ဒီနေ့ခေတ်အချိန်မှာ နည်းပညာများ ပြောင်း လဲ တိုးတက်လာတာနဲ့ အမျှ ကမ္ဘာကြီးကို နေ့စဉ် ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော် တို့ မြန်မာပြည်မှာလည်း ဒီနေ့ခေတ် အချိန် မှာ ဖုန်းတစ်လုံးရှိရင် အင်တာနက် သုံးလို့ ရနေပြီဆိုတော့ ရန်ကုန်မြို့ အပါအဝင် မြို့ ကြီး၊ မြို့ငယ် တော်တော် များများမှာ အင် တာနက်သုံးတာ ရာခိုင်နှုန်းဟာ တိုးလို့လာ နေပါတယ်။ အင်တာနက် သုံးစွဲကြတဲ့သူ တွေ တော်တော် များများဟာ အခုချိန်မှာ facebookကို သုံးစွဲနေကြပါပြီ၊ မာ့ခ်ဇူကာ ဘတ်ဆိုတဲ့ ဟားဗတ်တက္ကသိုလ် ကျောင်း သား လူငယ်လေးတစ်ယောက်နဲ့ သူ့ရဲ့ သူ ငယ်ချင်း တစ်ယောက်ယောက်က ကျောင်း သားအချင်းအချင်း တစ်ယောက်နဲ့ တစ် ယောက်ကြား မှာ သုံးစွဲနိုင်ဖို့ ဖန်တီးခဲ့ရာက အစပြုပြီး နောက်ပိုင်း မှာတော့ တက္ကသိုလ် ကျောင်းသားများ ကြားတွင် သာမက အခု အချိန်မှာတော့ တစ်ကမ္ဘာလုံးကို လွှမ်းမိုး ထားနိုင်ပါပြီ။ ကမ္ဘာပေါ်မှာ ရှိတဲ့လူ ၁၄ ယောက်မှာ ၁ ယောက်နှုန်းစီ facebook ကို သုံးစွဲနေကြပြီး မိနစ် ၂၀ တိုင်းမှာ Status Update ၁.၈၅၁ သန်းရောက်ရှိ တယ်လို့ facebook စစ်တမ်းက ဆိုပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် အသိအကျွမ်း ဖြစ်ကြပြီဆိုရင် facebook account ကို တောင်းလေ့ရှိ လာကြပါတယ်။ လိပ်စာကဒ် တွေမှာလည်း Email အပြင် facebook address ကိုပါထည့်သွင်းလာ ကြတာကို တွေ့ရမှာပါ။ facebook သုံးစွဲသူတိုင်းဟာ နေ့တိုင်း Status Update မတက်ရင် တောင်မှ ခဏတဖြုတ် လောက်ပဲ ဖြစ်ဖြစ် ဝင်ပြီး check လေ့ရှိတာ အကျင့်တစ်ခုလို ဖြစ်နေပါတယ်။ နေ့စဉ်လူမှုဘဝမှာ face book က တော်တော်လေး လွှမ်းမိုးနိုင်တဲ့သူ ဖြစ်ပါတယ်။ facebook သုံးစွဲသူတွေဟာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သုံးစွဲကြပါတယ်။ facebook ကြောင့် အကျိုးရတဲ့သူတွေ ရှိသ လို၊ facebookကြောင့် ပြဿနာတက်ကြ သူ တွေလည်းဒုနဲ့ဒေးပါပဲ၊ facebook ကြောင့် ထင်ရှားအောင်မြင်လာသူတွေ ရှိ သလို၊ facebook ကြောင့်ပဲ အပြောအဆို ခံရသူတွေ ရှိပါတယ်။
နန်းခင်ဇေယျာ က အစပြုပြီး ခင်ဝင့်ဝါ၊ ထား ထက်ထက် အထိ Miss Popular, Miss Internet ဆုတွေရခဲ့ကြတာ facebook က တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ အကြော် ရောင်းရတဲ့ နန်းမီမီမိုးစက်၊ သုတ/ရသ အမျိုးမျိုးနဲ့ သမီးဆိုး၊ လဲ … လဲ … လဲ … လဲ … နစ်ကီဘိုမင်းအောင်၊ ရှင်နော် … ရှင်ရယ် ဆိုတဲ့ မေမြတ်မွန်၊ တောင်းရမ်းစားနေရတဲ့ ဘဝက အဆင်ပြေသွားတဲ့ တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်လှကြိုင် စတဲ့စတဲ့ သူတွေကို facebook က အဓိက အခန်းက ဏ္ဍက ပံ့ပိုး ခဲ့ပါတယ်။ Personal Account တွေသာမက လူအများ စိတ်ဝင်စားကြတဲ့ Page တွေလည်း အများကြီးပါ။ facebook ကို အကြောင်းအမျိုးမျိုး နဲ့ သုံးနေကြတဲ့ အ ထဲမှာ အရည်မရ အဖတ်မရတွေလည်းရှိသ လို၊ တကယ်အသုံး တည့်တဲ့ အသုံးဝင်တဲ့အ ကြောင်းအရာတွေကို စေတနာနဲ့ အချိန် ကုန်၊ ငွေကုန်ခံပြီး မျှဝေပေးနေကြတဲ့ Personal Account တွေ၊ Pageတွေလည်း အများကြီးရှိပါတယ်။ ကွန်ပြူတာ နည်းပ ညာ၊ ကျန်းမာရေး၊ အင်ဂျင်နီယာဆိုင်ရာ၊ စာရင်းအင်းဆိုင်ရာ၊ အင်္ဂလိပ်ဘာသာ စ ကားဆိုင်ရာ၊ စာပေရေးရာ အစရှိတဲ့ လေ့ လာ ကိုယ်လိုချင်တာကို လေ့လာမှတ် သား နိုင်တဲ့ နေရာတွေလည်း facebook ပေါ်မှာ တော်တော်များလာ နေပါပြီ။ဒါကြောင့် facebook သုံးတာ မကောင်းဘူးလို့ ပြောဖို့ မဖြစ်နိုင်ပါ။ နေရာတိုင်းမှာ အကောင်းနဲ့ အ ဆိုး ဒွန်တွဲနေတာ လောကဓမ္မတာ ပါ။ သုံးစွဲ သူရဲ့ ရည်ရွယ်ချက် အပေါ်မှာပဲ မူတည်ပါ တယ်။ ဒါဆိုရင် နေ့တိုင်းလောက်နီးပါ သုံး ဖြစ်နေတဲ့ facebook က တစ်ခုခု အကျိုးရ အောင် လုပ်သင့်ပါတယ်။ ဘာတွေရနိုင်လဲ … Learning လုပ်ချင်သူတွေ အတွက် သက် ဆိုင်ရာ ပညာရပ်အလိုက် ပုံမှန်တင်ပေး နေ တဲ့ Account တွေ၊ Page တွေကနေ လေ့ လာ မှတ်သားနိုင်ပါတယ်။ စာပေဝါသနာရှင် တွေ အနေနဲ့လည်း အခမဲ့ တင်ပေးနေတဲ့ စာပေဆိုင်ရာ Page တွေက စာအုပ်တွေ ဖတ်လို့ရပါတယ်။ ကိုယ့်ရဲ့စာပေ အစွမ်းအစ ကို facebookကဆင့် ဖော်ပြနိုင်ကြပါတယ်။ ဂီတကို ဝါသနာပါတဲ့သူတွေ အတွက်လည်း ကိုယ်ရဲ့ ဂီတကို facebook ကနေ ပရိတ် သတ်ကို မိတ်ဆက်နိုင်ပါတယ်။
facebook သုံးစွဲသူတွေဟာ ကိုယ်ပြောချင် တဲ့ အကြောင်းအရာ အမျိုးမျိုးကို Status တွေတင်ကြ ပါတယ်။ အဲဒီ Status တွေကပဲ ကိုယ့်ရဲ့ Personality ကိုယ့်ရဲ့ Image ကို တည်ဆောက်နိုင်ပါတယ်။ နေ့စဉ်နဲ့ အမျှ ကိုယ်တင်နေတဲ့ ကိုယ့်ရဲ့ Status တွေဟာ ကိုယ့်ရဲ့ စိတ်ဓါတ် တစ်စိတ်တစ်ဒေသကို ဖော်ပြနေပါတယ်။ ကိုယ်ရဲ့ အတွေးအခေါ်ကို အယူအဆတွေရဲ့ တစ်စွန်းတစ်စကို လှစ်ဟ ပြနေပါတယ်။ ကိုယ်ရဲ့ အရည်အချင်းတွေကို ဖော်ပြနေပါတယ်။ အဲဒီ Statusတွေကြောင့် မိတ်ဆွေ အပေါင်းအသင်း ကောင်းတွေရ နိုင်ပါတယ်။
အဲဒီအတွက်ကြောင့် facebook သုံးစွဲသူ လူ ငယ်တွေ အနေနဲ့ facebook ကို Learning area တစ်ခု အဖြစ် သုံးစွဲစေချင်ပါတယ်။ ကိုယ်လုပ်ချင်တဲ့၊ ကိုယ်ဝါသနာပါတဲ့Career တစ်ခုခု ကို အစပြုနိုင်ဖို့ facebook သုံးရင်း လေ့လာပြီး၊ facebook ကပဲ ကိုယ့်ရဲ့ ကိုယ် စွမ်း ကိုယ်စကို စတင်မိတ်ဆက်ပါ။ချက်ချင်း တော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေကသတိထား မိချင်မှ ထားမိပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် စိတ်ရှည်ဖို့ လိုပါတယ်။ ကိုယ်တင်နေတဲ့ status တွေကို စေတနာထားပြီး စိတ်ရှည် လက်ရှည်နဲ့ တင်ကြည့်ပါ၊ တကယ် အကျိုးရှိ တယ်၊ တကယ်ကောင်းတယ်ဆိုရင်တောင်း စရာမလိုဘဲ Like တွေ ရလာပါမယ်။ အဲဒီ ကဆင့် Share တွေများလာပြီ ဆိုရင် ကိုယ့် ရဲ့ Personality ကိုယ့်ရဲ့ Image ကို လူတွေ က စပြီးတော့ သတိထား မိလာမှာပါ။ အဲဒီ Image ကို ခိုင်မြဲအောင် တည်ဆောက်နိုင် မယ်ဆိုရင် လုပ်ငန်းခွင်ဝင်မယ့် အချိန်မှာ ကိုယ်က Quality ရော Image မှာ ခိုင်မာ နေ ပြီဆိုရင် ကိုယ့်အတွက် အခွင့်အလမ်း ပိုများပါတယ်။
ဒါကြောင့်မို့ facebook ကို နေ့တိုင်းလောက် နီးပါး သုံးဖြစ်နေတဲ့ကြတဲ့ facebook user တွေအနေနဲ့ အကျိုးမရှိ အချိန်ကုန်သွားမယ့် အစား ကိုယ့်အတွက် အကျိုးတစ်ခုခုရရှိ အောင် ဘာအတွက် သုံးမှာလဲ ? ဘယ်လို သုံးမှာလဲ ? ဆိုတဲ့ အတွေးလေးတစ်ခု ထား စေချင်ပါတယ်။ အဲဒီအတွေးကနေ အဖြေ တစ်ခု ရပြီဆိုရင် အမြန်ဆုံး အကောင်အ ထည်ဖော်ဖို့ တိုက်တွန်းချင်ပါတယ်။ကိုယ့် ကို facebook က သုံးတာမျိုးမ ဟုတ် ဘဲ facebook ကို ကိုယ်က အသုံးချနိုင် ကြပါ စေ ……
Facebook ကို ဘာအတွက် သုံးမလဲ ?
Posted by MMTKS
on Thursday, November 28, 2013,
Add Comment
Subscribe to:
Post Comments (Atom)
0 Response to "Facebook ကို ဘာအတွက် သုံးမလဲ ?"
Post a Comment
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ
** Step-3. "5sec". လောက်စောင့်ပေးပါ။
** Step-4. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-5. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ