Version အသစ်မှာ ယခင် Version အဟောင်းမှ Features များဖြစ်သော
- မြန်မာစာခန့်မှန်းစနစ်
- အသတ်၊ ရရစ်၊ ရေးချတို့ကို အလိုအလျောက်ပြောင်းပေးသော Smart Zawgyi Feature
- Jelly Bean ဖုန်းများအတွက် စာလုံးမှန်စေတဲ့ Jelly Bean Fix
- Emoticon များ
- Unicode စနစ်အသုံးပြုနိုင်ခြင်းတို့အပြင်
- ကီးဘုတ် အသုံးပြုနည်းလမ်းညွှန်
- ကီးဘုတ် Setting ကို မြန်မာစာ၊ အင်္ဂလိပ်စာဖြင့် ရွေးချယ်ဖတ်နိုင်ခြင်း တို့ကိုပါ ဆက်လက် လုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
Bagan Keyboard မှာ မူလ Version အဟောင်းများအတိုင်း Keyboard ဖြင့် မြန်မာစာရိုက်ခြင်းကို အခမဲ့ဆက်လက်ပြုလုပ်နိုင်တဲ့အပြင် Premium Feature များကိုပါ မြန်မာငွေ တစ်ထောင်ကျပ်ဖြင့် ဖုန်းဘေလ်မှတစ်ဆင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်ပါတယ်ခင်ဗျာ။
Bagan Keyboard အတွင်းရှိ Premium Feature များအဖြစ်
- Keyboard Themse များ
- Delete ဖျက်ရင် အလိုအလျောက်ပြောင်းပေးတဲ့ Advanced Zawgyi Feature
- Suggestion ထဲမှ စာလုံးကိုရွေးချယ်ပြီးလျှင် အလိုအလျောက် Space ခြားပေးသော စနစ်
- Application Crash ဖြစ်သွားလျှင် အလိုအလျောက် Report ပြုလုပ်နိုင်သောစနစ်
- Keyboard Layout Notification ဖော်ပြပေးသောစနစ်
- Keyboard Width/Height/Timeout တို့ကို မိမိစိတ်ကြိုက်သတ်မှတ်နိုင်တဲ့ Customization Feature များပါဝင်လာပြီဖြစ်ပါတယ်။
Premium Feature များကို ၀ယ်ယူလိုပါက ကီးဘုတ် Setting ထဲသို့ဝင်၍ Activate ကို နှိပ်ကာ အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားရုံနဲ့ မိမိတို့ ဖုန်းဘေလ်ထဲမှတစ်ဆင့် Application ထဲမှ Feature များကို ၀ယ်ယူရရှိနိုင်ပါပြီခင်ဗျ။ ဖုန်းဘေဖြင့် ၀ယ်နိုင်သော ပထမဦးဆုံး မြန်မာ Application ဖြစ်ပြီး အမြို့မြို့အနယ်နယ်မှ အသုံးပြုသူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ Gift Card များဖြင့့် အမြို့မြို့ အနယ်နယ်ရှိ မိုဘိုင်းလ် ဖုန်းဆိုင်များကို ဖြန့်ချိသွားဖို့ရှိပါတယ်ခင်ဗျ။ နိုင်ငံရပ်ခြားက အသုံးပြုသူများအတွက်တော့ မြန်မာပြည်တွင်းရှိ သူငယ်ချင်းများကို Code ၀ယ်ယူပေးဖို့ အကူအညီတောင်းပြီး ပို့ခိုင်းခြင်းဖြင့် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
Code ၀ယ်ယူ၍ Activate ပြုလုပ်သူများအနေဖြင့်လဲ တစ်ခါ Activate ပြုလုပ်ပြီးတာနဲ့ တစ်သက်လုံးအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဖုန်း၏ Custom Rom ကို အသစ်ပြန်တင်လျှင်ပင် Activation Code နေရာမှာ "renewcode" ဟုရိုက်လိုက်ရုံဖြင့် မူလအတိုင်း Activated ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ Premium Feature များကို ၀ယ်ယူလိုခြင်း မရှိသူများအနေဖြင့်လဲ စာစီစာရိုက်အတွက်ကီးဘုတ်ကို အခမဲ့ အဆင်ပြေစွာ ဆက်လက်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်ခင်ဗျာ။
ကီးဘုတ်အခမဲ့အသုံးပြုနိုင်ခြင်းကို Expire Date များကဲ့သို့ လုံးဝပိတ်သွားဖို့မရှိပဲ Premium Feature များကိုသာ ရောင်းချသွားမှာဖြစ်တဲ့အတွက် အသုံးပြုသူများအနေဖြင့် အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ အစဉ်အားပေးမှုများကိုကျေးဇူးတင်လျှက် --------
ဖရီးဒေါင်းလော့ခ် ရယူလိုပါကgoogle playမှာ ၀င်ရောက်ဒေါင်းလော့ခ်ရယူနိုင်ပါတယ်ခင်ဗျာ(ပိုက်ဆံမပါတဲ့အတွက် တော့ function အသစ်လေးတွေမပါပါဘူး
http://maungkan.blogspot.com/2013/10/bagan-keyboard-pro-version-210-andorid.html?m=1
Free Download at -> https://play.google.com/store/apps/details?id=com.bit.androsmart.kbinapp




0 Response to "မြန်မာစာရိုက်စနစ်အတွက် Bagan Keyboard Pro (Version 2.1.0) andorid"
Post a Comment
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ
** Step-3. "5sec". လောက်စောင့်ပေးပါ။
** Step-4. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-5. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ