ ကျန်စိတ်တွင်၊ ဓိယှဉ် ခုနစ်ဆယ့်ရှစ်။
၆။ ဝီရိယစေတသိက်သည် အကုသိုလ်စိတ် ၁၂-ခု၊ မနောဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ်ဟူသော အဟိတ်စိတ် ၂-ခု၊ သောဘနစိတ် အကျဉ်း ၅၉-ခု, အကျယ် ၉၁-ခု အားဖြင့် အကျဉ်း ၇၃-ခု, အကျယ် ၁ဝ၅-ခုသော စိတ်တို့၌ ယှဉ်သည်။
လင်္ကာ။ ။ မနော, ဟသိ၊ အဟိတ်ဒွိနှင့်၊ ကုန်ဘိ ပါပ၊ သောဘနပါ၊ ဝီရိယာ၊ သုံးဖြာ ခုနစ်ဆယ်။
၇။ ဆန္ဒစေတသိက်သည် မောဟမူကြဉ် အကုသိုလ်စိတ် ၁ဝ-ခု၊ သောဘနစိတ် အကျဉ်း ၅၉-ခု, အကျယ် ၉၁-ခု အားဖြင့် အကျဉ်း ၆၉-ခု, အကျယ် ၁ဝ၁-ခုသော စိတ်တို့၌ ယှဉ်သည်။
လင်္ကာ။ ။ မောဟမူလာ၊ အဟိတ်ပါကြဉ်၊ ကျန်စိတ်တွင်၊ ဆန် ယှဉ် ခြောက်ဆယ်ကိုး။
--------------------------------------------
၂။ သဘောအားဖြင့် ဝိတက်ကင်းသော ဒွေပဉ္စဝိညာဉ်, ဘာဝနာအစွမ်းဖြင့် ပယ်ထားသော ဒုတိယဈာန် စသည်တို့၌ ဝိတက် မယှဉ်။
၃။ ဝိစာရသည် ဝိတက်နောက်လိုက်ဖြစ်သောကြောင့် ဝိတက်ကင်းသော ဒွေပဉ္စဝိညာဉ် ၁ဝ-၌၄င်း, ဘာဝနာအစွမ်းအားဖြင့် ပယ်ထားသောကြောင့် တတိယဈာန် စသည်တို့၌၄င်း မယှဉ်။
၎။ ကြမ်းတမ်းသောသဘောရှိသော ဒေါသမူ, လျစ်လျူရှုခြင်းသဘောရှိသော ဥပေက္ခာ, ကိုယ်၌ဖြစ်သော ကာယဝိညာဉ်တို့သည် စိတ်နှစ်သက်ခြင်းသဘောရှိသော ပီတိနှင့် ဆန့်ကျင်ဘက်ဖြစ်ကြသည်။
စတုတ္ထဈာန်ကလည်း ဘာဝနာအစွမ်းအားဖြင့် ပီတိကို ပယ်ထားသည်။
ထိုကြောင့် ယင်းစိတ်တို့၌ ပီတိ မယှဉ်။
၅။ အာရုံယူကာမျှဖြစ်သော ဒွေပဉ္စဝိညာဉ် ၁ဝ-နှင့် ယုံမှားသံသယဖြစ်သော ဝိစိကိစ္ဆာတို့သည် အာရုံကို မဆုံးဖြတ်နိုင်ခြင်းကြောင့် ယင်းစိတ်တို့၌ အဓိမောက္ခ မယှဉ်။
၆။ ဒွေပဉ္စဝိညာဉ် ၁ဝ-, မနောဓာတ် ၃, သန္တီရဏ-၃ အားဖြင့် ၁၆-ခုတို့သည် အားနည်းသောကြောင့် ဝီရိယ မယှဉ်။
၇။ အလိုဆန္ဒကင်းသော မောဟမူ, အဟိတ်စိတ်တို့သည် အလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ယင်းစိတ်တို့၌ ဆန္ဒ မယှဉ်။
အရှင်တိလောကာဘိဝံသ။
အဘိဓမ္မာလက်ဆောင်ကျမ်း။
……………………………………………………………………………………
https://m.facebook.com/profile.php?id=729389660500070
မှကူးယူပူဇော်ပါတယ်။
-----------------------------------------------------------------
0 Response to " သမ္ပယောဂနည်း "
Post a Comment
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ
** Step-3. "5sec". လောက်စောင့်ပေးပါ။
** Step-4. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-5. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ