LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

ဆက်သွယ်ရေး နည်းဥပေဒ ဖေဖ်ာဝါရီလ ထွက်မည်

ပြည်တွင်း၊ ပြည်ပရှိ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်လိုသူများ စောင့်ဆိုင်းနေသော ဆက်သွယ်ရေး ဥပေဒသစ်၏ နောက်ဆက်တွဲ နည်းဥပေဒကို ဖေဖ်ာဝါရီလတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှူး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် ကThe Voice သို့ ပြောကြားသည်။ “ဆက်သွယ်ရေး နည်းဥပေဒက ရေးဆွဲပြီးပါပြီ။ အင်္ဂလိပ်ဘာသာနဲ့ ရေးဆွဲထားတာမို့ မြန်မာလိုပြန်တဲ့ အပိုင်းမှာ ကြာနေတာပါ။ နည်းပညာဆိုင်ရာစကားလုံးတွေ အများအပြား ပါဝင်နေတဲ့အတွက် လွဲချော်မှု မရှိအောင် ဂရုစိုက် ပြန်နေတာကြောင့် နည်းနည်းကြာနေတာပါ” ဟု ၎င်းကဆိုသည်။

ယင်းနည်းဥပေဒတွင်လည်း ပြည်သူများ၏ အကြံပြုချက်များအနက် သင့်တော်သည့် အချက်အလက်များ ထပ်မံဖြည့်သွင်း ထားသည်ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဆက်သွယ်ရေး နည်းဥပေဒကို ယခုတစ်ပတ်အတွင်း ရှေ့နေချုပ်ရုံးသို့ တင်ပြပြီး ဥပေဒပိုင်းဆိုင်ရာအသုံးအနှုန်းများမှန်၊ မမှန်၊ အခြေခံဥပေဒနှင့် ကိုက်ညီခြင်းရှိ၊ မရှိတို့ကို စစ်ဆေးပြုပြင်ပြီး အတည်ပြုသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

ယင်းနည်းဥပေဒ ထွက်ရှိပြီးပါက ဆက်သွယ်ရေး ဥပေဒအရ သတ်မှတ်ပေးထားသော အင်တာနက် ဝန်ဆောင်မှု။Call Center ဝန်ဆောင်မှု။Wifi ဝန်ဆောင်မှုများစသည့် လုပ်ငန်း အမျိုးအစားများစွာ လုပ်ကိုင်ခွင့်အတွက် တင်ဒါများထပ်မံခေါ်ယူ သွားမည်ဟုလည်း ယင်းဝန်ကြီးဌာနထံမှ သိရှိရသည်။

ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူမည့် လုပ်ငန်းလုပ်ကိုင်ခွင့်များ လျှောက်ထား သွားရန် ပြင်ဆင်နေကြောင်းလည်း ရတနာပုံ တယ်လီပို့နှင့် RedLink ကုမ္ပဏီများထံမှ သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနမှ တစ်နှစ်ခန့် အချိန်ယူ ရေးဆွဲထားသော ဆက်သွယ်ရေး ဥပေဒသစ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

Credit to: The Voice Weekly

0 Response to "ဆက်သွယ်ရေး နည်းဥပေဒ ဖေဖ်ာဝါရီလ ထွက်မည် "

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers