နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း
ဟုတ်ကဲ့ ….။
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော် လူမှုကွန်ယက်
ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Facebook ကို အတော်များများ အသုံးပြုလာကြပါပြီ။
ကျနော်တို့ဆီက အင်တာနက် ကွန်နက်ရှင်ကတော့ သိတဲ့အတိုင်း ဖွတ်ချပ်ချပ်ရယ် …။
ဒီကွန်နက်ရှင်မျိုးနဲ့ Facebook သုံးရတာ တစ်ခါတစ်လေ ကျတော့ အတော်
စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကွန်နက်ရှင်က လူသုံးများတဲ့ အချိန်ဆို ပိုပြီး
နှေးနေတတ်ပါတယ်။
အခု ကျနော် ပြောမယ့် နည်းလမ်းကတော့ ဒီလို အင်တာနက် ကွန်နက်ရှင်
နှေးကွေးနေတဲ့ အချိန်မျိုးမှာ Facebook ကို အသုံးပြုနိုင်တဲ့
နည်းလမ်းတစ်ခုပါပဲ။ ဘယ်လို သုံးရမှာလဲဆိုတော့ Facebook ရဲ့ Mobile Version နဲ့ သုံးမှာပါ။ အဲ့ဒီထဲမှာတော့ Chat မပါဘူး။ အသွင်အပြင်ကလည်း သိပ်တော့ မလှဘူး။
ဒါပေမယ့် … သူငယ်ချင်းတွေ တင်လိုက်တဲ့ status တွေကို မြင်ရတယ်။
ကိုယ်ကလည်း တင်လို့ရတယ်။ ရိုးရိုးထက် ပိုပြီး မြန်ဆန်ပါတယ်။
ဒါကို
သုံးဖို့အတွက် ပထမဆုံး အနေနဲ့က ကိုယ်က Facebook ကို Login ဝင်ထားတယ်ဆိုရင်
အရင်ဆုံး SignOut နဲ့ ထွက်လိုက်ပါ။
ပြီးသွားရင် … www.facebook .com ကို သွာလိုက်ပါ။ အဲ့ဒီမှာ Login ဝင်ပြီးသာ သုံးလိုက်ပါ။ ဒါလေးပါပဲ။ lite.facebook.com ဆိုပြီး ရှိပါသေးတယ်။ ဒါပေမယ့်လို့လည်း အဲ့ဒီဆိုက်က အခု ကျနော် စမ်းကြည့်တာတော့ အလုပ်လုပ်တာ မတွေ့ရပါဘူး။ ဒါကြောင့် m.facebook.com ကိုပဲ ညွှန်းလိုက်တာပါ။
ကွန်နက်ရှင် နှေးနေတဲ့ အချိန်မှာ ဒါလေးနဲ့ သုံးတာက ပိုပြီး ကောင်းပါတယ်။ (http://m.facebook.com/)
။ ပြီးတော့ ဒီမိုဘိုင်း ဖေ့စ်ဘုတ်မှာ သူငယ်ချင်းတွေ အသစ် တင်လိုက်တဲ့
စာတွေ၊ ပုံတွေက အော်တို ပေါ်လာမှာ မဟုတ်တဲ့အတွက် Refresh လေး လုပ်ပြီး
သုံးရပါတယ်။ Webpage ကို Refresh လုပ်ဖို့ အတွက်ဆိုရင် Keyboard ထဲက F5 ကီးလေးကိုသာ နှိပ်လိုက်ပါ။
Credit : (http://anzartone.wordpress.com/)
အသစ်တင်တိုင်း facebook ကနေစောင့် ဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။




0 Response to "androidမှာ internetနှေးရင် facebook အသုံးပြုနည်း"
Post a Comment
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. adflyလင့်မဟုတ်ပဲ တစ်ခြားလင့်တက်လာပါက
ဖုန်းမှ BACK KEYကိုသာနှိပ်ပေးပြီး DOWN LOADကိုပြန်နှိပ်
ကြည့်ပေးပါ
** Step-3. "5sec". လောက်စောင့်ပေးပါ။
** Step-4. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-5. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
အဆင်ပြေတယ်ဆိုရင် commend လေးများပေးခဲ့ကြပါနော်
သူငယ်ချင်းတို့  စကားတခွန်းဟာကျနော်တို့အတွက် အားဆေးတစ်ခွက်ပါဗျာ