အဆိုပါစနစ်အသုံးပြုလိုပါကတယ်လီနောအရောင်းဆိုင်များတွင်ရယူနိုင်မည်ဖြစ်ပြီး ငွေတောင်းခံလွှာ အားအိမ်တိုင်ရာရောက်လာရောက်ပို့ဆောင်ခြင်း၊ အီးမေးလ်ဖြင့်ပို့ပေးခြင်းများပြုလုပ်သွားမည်
========================
တယ်လီနောမြန်မာမှ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် တယ်လီနောအသုံးပြုသူများအတွက် Postpaid အစီအစဉ်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ ၀န်ဆောင်မှုအား တယ်လီနော ကွန်ယက်ဖြန့်ကျက်ထားသည့် ဒေသအားလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ PrepaidမှPostpaidသို့ပြောင်းလိုပါကမှတ်ပုံတင်ပြသ၍လျှောက်လွှာပုံစံဖြည့် ပြောင်းလဲနိုင်မည်ဖြစ်ပြီး ငွေတောင်းခံလွှာအား အိမ်တိုင်ရာရောက်လာရောက်ပို့ဆောင်ခြင်း၊ အီးမေးလ်ဖြင့်ပို့ပေးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်အရသိရသည်။
Postpaidအစီအစဉ်များအားတစ်ဦးတစ်ယောက်ချင်းစီအတွက် သော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ အတွက်သော်လည်းကောင်း ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီးအသုံးပြုသူများဆီသို့ ငွေတောင်းခံလွှာများအား အိမ်တိုင်ရာရောက် ငွေတောင်းခံစာ ပို့ခြင်း၊ အီးမေးလ်ဖြင့် ပို့ဆောင်ပေးခြင်းများအား ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လစဉ် ငွေပေးချေမှုအား တယ်လီနောအရောင်းဆိုင်များ၊ သို့မဟုတ် CB နှင့် KBZ ဘဏ်များတွင်ပါပေးဆောင်နိုင်ရန် စီစဉ်ပေးထားကြောင်းလည်း သိရသည်။
တယ်လီနောသုံးစွဲသူများအနေဖြင့် Postpaid အစီအစဉ်အားအသုံးပြုလိုပါက မြို့ကြီးသုံးမြို့ရှိ တယ်လီနောအရောင်းဆိုင် များတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများအတွက် Postpaid အစီအစဉ်များအား တယ်လီနောမြန်မာနှင့် တိုက်ရိုက်ဆက်သွယ်ထားသည့် Enterprise team များတဆင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ကုမ္ပဏီတစ်ခုချင်းစီတိုင်းရှိ ဝန်ထမ်းများအတွက် အထူးသတ်မှတ်ထားသော ဈေးနှုန်းနှင့် အသုံးပြုနိုင်မည့် အစီအစဉ်များ လည်းပါဝင်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furberg မှပြောသည်။
“တယ်လီနောအနေနဲ့ သုံးစွဲသူတွေရဲ့နေ့စဉ်ဘ၀တွေမှာပိုအဆင်ပြေစေမယ့် ၀န်ဆောင်မှုတွေပေးဖို့ အစဉ်တစိုက်ကြိုးပမ်းရှာဖွေလျှက်ရှိပါတယ်။ ဒီလိုကြိုးစားတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ အခုလို Postpaid အစီအစဉ်ကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်ကြောင့် တယ်လီနော သုံးစွဲသူ တစ်ဦးချင်းစီတိုင်းအတွက် ဖုန်းသုံးစွဲခ ပေးဆောင်ဖို့ အဆင်ပြေမှာဖြစ်သလို ကုမ္ပဏီတွေအတွက်လည်း ထူးခြားတဲ့အကျိုးကျေးဇူးတွေခံစားရမှာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လဲ သုံးစွဲသူတွေအတွက် အကျိုးကျေးဇူးဖြစ်နိုင်မယ့် ၀န်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟုပြောကြားခဲ့သည်။
Postpaid အစီအစဉ်များတွင် ဈေးနှုန်းအမျိုးမျိုးဖြင့် ထားရှိသွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်များအနေဖြင့် Postpaid အစီအစဉ် မှာယူသုံးစွဲမှု ပိုများလျှင်၊ သုံးစွဲသူများအတွက် အကျိုးခံစားခွင့်ပိုမိုရရှိမည်ဖြစ်ကာ
တယ်လီနော Postpaid အသုံးပြုသူများအနေဖြင့် SMART Internet PayGo (2 mbps အထိ) ဖြင့် စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် တယ်လီနောမှ SMART Internet package သုံးမျိုး ( SMART Pack 500MB, SMART Pack 1GB, နှင့် SMART Pack 2GB ) စသည်ဖြင့် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး Postpaid အသုံးပြုသူများအတွက် အထူးဝန်ဆောင်မှုအနေဖြင့် Call Centre (979) တွင် သီးသန့်ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများကိုလည်း ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။
TSJ
Ref & Credit : https://www.facebook.com/techspaceJournal/photos/np.9827594.100006840030838/777632095661754/?type=1&ref=notif¬if_t=notify_me
0 Response to "တယ်လီနောဝန်ဆောင်မှုအသစ်"
Post a Comment
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ
** Step-3. "5sec". လောက်စောင့်ပေးပါ။
** Step-4. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-5. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ