LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

မဟာသက္ကရာဇ်​ နှင့်​ ​ကောဇာသက္ကရာဇ်

       မဟာ သက္ကရာဇ် နှင့် ကောဇာသက္ကရာဇ် အကြောင်းလေး ကို ဗဟုသုတအနေ နှင့် ကျွန်တော် တင်ပေးလိုက်ပါတယ်ဗျာ........
      - မဟာသက္ကရာဇ် ဟူသည်မှာ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သုံးသော သက္ကရာဇ် ဖြစ်သည်။  
၎င်းမှာ မြတ်စွာ ဘုရား၏ ဘိုးတော် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခု အဘိညာဉ်ရ ဒေ၀ီလရသေ့နှင့်
        တိုင်ပင်၍  ရှေးရှေးသက္ကရာဇ် ၈၆၄၇-နှစ်မှ ၈၆၄၅-နှစ်ကို ဖြို၍ ၂-ခုကြွင်းထားခဲ့သော သက္ကရာဇ် ဖြစ်
        သည်။
        ယင်း မဟာ သက္ကရာဇ် ၆၈-ခုနှစ်တွင် ဘုရားအလောင်း သိဒ္ဓတ္တ မင်းသားကို ဖွားတော်မူ၍
        ဘုရားဖြစ်ပြီးနောက်    မဟာသက္ကရာဇ်  ၁၄၈-ခုနှစ်တွင် ပရိနိဗ္ဗာန် စံတော်မူသည်။

       -ယင်းမဟာသက္ကရာဇ်က မြတ်စွာဘုရား  ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမသံဂါယနာတင်၍
        သာသနာနှစ် အဖြစ် ပြုရန် မဟာသက္ကရာဇ် ကိုဖျက်၍ (ဖြို)၍ သာသနာနှစ် တစ်နှစ်မှ စ၍ အသုံးပြု
        ခဲ့သည်။ ယင်းသာသနာနှစ် ၆၂၄-သို့ရောက်သောအခါ မြန်မာနိုင်ငံ သရေခေတ္တရာပြည် သုမုန္ဒရီမင်း
        လက်ထက် ဒေါဒေါရသ ၆၂၂ -နှစ်ကို ဖြို၍ ၂-ခုကြွင်း ထားခဲ့ပြန်သည်။ ယင်းကို ကောဇာသက္ကရာဇ်
        ဟု ဆိုသည်။

       - ယင်းမှ တိုးပွားလာသော ၅၆၂-နှစ်သို့ရောက်သောအခါ ပုဂံပြည် ပုပ္ပါးစောရဟန်းမင်း လက်ထက်
        ခန်းဆပဉ္စ( ၅၆၀ )နှစ်ကိုဖြို၍ ၂-ခုကြွင်းထားလျက် သုံးစွဲခဲ့လေသည်။ ထိုခေတ် ၂-ခုမှ တိုးတက်
        လာသော ယနေ့ ၁၃၇၆ -ခုနှစ် အထိ သက္ကရာဇ်မှာ မိတ်ဆွေတို့ သိချင်သော မြန်မာသက္ကရာဇ်ဖြစ်
        ပါသည်။

        - နှစ်ကြိမ်ဖြို ၆၂၂-ခုနှစ်နှင့်၊ ၅၆၀-ခုနှစ် ကိုပေါင်းကြည့်လျှင် ၁၁၈၂-ခုနှစ် ဖြစ်သည်။ ၎င်းနှင့် ယခု
         ရောက်ဆဲ ၁၃၇၆ ခုနှစ် ကိုပေါင်းသော် ၂၅၅၈-ခုနှစ်ဖြစ်သည်။ သာသနာနှစ် ဖြစ်သည်။ ထို့ကြောင့်
         တစ်တစ်ရှစ်နှစ်၊ သက္ကရာဇ်၊ ပေါင်းလစ် သာသနာ-ဟူသော ဆောင်ပုဒ်ဖြင့် သာသနာတော်နှစ်ကို
         အလွယ်တကူ သိနိုင်ပေသည်။

0 Response to "မဟာသက္ကရာဇ်​ နှင့်​ ​ကောဇာသက္ကရာဇ်​ "

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers