ဒီပေါင်းစပ်မှုကို ရာစုနှစ်ပေါင်းများစွာကပင် ရောဂါဝေဒနာများစွာကို
ကုစားရန် အသုံးပြုခဲ့ကြပါသည်။
တရုတ်တိုင်းရင်းဆေးပညာ၊ဂရိဆေးပညာနှင့်အိန္ဒိယအယုဗ္ဗေဒဆေးပညာတို့တွင် လည်း ဒီကုထုံးကို တွေ့ရှိနိုင်ပါသည်။
တရုတ်တိုင်းရင်းဆေးပညာအရ သစ်ဂျပိုးခေါက်သည်
ခန္ဓာကိုယ်ထဲအပူဓာတ်ထုတ်ပေးတဲ့ ‘ယန်’ ဖြစ်ပြီး အအေးဓာတ်
‘ယင်’ ကို ကုစားနိုင်သောသတ္တိရှိပါသည်။ပျားရည်ကတော့ ‘ယန်’ နဲ့ ‘ယင်’
ကို ထိန်းညှိပေးသောသတ္တိရှိပါသည်။
(၁)နှလုံးရောဂါ
ပျားရည်နှင့်သစ်ဂျပိုးခေါက် ကိုပုံမှန်သောက်သုံးခြင်းဖြင့် သွေးကြောပိတ်ခြင်းကဲ့သို့သော နှလုံးရောဂါဖြစ်ပွားမှုများကို ကာကွယ်စေပါသည်။
(၂)ဆီးအိမ်ကူးစက်ရောဂါများ
ဆီးအိမ်ကူးစက်ရောဂါများနှင့် ဆီးအိမ်ရောင်ရမ်းခြင်းကို သက်သာစေပြီး
ကူးစက်ရောဂါများကိုနှိမ်နင်းပြီး ဆီးအိမ်ကိုသန့်ရှင်းစေပါသည်။
(၃)အဆစ်ရောင်ရောဂါ
ကိုပေဟေဂင်တက္ကသိုလ်ကလေ့လာမှုတစ်ရပ်အရ ပျားရည်နှင့်
သစ်ဂျပိုးခေါက် ကို အဆစ်ရောင်လူနာ (၂၀၀)ဦးကို နေ့စဉ်တိုက်ခဲ့ရာ
တစ်ပတ်ခန့်ကြာသည့်အခါ (၇၃)ဦးသည် ရောဂါလက္ခဏာ
သက်သာလာပြီး တစ်လခန့်ကြာသည့်အခါမှာတော့ လူနာအားလုံး
လမ်းလျှောက်နိုင် အလုပ်လုပ်နိုင်ဖြစ်ခဲ့ပါသည်။
(၄)သွားဖုံးရောဂါ
နယူးဇီလန်တက္ကသိုလ်ကတွေ့ရှိချက်အရ ပျားရည်နှင့်သစ်ဂျပိုးခေါက်ကို
နေ့စဉ်သောက်ခြင်းဖြင့် သွားဖုံးသွေးထွက်ခြင်းကို သက်သားစေပါသည်။
(၅)သွားပျက်စီးခြင်း
လေ့လာတွေ့ရှိချက်များအရ သွားဖုံးများကို ပျားရည်နှင့်သစ်ဂျပိုးခေါက်
ရောစပ်ထားတဲ့အနှစ် သုတ်လိမ်းပေးခြင်းနှင့် ခံတွင်းသန့်ရှင်းရေး
ပုံမှန်လုပ်ခြင်းအားဖြင့် သွားပျက်စီးခြင်းကိုကာကွယ်နိုင်ပါသည်။
(၆)အစာခြေမှုစနစ်
ပျားရည်နှင့်သစ်ဂျပိုးခေါက်သည် အူမကြီးအတွင်းရှိ အဆိပ်
အတောက်များကို ခြေဖျက်နိုင်ပြီး အူမကြီးအတွင်း ကောင်းမွန်သော
ဘက်တီရီယားများပေါက်ပွားစေပြီး အစာခြေမှုစနစ်ကို
ပိုမိုကောင်းမွန်စေပါသည်။
(၇)အစာအိမ်ရောင်၊လေပွ၊လေနာရောဂါများ
ပျားရည်နှင့်သစ်ဂျပိုးခေါက်သည် အစာအိမ်နံရံကို ဖုံးအုပ်လိုက်ပြီး
ဘက်တီရီးများကို သန့်ရှင်စေကာ အစာအိမ်ရောင်၊လေပွ
၊လေနာရောဂါများကို သက်သာစေပါသည်။
(၈)အဆီကျစေခြင်း
လေ့လာဆန်းစစ်မှုမရှိသေးပေမယ့် ပျားရည်နှင့်သစ်ဂျပိုးခေါက်သည်
ခန္ဓာကိုယ်ရှိအဆီများကို လောင်ကျွမ်းစေပြီး ဆာလောင်မွတ်သိပ်ခြင်းကို
ပျောက်ကင်းစေကာ အစာခြေမှုကိုပုံမှန်ဖြစ်စေပါသည်။
(၉)စိတ်ကျန်းမာရေး
ပျားရည်သည် မှတ်ဉာဏ်ကိုတိုးတက်စေပြီး သစ်ဂျပိုးခေါက်နဲ့
ပေါင်းစပ်လိုက်ပါက စိတ်အာရုံနိုးကြားမှု တိုးတက်လာစေပြီး
မှတ်ဉာဏ်ကို တိုးတက်စေပါသည်။
(၁၀)ကင်ဆာ
သိပ္ပံနည်းကျလေ့လာတွေ့ရှိမှုမရှိသေးပေမယ့် ကင်ဆာကိုလည်း
ပျောက်ကင်းစေကြောင်း ပြောကြတယ်။ပျားရည်နှင့်သစ်ဂျပိုးခေါက်သည်
ကင်ဆာဖြစ်စေသည့် free radicals များကို ခြေဖျက်ပြီး
ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။ပျားရည်နှင့်
သစ်ဂျပိုးခေါက်သည် ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာကို
ပျောက်ကင်းစေကြာင်းလည်းပြောကြသည်။
(၁၁)ကိုယ်ခံအားစနစ်မြှင့်စေခြင်း
ပျားရည်တွင် သတ္တုဓာတ်နှင့် ဗီတာမင်များစွာပါရှိပြီး သစ်ဂျပိုးခေါက်တွင် calcium, iron, vitamin c, vitamin K, manganese နှင့် fiber တို့
ပါဝင်ပါသည်။ပျားရည်နှင့်သစ်ဂျပိုးခေါက်ကိုရောစပ်လိုက်သည့်
အခါတွင်တော့ ကြီးမားတဲ့ကိုယ်ခံစွမ်းအားကိုဖြစ်စေပါတော့သည်။
(၁၂)ဝက်ခြံတင်းတိပ်
ပျားရည်နှင့်သစ်ဂျပိုးခေါက်ရောစပ်ထားတဲ့အနှစ်ကို ဝက်ခြံတင်းတိပ်ရှိသောမျက်နှာတွင် သုတ်လိမ်းပေးခြင်းအားဖြင့် ဝက်ခြံတင်းတိပ်တို့ကို ပျောက်ကင်းစေပါသည်။
(၁၃)ချောင်းဆိုးခြင်း
ပျားရည်နှင့်သစ်ဂျပိုးခေါက်ကို သောက်သုံးခြင်းအားဖြင့် ရင်ဘတ်အတွင်း
ရှိသလိပ်များကို ကြေစေပြီး ချောင်းခြောက်ဆိုးခြင်း၊သလိပ်ချောင်းများကို
သက်သာစေပါသည်။
(၁၄)ပိုးမွှားကိုက်ခံရခြင်း
ပျားရည်တစ်ဇွန်း၊ရေနှစ်ဇွန်းမွှေပါ၊ပြီးမှ သစ်ဂျပိုးခေါက်မှုန့်ဇွန်းဝက်ထည့်ပြီး
ထပ်မွှေပါ၊ပြီးလျှင် ပိုးမွှားကိုက်ခံရသောနေရာကို လိမ်းပါက ချက်ချင်းသက်သာစေပါသည်။
(၁၅)ဆံပင်နည်းခြင်း
ပျားရည်နှင့်သံလွင်ဆီ(extra virgin organic olive oil)
တစ်ဇွန်းစီရောမွှေပါ။နောက် ထိုထဲသို့ သစ်ဂျပိုးခေါက်မှုန့်
(၁)ဇွန်းထည့်မွှေပါ။ဦးခေါင်း၏ပြောင်နေသောနေရာ၊ကွက်နေသော
နေရာကို လိမ်းပါ။(၁၅)မိနစ်ခန့်ရှိပါက ရေနွေးနွေးသုံး၍
herbal shampoo ဖြင့်ဦးခေါင်းကို ဆေးလိုက်ပါ။
(၁၆)ကိုလက်စထရော
ပျားရည်နှင့်သစ်ဂျပိုးခေါက်ကို သောက်သုံးခြင်းအားဖြင့် မကောင်းတဲ့
ကိုလက်စထရောကို လျော့ကျစေပြီး သွေးကြောပိတ်ခြင်းကို
ကင်းရှင်းစေပါသည်။
(၁၇)သွားကိုက်ခြင်း
သစ်ဂျပိုးခေါက်မှုန့်တစ်ဇွန်း၊ပျားရည်(၂)ဇွန်းကိုရောစပ်ပြီး
သွားကိုက်သည့်နေရာကို သွားကိုက်ပျောက်သည့်အထိ တစ်နေကုန်
အကြိမ်ပေါင်းများစွာ သုတ်လိမ်းပေးပါ။
(၁၈)ခံတွင်းနံဆိုးခြင်း
သစ်ဂျပိုးခေါက်မှုန့်(၁)ဇွန်း၊ပျားရည်(၁)ဇွန်းကို ရေနွေးနွေးဖြင့်ရောစပ်ပြီး
မနက်အိမ်ယာထ ပလုပ်ကျင်းခြင်းဖြင့် တစ်နေကုန် ခံတွင်းနံ့သင်းစေပါသည်။
(၁၉)အစာမကြေခြင်း
သစ်ဂျပိုးခေါက်မှုန့်အနည်းငယ်၊ပျားရည်(၁)ဇွန်းကို အစာမစားမီ စားပေးပါက အစားကြေညက်စေပါသည်။
(၂၀)ပန်းသေပန်းညိုးနှင့် လိင်စိတ်အားနည်းခြင်း
ပျားရည်နှင့်သစ်ဂျပိုးခေါက်ကို သောက်သုံးခြင်းအားဖြင့် ပန်းသေပန်းညိုးနှင့် လိင်စိတ်အားနည်းခြင်းကို သက်သာပျောက်ကင်းစေပါသည်။
(၂၁)အခြားရောဂါများ
ဆီချိုသွေးချို၊ကြွက်တက်ခြင်း၊အားနည်းခြင်း၊မှတ်ဉာဏ်အားနည်းခြင်း၊ပြည်တည်နာ၊ရေယုန်နှင့် စအိုယားယံခြင်းများ
(၁)ရေနွေးခွက်တစ်ခုထဲသို့ သစ်ဂျပိုးခေါက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်းထည့်ပါ။
(၂)ရေနွေးပွက်ပွက်ဆူ ၂၀၀ မှ ၃၀၀ မီလီလီတာခန့်ထည့်၍
သေချာစွာမွေပါ။
(၃)မိနစ်အနည်းငယ်ကြာသည်အထိထားပြီးအအေးခံပါ။
(၄)ရေနွေးကြက်သီးနွေးရှိသည့်အချိန်တွင် ပျားရည်(၂)ဇွန်းထည့်မွှေပါ။
(ရေနွေးပူပူတွင်ပျားရည်ထည့်ပါက ပျားရည်တွင်ပါဝင်သော အင်ဇိုင်းများသေသွားနိုင်သောကြောင့်ဖြစ်ပါသည်။)
(၅)၎င်းအရည်ကို နံနက်ထမင်းစားမီ(breakfast) နာရီဝက်အလိုမှာ
တစ်ဝက်သောက်ပါ။
(၆)ကျန်တစ်ဝက်ကို ညစာစားပြီး ၄၅ မိနစ်ခန့်ရှိလျှင်(သို့)
ညအိပ်ယာဝင်ခါနီး သောက်ပါ။
(၁)ကြွေပန်းကန်လုံးတစ်ခုထဲသို့ သစ်ဂျပိုးခေါက်(၁)ဇွန်းထည့်ပါ။
(၂)သံလွင်ဆီ(၁)ဇွန်းထည့်ပါ။(extra virgin organic olive oil)
(၃)ပျားရည်(၁)ဇွန်းထည့်ပြီး သမအောင်မွှေပါ။
(၄)ဆေးနှစ်သည် ပျစ်နေပါက ရေအနည်းငယ်ထည့်ပါ။
(မှတ်ချက်။ ။ဆီလျော်အောင်ဘာသာပြန်ဆိုထားခြင်းသာဖြစ်၍ မူရင်းလင့်တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်--KWPA)
0 Response to "“ပျားရည်နှင့်သစ်ဂျပိုးခေါက်ပေါင်းစပ်ခြင်း၏အကျိုးကျေးဇူးများ”"
Post a Comment
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ
** Step-3. "5sec". လောက်စောင့်ပေးပါ။
** Step-4. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-5. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ