LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ

Mobile phone ဘီလ်အတွက် ဝန်ဆောင်မှု အသစ်များပေးမည့် အစီစဉ်


မိမိလိုသလောက် ငွေတန်ဖိုးအတိုင်း ကွန်ပျူ တာ စနစ်ဖြင့် စတိုးဆိုင်များ၌ ထည့်သွင်း အသုံးပြုနိုင်မည့် Prepaid Top Up စနစ်ကို တိုးချဲ့အသုံးပြုခွင့်ပေးရန် စီ စဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။   ထို့အပြင် ဗဟိုဘဏ်မှ မကြာခင်တွင် ခွင့်ပြုဖွယ် ရှိ သည့် Mobile Non Service ပေါ်ပေါက်လာ
ပါက မိမိ ဖြည့်သွင်းလိုသည့် ငွေပမာဏကို ( ၂၄  )နာရီ ဖြည့်သွင်းနိုင်မည် ဟု လည်း ဒုတိယဝန်ကြီးက ပြောသည်။ ပြည်သူ့လွှတ် တော်၌ ပြောကြားသော ဒုတိယဝန်ကြီး၏ အဆိုအရ မိုဘိုင်းဖုန်း အသုံးပြုသူများသည် အိမ်မှနေ၍ မိမိ လို သလောက် ငွေကြေးကို ဖြည့်သွင်းခြင်း၊ လွှဲပြောင်းခြင်း ပြုလုပ်နိုင် မည်ဟု သိရသည်။   နိုင်ငံတကာတွင် အသုံး ပြုသည့် နည်းစနစ်များ အတိုင်း အဆင်ပြေ စွာ အသုံးပြုနိုင်ရန် ငွေဖြည့်သွင်းသည့် စနစ်များကို ဝန်ြကီးဌာနမှ တိုးချဲ့ဆောင်ရွက် ရန် စီစဉ် ခဲ့ခြင်း ဖြစ်သော်လည်း ပုံမှန်အသုံး ပြု နေသည့် ငွေဖြည့်ကတ်များကိုမူ ဈေး ကွက် အတွင်း၌ ဆက်လက်ထားရှိသွားမည် ဖြစ်သည်။   မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း သည် ပုံမှန်အသုံးပြုနေသည့် ငွေဖြည့်ကတ် များကို ပုဂ္ဂလိကကုမ္ပဏီ( ၅  )ခုနှင့် ပူးပေါင်း ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေခြင်းဖြစ် ပြီး အသုံးပြုသူများ အဆင်ပြေစေရန် ပူး ပေါင်း လုပ်ကိုင် လိုသည့် ကုမ္ပဏီများနှင့် ထပ်မံ ပူးပေါင်း လုပ်ကိုင်သွားရန် ရှိကြောင်း သိရသည်။   စက်တင်ဘာလအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ပူးပေါင်းဖြန့်ဖြူးလိုသည့်  ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီပေါင်း(၂၁ )ခုကို လက်ခံ ရရှိထား ကြောင်း ၄င်းတို့ အနေဖြင့် လက်ခံထား သည့် ကုမ္ပဏီ (၂၁  )ခုမှ နည်းပညာအရ ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ၊ ငွေကြေးအရ တောင့်တင်းသည့် ကုမ္ပဏီကို ရွေးချယ် လုပ် ကိုင်ခွင့် ပြုသွားမည် ဟု သိရသည်။   မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည်  Asia Mega Link ၊ Global Telephone၊ တာမိုးညဲချမ်း သာ ထွန်းဝေသာ၊ ရတနာပုံ တယ်လီပို့၊ Elite Tech စသည့် ကုမ္ပဏီများ ကို ကော် မရှင်( ၆ )ရာခိုင်နှုန်းပေး၍ ဖြန့်ဖြူး စေခဲ့ခြင်း ဖြစ်သည်။ လက်တွေ့ ရောင်းချသူများသည် တစ်ဆင့်ခံ ကိုယ်စားလှယ်များမှ ပြန်လည် ဝယ်ယူ၍  ရောင်းချရသည့် အတွက် ( ၂ ) ရာခိုင်နှုန်းကျော်ကိုသာ ရရှိကြသည်။

နေဇာလင်း { ONLINEKNOWLEDGE }

CREDIT TO :http://www.myanmarinternetjournal.com/

0 Response to "Mobile phone ဘီလ်အတွက် ဝန်ဆောင်မှု အသစ်များပေးမည့် အစီစဉ်"

Post a Comment

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ


**  Step-3. "5sec". လောက်စောင့်ပေးပါ။

**  Step-4. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-5. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ

Followers