LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသို့




အခုနောက်ပိုင်း မြင်နေ၊ ကြားနေရတဲ့ သတင်းတစ်ခုကတော့ အမြန်လမ်းပေါ် လူတချို့ရဲ့ဒုက္ခပေးခြင်းကို ခံနေရတာပါပဲ။



အရင် ကြားဖူးတာက လမ်းပေါ်မှာ တုံးတွေ၊ ခဲတွေချပြီး ကားမှောက်အောင်လုပ်တယ်။ ကားမှောက်ရင် ပစ္စည်းတွေ လုကြတယ်လို့ ကြားဖူးတယ်။
တဖက်လူ သေသေကြေကြေ ဘာမှ မစဉ်းစားဘဲ လုပ်ကြတယ်။ တော်တော်အောက်တန်းကျ ယုတ်ညံ့တဲ့ စိတ်ဓါတ်တွေပါ။



အခုဆိုလည်း Express ကားကြီးကို ခဲနဲ့ လှမ်းထုတယ်။ ဒီလို ခဲနဲ့ လှမ်းပေါက်တာ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မကတော့ဘူး။ နောက်ပိုင်း ခဏခဏ မီဒီယာတွေမှာလည်း ပါလာပါတယ်။ အခုပုံထဲကဆိုရင် မနေ့ညက မိုင်တိုင် 79 မှာ ခဲနဲ့လှမ်းအပေါက်ခံရတာပါ။ တော်သေးတာပေါ့။ ဒီလောက်ပဲဖြစ်သွားလို့။ အကယ်လို့ ယာဉ်မောင်းထိပြီး ကားသာ တိမ်းမှောက်ခဲ့မယ်ဆိုရင် .... ခရီးသည်တစ်ဦးဦး ခေါင်း၊ မျက်စိ ခဲမှန်ခဲ့မယ်ဆိုရင် .... နစ်နာကြမှာတွေက အများကြီးပါ။



မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း အမြန်လမ်းမှာ ပြည်သူတွေ အန္တရာယ်ကင်းကြစေဖို့ အမြန်လမ်းရဲတပ်ဖွဲ့ဆိုပြီး သီးသန့်ဖွဲ့စည်းထားပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအနေနဲ့ ဒီလို ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။
ဒီကိစ္စမျိုးက ရဲတပ်ဖွဲ့က မကူညီဘဲ ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေ လက်တွေ့ကြုံတွေ့နေရတဲ့ အန္တရာယ်မို့ အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ပေးကြပါဗျာ။



Credit to ထွဋ်ထိပ်

0 Response to "အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသို့"

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers