အရင်ကတင်ပေးထားခဲ့ဘူးပါတယ်......ပြန်တင်ပေးလိုက်တာပါ.....
လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့်
Settings>>
Application >>Development>>USB Debugging
မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့်
အထက် သမားတွေ ကတော့ ဒီမှာ
ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင်
ဒီမှာ ဒေါင်းပါ... Driver Install
လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို
USB သုံးပြီး ချိတ်ဆက် လိုက်ပါ...
3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...
Solidfiles => ဒီမှာဒေါင်းပါ
Mediafire => ဒီမှာဒေါင်းပါ
4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့
Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ ဘောက်မှာ Select Device ဆိုတဲ့ အကွက်ကို နှိပ်ပြီး ကိုယ့်ဖုန်း
အမျိုးအစားကို ရွေးပေးပါ...
မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ
မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ)
ကိုယ့်ဖုန်းကို
သိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install
လုပ်နေ ပါလိမ့်မယ်..
6. ခဏ ကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို
မြင်ရပါလိမ့်မယ်.. Remember
ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..
7. အားလုံးပြီး သွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ ရပါပြီ ခင်ဗျာ...
တစ်ချို့ အခက်အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ..
အဆင်ပြေပါတယ်. ဒါလုပ်ပြီး
သွားရင် တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင်
ပြန်လွှင့် နိုင်ပါသေးတယ်...
အဆင်ပြေကြ ပါစေခင်ဗျာ..မြ၀တီ နည်းပညာဆိုက် .. myawaddy.com.mm မှ ကူးယူဖော်ပြပါသည်၊
အဆင်ပြေပါစေဗျာ
0 Response to "COMPUTER အင်တာနက်ကို usbဖြင့်ချိတ်ဆက်ပြီး ဖုန်းတွင် အသုံးပြုနည်း"
Post a Comment
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ
** Step-3. "5sec". လောက်စောင့်ပေးပါ။
** Step-4. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-5. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ