LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ
Showing posts with label Mobile News. Show all posts
Showing posts with label Mobile News. Show all posts
MPT နှင့် Facebook တို့ပူးပေါင်းပြုလုပ်သော အခမဲ့ facebook အသုံးပြုနိုင်မည့် Facebook Flex
MPT နှင့် Facebook တို့ပူးပေါင်းပြုလုပ်သော အခမဲ့ facebook အသုံးပြုနိုင်မည့် Facebook Flex
M
ဇွန်လ ၆ ရက်နေ့မှစတင်မည့် MPT နှင့် Facebook တို့ပူးပေါင်းပြုလုပ်သော အခမဲ့ facebook အသုံးပြုနိုင်မည့် Facebook Flex အခမဲ့ဝန်ဆောင်မှုတွင် ဓာတ်ပုံနှင့် ဗွီဒီယိုကြည့်ရှု၍ မရနိုင်ကြောင်း သိရသည်။
Facebook ၏ ၀န်ဆောင်မှုတစ်ခုဖြစ်သော facebook Flex ကို MPT ဆက်သွယ်ရေးဝန်ဆောင်မှုဖြင့် အခမဲ့သုံးစွဲနိုင်မည်ဖြစ်ပြီး ဓာတ်ပုံနှင့် ဗွီဒီယိုကြည့်ရှု၍ မရနိုင်သော်လည်း ပုံမှန်အတိုင်း Facebook သုံးစွဲသကဲ့သို့ Like , Comment , Chat, Postများတင်နိုင်ကြောင်းသိရသည်။
Facebook Flex အသုံးပြုမည့်သူများသည် အခမဲ့နှင့် ဒေတာအသုံးပြုပုံစံဟူရ်ျ ပုံစံနှစ်မျိုးဖြင့်အသုံးပြု နိုင်မည်ဖြစ်ပြီး Facebookကို စတင်အသုံးပြုမည့် သူများကို ၁၄ ရက်အခမဲ့ အသုံးပြုခွင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
“Facebook နဲ့ပူးပေါင်းပြီးဆောင်ရွက်လုပ်ဆောင်တဲ့ ဒီအစီအစဉ်ဟာ မြန်မာပြည်သူပြည်သားတွေကို အင်တာနက်ပေါ်မှာ ပိုပြီးချိတ်ဆက်မှုရှိလာစေဖို့နဲ့ဒီအခမဲ့ အခြေခံစနစ်ပုံစံကနေတစ်ဆင့် လိုချင်သိချင်တဲ့အချက် တွေကို ရယူနိုင်ဖို့ဖြစ်ပါတယ် ။
ဒီပူးပေါင်းမှုဟာ မြန်မာပြည်ဆက်သွယ်ရေးကဏ္ဍမှာနောက်ထပ်မှတ်တိုင်သစ်တခု စိုက်ထူလိုက်တာဖြစ်ပြီး အင်တာနက်ပေါ်မှာရှိတဲ့ အခြေခံသတင်းအချက်အလက်တွေနဲ့ အခြားတန်ဖိုးရှိတဲ့ အချက်အလက်တွေကို အသုံးပြုနိုင်မယ့် နောက်ထပ်အခွင့်အရေးတစ်ခုကို ဖန်တီးလိုက်တာလဲဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commerical Offricer ဖြစ်သူ Mr.Koichi Kawase ကပြောကြားသည်။
Facebook Flex ၀န်ဆောင်မှုကိုအသုံးပြုမည့်သူများအနေဖြင့် MPTဖုန်းဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်း၏ SIM Slot 1 တွင်သာအသုံးပြုနိုင်မည်ဖြစ်ကာ Android ဖုန်းများအနေဖြင့် မိမိတို့အသုံးပြုနေသော Application ဖြင့်သာအသုံးပြုနိုင်ပြီး ISOဖုန်းများအတွက်ကိုမူ Broswer မှဝင်ရောက်အသုံးပြုရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်တစ်ခုဖြစ်သော MPT သည် မြန်မာနိုင်ငံတွင် အသုံးပြုသုအများဆုံး ကွန်ရက်တစ်ခုဖြစ်ရာ ပြီးခဲ့သည့် မေလက အသုံးပြုသူ သန်း၂၀ပြည့်ခဲ့သည်။
MPT သည် ဂျပန်နိုင်ငံရှိ KDDI ကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့နှင့် လုပ်ငန်းပူးပေါင်းလုပ်ကိုင်ရန် ၂၀၁၄ ဇူလိုင်လတွင် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး KDDIကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုးတက်စေရန်အတွက် အမေရိကန်ဒေါ်လာ နှစ် ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။
လင်းလင်းထက်
The Ladies New
မောင်းသူမဲ့ ဒရုန်းများကို ဖမ်းဆီးနိုင်ရန် အတွက် ပိုက်ကွန်ပစ်သော လက်နက်တစ်မျိုး ကို ဖန်တီး
လန်ဒန် ၊ ၇-၃-၂၀၁၆
အင်္ဂလန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သော Open Works Engineering က မောင်းသူမဲ့ ဒရုန်းများကို ဖမ်းဆီးနိုင်ရန်  အတွက် ပိုက်ကွန်ပစ်သော လက်နက်တစ်မျိုး ကို ဖန်တီးလိုက်ကြောင်း သိရသည်။
ပိုက်ကွန်နှင့် တကွ ဖမ်းဆီးလိုက်သော ဒရုန်းကို မြေပေါ်သို့ ဆင်းသက်ရန် အတွက် လေထီး တစ်စုံလည်း ပါဝင်ကြောင်း သိရသည်။ ၄င်းလက်နက်မှ ပိုက်ကွန်ကို ပစ်လွှတ်နိုင်သည့် အကွာအဝေးမှာ မီတာ ၁ဝဝ အတွင်းဖြစ်၍ Skywall 100 ဟု အမည် ပေးထားပြီး ဒရုန်းများကို ချိန်၍ ပစ်ခတ်ရန် အတွက် စမတ် ချိန်ကွင်းတစ်ခု ပါဝင်သည်။ 
Skywall  မှ ပိုက်ကွန်ကို တစ်ကြိမ် ပစ်လွှတ်ပြီးလျှင် နောက်တစ်ကြိမ် ပစ်နိုင်ရန် အတွက် ၈ စက္ကန့်သာ ပြင်ဆင်ချိန် လိုအပ်၍ ဒရုန်းများ ကောင်းကင်ပေါ်၌ တစ်ခုထက်ပို၍ ရှိနေပါ ကလည်း ရှင်းလင်းနိုင်ရန် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရသည်။
Skywall မှာ သာမန် လက်နက်ထက် အနည်းငယ် ကြီးသော်လည်း ပေါင်ချိန် ၂၂ ပေါင်မျှသာ ရှိ၍ ကိုင်ဆောင်ရန် အဆင်ပြေခြင်း၊ ဈေးနှုန်း မြင့်မားမှု မရှိခြင်း၊ သယ်ဆောင်ရန် အတွက် လွယ်ကူခြင်း တို့ကြောင့် ဒရုန်းဆန့်ကျင်သူ များက Skywall ကို သဘောကျ ကြသည်။ ဒရုန်းများ ရောင်းဝယ်မှုကို ကြီးကြပ်သည့် CEA အသင်းက ပြုစုထားသော စာရင်း တစ်ခုအရ ၂ဝ၁၅ ခုနှစ်က ဒရုန်းအလုံးရေ ၇ဝဝဝဝဝ ခန့် ရောင်းခဲ့ရပြီး 
အမေရိကန်နိုင်ငံရှိ ဒရုန်း ဝယ်ယူသူဦးရေ ၃ဝဝဝဝဝ က ၄င်းတို့၏ ဒရုန်းများကို မှတ်ပုံတင်၍ အသုံးပြုခဲ့ကြောင်း သိရသည်။
ဒရုန်းများမှာ ကောင်းကင်ပေါ်သို့ အလွယ်တကူ ပျံဝဲနိုင်၍ နံရံ၊ ခြံစည်းရိုးကဲ့သို့ အတားအဆီး များကိုကျော်နိုင်၍ ဒရုန်းများ ပျံသန်းခွင့် မရှိသော နေရာများ သို့မဟုတ် အာဏာပိုင်များ ကန့်သတ်ထားသည့် နေရာများ တွင်လည်း ဒရုန်းပိုင်ရှင် များက ဝင်ရောက် စူးစမ်းကြသည်။ ဒရုန်းများ အနေဖြင့် ဝင်ရောက်ရန် ခွင့်ပြုချက် ရရှိထားခြင်း မရှိသော နေရာများ၌ တွေ့ရှိပါက အဆိုပါ ဒရုန်းကို ဖမ်းဆီးပစ်ချ၍ လုံခြုံသော နေရာတွင် ထားရှိရန် သက်ဆိုင်ရာက အသိပေး ထားကြောင်း သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၁)
Paypal နဲ့ ဘစ်ကွိုင် ၀ယ်ချင်ရောင်းချင်တဲ့သူတွေ အတွက်
Paypal နဲ့ ဘစ်ကွိုင် ၀ယ်ချင်ရောင်းချင်တဲ့သူတွေ အတွက် 
ကျနော် Spice Pay ဆိုတဲ့  Site လေးနဲ့ ကျနော် မိတ်ဆက် ပေးပါမယ်.... ထွေထွေ ထူးထူးတော့ မဟုတ်ပါဘူး... သူ့ဆိုဒ်မှာ Exchange ဆိုတာ ပါပါတယ်..
ပြီးရင် Wallet ဆိုမျိုးလဲသုံးလို့ရနိုင်မယ်..... Merchant ဆိုတာလဲပါပါတယ်....
Merchant ကတော့ ဆိုဒ်ပိုင်ရှင်တွေအတွက်သာ Post Back အနေနဲ့ အသုံးပြုလို့ရနိုင်တာပါ... Item Invoice တွေအတွက်.... API ကို ကိုယ့်ဘာသာမရေးတက်ရင် PHP နဲ့ အခု ဆိုဒ်က အဆင်သင့် လုပ်ပြီးသား ကို Call Back URL အနေနဲ့ Setting မှာ ထည့်ပြီးတော့ မိမိ ဆိုဒ်အတွက် အသုံးပြုနိုင်မှာပါ..
ကျန်တဲ့သူကတော့ အိတ်ချိန်းအနေနဲ့သာ အသုံးပြုလို့ရနိုင်ပါတယ်....
သူ့ထဲမှာ Bitcoinကို Paypal နဲ့ဝယ်ရောင်းခွင့် ပြုလုပ်ပေးထားပါတယ်...သူပေးထားတဲ့ဈေးက အရမ်းတန်ပါတယ်.... ၀ယ်ရင်ဖြစ်ဖြစ် ရောင်းရင်ဘဲဖြစ်ဖြစ် အဆင်ပြေတဲ့ ဈေးနှုန်းပါ.....
အခုဈေး Coinbase ပေါက်ဈေး = $438 ပါ...
သူ့မှာ Paypal နဲ့ဝယ်ရင် = $442 ပါ... ၄ ဒေါ်လာသာကွာပါတယ်...ပေပယ်ကိုဂရုတွေမှာရောင်းဖို့အ၇မ်းခက်ပါတယ်.... ဈေးလဲမရပါဘူး အိတ်ချိန်းတွေမှာ ပေပယ် ကိုဝယ်တဲ့ အိပ်ချိန်းအလွန်ဘဲ နည်းပါတယ်.... အချင်းချင်းပြန်ရောင်းရင်လဲ ၁၂၀၀ ရဖို့တောင် အနိုင်နိုင်ပါ... ၀ယ်တဲ့သူရှားပါတယ်...
အခုအိပ်ချိန်းမှာ ပေပယ်ထည့်ပြီးတော့ ဘစ်ကွိုင် ပြန်ဝယ်ပြီး၇င် ဘစ်ကွိုင် ကို ၁၂၆၀ လောက်နဲ့ဘယ်မှာပြန်ရောင်းရောင်း ချက်ချင်းရောင်းထွက်ပါတယ်....
အရင်ဆုံး အကောင့်သွားဖွင့်လိုက်ပါ.... . Non Ref Link ပါခင်မျာ...ကော်မရှင်လင့်မဟုတ်ပါဘူး..
http://adf.ly/1YXbDQ
ပြီးရင်တော့ New Account မှာ လိုအပ်တာတွေ ဖြည့်ပြီးတော့အကောင့်ဖွင့်လိုက်ပါ...ကျနော်တော့အကောင့်ဖွင့်တာကို မပြောပြတော့ပါဘူး...
အကောင့်ဖွင့်ပြီးပြီ ဆိုရင် Account Setting မှာ လိုအပ်တာတွေ ဖြည့်ရပါမယ်.... အကောင့်ဗယ်ရီဖိုင်းလုပ်ဖို့ လိုအပ်ပါမယ်....
User Verification မှာ Passport ID သို့မဟုတ် Driver လိုင်စင် တခုခု တင်ပေးရပါမယ်...ဓါတ်ပုံရိုက်ပြီးတော့... ပြီးရင် ဖုန်းနံပါတ် လဲထည့်ပေးရပါတယ်....
လိပ်စာတွေ ဖြည့်ပြီးတော့ လိုအပ်တာ မှန်သမျှဖြည့်ပေးလိုက်ပါ...ဗယ်ရီဖိုင်းလုပ်တာကို ဒါမှ ပေပယ် နဲ့အိပ်ချိန်း လုပ်ခွင့်ရှိမှာ.... အကောင့်ဗယ်ရီဖိုင်းကို တင်ပေးပြီးသွားရင် ၂ ၄ နာရီ စောင့်ရပါမယ်...သူတို့အီးမေး ပြန်ပို့ပါလိမ့်မယ် ဗယ်ရီဖိုင်းလုပ်တာ အောင်မြင်သွားရင်တော့...အောက်ကပုံလိုမျိုးစာပြနေပါလိမ့်မယ်
သူများပက်စပို့ ခဏ ယူပြီးတော့တင်ပေးလိုက်လဲရပါတယ်...အဆင်ပြေတာတခုခု သာတင်ပေးလိုက်ပါ...
ပြီးရင်တော့ ကျနော်တို့ Bitcoin Exchange ကိုဝယ်ပြီးတော့ BUY Bitcoin မှာစတင်ပြီးတော့ ၀ယ်ယူလို့ရပါပြီခင်မျာ....
Account Setting မှာလဲ မိမိ ငွေချေမဲ့ ပေပယ် အီးမေးကို ထည့်ပေးလိုက်ပါ...ပြီးရင်အီးမေးကနေ ကွန်ဖန်း လင့်နဲ့ ပြန်ဝင်ပေးလိုက်ပါ...
အခုလက်ရှိပေါက်ဈေးပါ... အရမ်းတန်ပါတယ် ပေပယ်ကိုတခြားနေရာကဈေးပေါပေါနဲ့သာဝယ်လို့၇ရင် ဒီမှာဘစ်ကွိုင် လာဝယ်ကြည့်ပါ... ဘယ်site မှာ ပေပယ်နဲ့ဝယ်တာလက်မခံပါဘူး...အထုတ်သာလက်ခံတာများပါတယ်...ထုတ်ရင်လဲ ဖိစ်က အနည်းဆုံး 8% လောက်ဖြတ်ခံရပါတယ်....ပြီးရင်အိတ်ချိန်းတွေ ဆိုရင်လဲ ၃၀၀ ၅၀၀ လောက်မှ ပေပယ်ကိုပေးလဲပါတယ်....
အရင်ကကျနော် ပေပယ် နဲ့ဝယ်ရင် ဖိစ်က ၂ပါစန့်လောက်သာပေးရပါတယ်...အခုတော့ ဒေါ်လာဈေးအရမ်းကျနေလို့ ဖိစ် တက်သွားပါပြီ.. 5.57% ပါစန့်ပေးရပါမယ်.....
ဘာဘဲဖြစ်ဖြစ် နည်းနည်း လောက်လဲချင်တဲ့သူ အတွက်တော့အရမ်းမသိသာပါဘူး...အခုလိုမျိုးလဲလို့ရတဲ့ Site ရှိတာဘဲ တော်တော် ရှာယူရပါတယ်....
ဒေါ်လာဈေးအရင်လောက် ပြန်တက်နေရင်တော့ ဖိစ်က လျော့ကျသွားမှာဖြစ်ပါတယ်...
ပုံမှာ၁၀ ဖိုး အတွက် ပေးချေရမှာက ၁၀.၅၈  ဒေါ်လာ ကျမှာပါ ဖိစ်ပါဝင်ပြီးတော့ ပို့ပေးရမှပါ...
Sumit Order နှိပ်ပြီးတော့အော်ဒါတင်ပေးလိုက်ပါ...
Confirm လုပ်ပေးလိုက်မယ် ၀ယ်မယ်ကြိမ်းသေကြောင်းကို...
Pay ကိုနှိပ်ပြီးတော့ Paypal ထဲဝင်ပြီးတော့ငွေ ချေပေးလိုက်ပါ..
ငွေချေပြီးသွားရင် အခုလိုမျိုးပြပါလိမ့်မယ် ကိုယ့်အော်ဒါ complete ဖြစ်သွားပြီဆိုတာကို ....ပေပယ်ကလဲငွေ ချေလိုက်တဲ့အကြောင်း အီးမေးဝင်လာပါလိမ့်မယ်....
MY Transaction မှာ အခုလိုမျိုးငွေချေပြီးတာကို Pending အနေနဲ့ပြနေပါလိမ့်မယ်....
Complete ဖြစ်အောင်ပြီးတဲ့အထိစောင့်နေလိုက်ပါ...မစောင့်ချင်လဲရပါတယ် ကိုယ့်အကောင့်လိပ်စာထဲအော်တိုဝင်နေပါလိမ့်မယ် ....ပြီးရင်တော့ ကိုယ့်ထုတ်ချင်တဲ့ဝေါလက်လိပ်စာထဲကို ပေပယ်နဲ့ဝယ်လိုက်တဲ့ ဘစ်ကွိုင်ကိုထုတ်သွားယုံပါဘဲ...
ဒါကိုကျနော်စမ်းချင်လို့ ပေပယ် ကို အိပ်ချိန်းမှာ ဘစ်ကွိုင်နဲ့အရင် အိပ်ချိန်းလုပ်ပြီးမှ ပေပယ် ကိုရပါတယ် အခုလောလော ဆယ် ပေပယ် လက်ထဲမရှိတဲ့အတွက် ကြောင့်ဖိစ်ဖြတ်ခံပြီးသာ လိုက်လိုက်ရတာပါ...အဲ့ပေပယ် ကိုဘယ်လိုဝယ်ရလဲ စခရင်ရှော့တွေ ပြနိုင်ဖို့ ဖို့အတွက်ပါ....
ပြီးရင်တော့ Send Bitcoin ကနေ ကိုယ်ဝယ်ထားတဲ့ ဘစ်ကွိုင်ကို ထုတ်လိုက်ပါ လိပ်စာထည့်ပြီးတော့..
ထုတ်ပြီးသွားရင် အီးမေးလာပါလိမ့်မယ် အီးမေးကွန်ဖန်းလုပ်ပေးလိုက်ပါ Withdraw အတွက်ကို...Confirm Link ကိုနှိပ်ပေးလိုက်ပါ...
Complete လို့တန်းပြပါလိမ့်မယ် ကိုယ့်ဝေါလက်ထဲကိုကြည့်လိုက်ပါ မိမိ ထုတ်လိုက်တဲ့ Bitcoin ရောက်နေတာကိုတွေ့ ရပါလိမ့်မယ်ခင်မျာ....
အားလုံးဘဲ အခုလောက်ဆိုရင်တော့ Paypal နဲ့ ဘစ်ကွိုင် ၀ယ်တက်မှာပါ ပုံလေးတွေ ကြည့်ပြီးတော့ တဆင့်ချင်း သာလုပ်သွားလိုက်ပါ...bitcoin ပြန်လည်ရရှိလာပြီ ဆိုရင်တော့ မြန်မာငွေနဲ့ပြန်ရောာင်းဖို့ လွယ်ကူသွားပါလိမ့်မယ်....
အားလုံးဘဲအဆင်ပြေကြပါစေလို့မျှော်လင့်မိပါတယ် အခုနည်းလမ်းလေးကို စေတနာ အပြည့်နဲ့ အလကားပေးချင်ယုံသက်သက်ပါခင်မျာ.....
လမ်းကြုံရင်ကျနော့်ဘလော့လေးကိုလဲ ဗို့စ် ပေးနိုင်ပါတယ်ခင်မျာ လေးစားလျက်
mmbitcoinguide (Crypto miner)
MMM GLOBAL အကြောင်း
MMM Global ဆိုတာဘာလဲ
MMM Global ဆိုတာ Online မှာ ငွေအရင်းအနှီးလုပ်ပြီး နေ့စဉ် Mini Job လေးတွေ လုပ်ပေးရုံနဲ့ ကိုယ်ရင်းနှီးထားတဲ့ ငွေပမာဏရဲ့ ၁၀၀ % အကျိုးအမြတ်ရရှိနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
MMM က ဘာလဲ???
MMM ဆိုတာ လူတစ်ဦးနဲ့ တစ်ဦး အကူအညီပေးတဲ့ ပုံစံမျိုးနဲ့ စနစ်ကို ဖွဲ့စည်းထားတာပါ။ ဒီနေ့ သင်လူတစ်ယောက်ကို ကူညီလိုက်ရင် နောက်နေ့မှာ သင့်ကို ကူညီဖို့ လူတစ်ယောက်က အမြဲ ရှိနေပါတယ်။ အဲဒီလို စနစ်ဖြစ်အောင်လည်း MMM က စီစဉ်ထားတာပါ။
MMM ဆိုတာ Multi Level Marketing လား။ ကြော်ငြာ ကြည့်ပေးရတဲ့ အလုပ်မျိုးလား???
လုံးဝ မဟုတ်ပါဘူး။ ကြော်ငြာကြည့်ပေးမှ ငွေရတာမျိုးလည်း လုံးဝ မဟုတ်သလို Multi Level Marketing လိုမျိုး ကိုယ့်လက်အောက်မှာ လူတွေကို အတင်းဝင်အောင်လုပ်ပြီးမှ ငွေရတာမျိုးလည်း လုံးဝ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ နေ့စဉ် ၁၀ မိနစ်လောက် Mini Job လေးတွေ လုပ်ပြီး ကိုယ်ရင်းထားတဲ့ ငွေပမာဏကို နှစ်ဆရအောင် လုပ်ရတာပါ။
ဒါဆို MMM မှာ ဘယ်လို အလုပ်လုပ်ပြီး ကိုယ့်ငွေပမာဏကို နှစ်ဆတိုးအောင် လုပ်ရမှာလဲ???
ဥပမာ သင် ဒီနေ့ MMM Global မှာ $100 ထည့်လိုက်ပြီ ဆိုပါစို့။ စပြီး MMM ကို ထည့်လိုက်ပြီ ဆိုတာနဲ့ သင့်အတိုးတွေဟာ စတင် တက်လာပါလိမ့်မယ်။ တစ်လကို 20% ကနေပြီးတော့ 100% အတွင်း အတိုး တက်ဖို့ကတော့ သင့်လုပ်ဆောင်ချက်ပေါ် မူတည်ပါလိမ့်မယ်။ ဘာတွေ လုပ်ရမှာလဲ??? MMM Global မှာ MMM Extra လို့ခေါ်တဲ့ Mini Job လုပ်ဖို့ နေရာလေးရှိပါတယ်။ Mini Job ဆိုတာ ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ Facebook မှာ Comment ရေးတာတို့၊ Twitter မှာ Video ကို Share လုပ်ရတာတို့၊ You Tube မှာ Comment ဝင်ရေးယုံပါဘဲ။ ဒါကိုတောင် MMM Global က မလုပ်တတ်မှာ စိုးတဲ့အတွက် ပုံတစ်ပုံချင်းစီနဲ့ ဘာပြီးရင် ဘယ်ခလုတ်ကိုနှိပ် ကအစ ပြထားတာပါ။ တစ်ရက်ကိုလည်း အချိန်က ၁၀ မိနစ်လောက်ပဲ ပေးပြီး လုပ်ရတာပါ။ အဲဒီ Mini Job တွေကို သင်က တစ်ရက်ကိုတစ်ခု မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် MMM Global က တစ်နေ့ကို သင်ရင်းထားတဲ့ ငွေပမာဏရဲ့ 3.33% အနေနဲ့ ပေးပါတယ်။ ဒီလိုနဲ့ တစ်လလုံး သင်က Mini Job တွေကို မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် တစ်ရက်ကို 3.33% အနေနဲ့ ရတာဆိုတော့ တစ်လဆို 100% ကိုယ်ရင်းထားတဲ့ ပမာဏအတိုင်း အတိုး ထပ်ရပါတယ်။ ဥပမာ - $100 ရင်းထားပြီး Mini Job တွေ မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် တစ်လပြည့်ရင် သင့်အရင်း $100 အပြင် အတိုးအနေနဲ့ $100 စုစုပေါင်း $200 ကို ရရှိမှာပါ။ ဒါဆို Mini Job တွေ မလုပ်ဖြစ်ရင်ရော??? ဒါဆို သင်က တစ်ရက်ကို သင်ရင်းထားတာရဲ့ 0.67% ရပါလိမ့်မယ်။ တစ်လလုံး အနေနဲ့ တွက်ရင်ကျတော့ သင်ရင်းထားတဲ့ ငွေပမာဏရဲ့ 20% ကို ရရှိမှာ ဖြစ်ပါတယ်။ ဥပမာ - $100 ရင်းထားပြီး Mini Job တွေ လုံးဝ မလုပ်ဘူးဆို တစ်လပြည့်ရင် သင့်အရင်း $100 အပြင် အတိုးအနေနဲ့ $20 စုစုပေါင်း $120 ကို ရရှိမှာပါ။ ဒါဆို အတိုးတွေက တစ်လလုံး စောင့်ပြီးမှ ထုတ်ရမှာလား??? လုံးဝ မဟုတ်ပါဘူး။ MMM Global က အချိန်မရွေး သင့်ရဲ့ အရင်းရော အတိုးကိုပါ ထုတ်ယူခွင့် ပြုထားတာ ဖြစ်တဲ့အတွက် အရမ်း အဆင်ပြေပါတယ်။ ဒါကြောင့် လူတိုင်း မိမိရဲ့ငွေကို နှစ်ဆ ပွားချင်တယ်ဆိုရင် MMM Global မှာ နေ့စဉ် ၁၀ မိနစ်လောက် Mini Job ကို သေသေချာချာ လုပ်ပေးပါ။ အားလုံးပဲ အောင်မြင်ကြပါစေ!!!
MMM Global Founder အကြောင်း
MMM Global ဘယ်လိုဖြစ်ပေါ်သလဲ ?? ဘာကြောင့် MMM Global Founder ထောင်ကျခဲ့ဖူးသလဲ ??????? ခုတလော Sergey Mavrodi အရင်က ထောင်ကျဖူးတဲ့ သတင်းတွေ ပြန့်နေပါတယ်။ ဒါကြောင့် MMM ဟာ SCAM ပေါ့လို့ ပြောကြတယ် ။ ပြောတဲ့လူတွေကို အပြစ်မမြင်ပါဘူး။ ဒါပေမယ့် ရှင်းပြပါရစေ။ (1) MMMရဲ့ FOUNDER MAVRODI က သူထောင်ကျဖူးတာကို ဖုံးကွယ်ခဲ့သလား? သူမဖုံးကွယ်ခဲ့ပါဘူး။ သူပွင့်ပွင့်လင်းလင်း ပြောထားတယ်။ သူအရင်က ထောင်ကျဖူးတဲ့အကြောင်း ဘယ်မှာမဆို ဖော်ပြထားတာ တွေ့နိင်ပါတယ် (2)လူတစ်သောင်းဆီက သန်းနဲ့ချီလိမ်လို့ ထောင်ကျတာလား? မဟုတ်ပါဘူး။ လူတစ်သောင်းစီက မဟုတ်ပါဘူး။ သိန်းနဲ့ချီတဲ့ လူတွေဆီကပါ။ ထောင်က ၁ ခါ မဟုတ်ဘူး ၂ ခါကျတာပါ။ ဒါပေမယ့် သူငွေလုံးဝ မလိမ်ခဲ့ပါဘူး ။ ဟုတ်ပြီ။ ကျွန်တော် ရှင်းပြပါ့မယ်။ Sergey Mavrodi က Russia လူမျိုး ငယ်ငယ်လေးထဲက ပညာအရမ်းတော်တယ်။ သင်္ချာဘာသာနဲ့ဘွဲ့ရတယ်။ စာရေးတယ် ကဗျာရေးတယ် သူ့နိုင်ငံမှာတော်တော်အောင်မြင်ခဲ့တယ်။ Sergey Mavrodi က ၁၉၈၉ မှာ MMM ကို စတည်ထောင်တယ် ။ အဲတုန်းကတော့ Computer အပိုပစ္စည်းရောင်းတဲ့ Company လေးပါ။ အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူက နောင်တချိန်မှာ Mmm Global လို့ဖြစ်လာမယ့် MMM စနစ်ကို စ အသက်သွင်းခဲ့တယ်။ အဲ့တုန်းက သူ့မှာ Website မရှိဘူး။ သူတစ်ဦးတည်း အပြင်မှာ လုပ်ခဲ့တယ်။ ဘယ်လိုလုပ်လည်းဆိုတော့ သူ့ကိုယ်ပိုင် ပိုက်ဆံတွေကို ထုတ်တယ် ။ ပြီးတော့ လူတစ်ယောက်က သူ့ပိုက်ဆံကို လာဝယ်တယ် ဆိုပါတော့ နောက်တစ်လနေရင် သူက အဲ့လူဆီ က ပိုက်ဆံကို ဈေး၂ဆ ပေးပြီး ပြန်ဝယ်ပေးတယ်။ အဲ့ စနစ်နဲ့ပါ။ ခုခေတ် HYIP လို့ ပြောကြမယ့် ပုံစံ မျိုးပေါ့။ တစ်လကို ၂ဆ ။ သူ့လုပ်ငန်းကအောင်မြင်ခဲ့တယ်။ လူသိန်းနဲ့ချီပြီး သူ့ဆီက ပိုက်ဆံကိုဝယ်တယ်။ ပြီးရင် တစ်လနေတော့ ဈေး၂ဆ နဲ့ သူ့ဆီ ပြန်လာရောင်းတယ်။ ဒါဆို Russia အစိုးရက မဖမ်းဘူးလား? အဲ့အချိန်က သူ့ကို အဲ့လို အရေးယူဖို့ ဥပဒေ မရှိခဲ့ဘူး။ 2 နှစ်လောက်ကြာတော့ သူ့လုပ်ငန်း အရမ်းအောင်မြင်လာတယ်။ Russia အစိုးရ စိုးရိမ်လာတယ်။ သူကြောင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာမှာ စိုးတယ်။ အဲ့တော့ သူ့ကို အခွန်ရှောင်တိမ်းမှု ဆိုပြီး အမှုဆင် ထောင်ချလိုက်တယ်။ စဉ်းစားကြည့်ပါ။ အဲ့တုန်းက Website မရှိသေးဘူး။ သူတစ်ဦးတည်း လုပ်နေရတဲ့ အချိန်မှာ သူထောင်ကျတော့ သူရောင်းထားတဲ့ ပိုက်ဆံတွေကို ပြန်ဝယ်ပေးလို့ မရတော့ဘူး။ ဒါကြောင့် လူသိန်းနဲ့ချီပြီး ဆုံးရှုံးကုန်တယ်။ သူ့ကြောင့် မဟုတ်ပါဘူး။ သူ တပြားမှ သူ့အတွက် မယူခဲ့ဘူး။ ( သူလုပ်ခဲ့တာက ဘဏ်စနစ်ကို ဆန့်ကျင်ချင် ခဲ့တာပါ။ နောက်ကျ ဒီ အကြာင်း သက်သက်ရေးပေးပါ့မယ်) ဆက်ပြောရအောင်။ သူထောင်ကျသွားတယ်။ လူတွေ ပိုက်ဆံ ဆုံးရှုံးကုန်တယ်။ ဒါပေမယ့် လူတွေက သူ့ကို မမုန်းခဲ့ပါဘူး။ နောက် ၂နှစ် လောက်အကြာမှာ သူက ရွေးကောက်ပွဲဝင်တယ်။ ဒါကြောင့် ထောင်က လွတ်ခဲ့တယ်။ သူရွေးကောက်ပွဲမှာ နိုင်တယ်။ အမတ်ဖြစ်ခဲ့တယ်။ အမတ်ဖြစ်ပေမယ့် သူဟာ နိုင်ငံရေးမှာ စီပွားရေး ရောယှက်ခဲ့တယ်။ Russia ဥပဒေမှာ အစိုးရ လူကြီးတွေဟာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် မရှိခဲ့ပါဘူး။ သူက MMM ကို ပြန်တည်ထောင်ဖို့ ကြိုးပမ်းတယ်။ နိုင်ငံရေးဘက် စိတ်မပါဘူး။ ဒါနဲ့ လွှတ်တော်အမတ်နေရာ ကနေ ဖယ်ရှားခံလိုက်ရတယ်။ ထုံးစံအတိုင်း ဒုတိယအကြိမ် ထောင်ထဲပြန်ရောက်သွားတယ်။ 2011 2012 မှာတော့ ကျွန်တော်တို့ ခုသိနေတဲ့ MMM Global ကို သူစတည်ထောင်ခဲ့တယ်။ ခု 2015 နှစ်ကုန်တော့မှာပါ။ သူ့လုပ်ငန်းနဲ့ ပတ်သက်လို့ ပိုက်ဆံ ထုတ်မပေးဘူးဆိုတာ မရှိခဲ့ပါဘူး။ လူတွေ ထင်သလိုလည်း သူက ပိုက်ဆံလိမ်လို့ ထောင်ကျတာ မဟုတ်ပါဘူး။ ထောင်ကျလို့ ပိုက်ဆံ လိမ်သလိုဖြစ်တာပါ။ နောက်ပြီး MMM မှာ login မဝင်ခင် သူကိုယ်တိုင် သတိပေးထားတာ ရှိပါတယ်။ "မင်းမှာရှိသမျှငွေ အားလုံးကို မရင်းပစ်ပါနဲ့။ မင်းရဲ့ အပိုဝင်ငွေကိုပဲ အသုံးပြုပါ" ဆိုပြီးရေးပေးထားပါတယ်။ MMM Scam ဖြစ်ဖို့ဆိုရင် အခြေအနေ တစ်ခုနဲ့ တိုက်ဆိုင်ဖို့ လိုပါတယိ။ အဲ့ဒါက ဘာလဲဆိုတော့ ရှိသမျှ Member အားလုံးက တချိန်တည်းမှာ ငွေထုတ်မယ် ဆိုရင် တော့ MMM ပြိုလဲ သွားနိုင်ပါတယ်။ တခြား ဘာအကြောင်းနဲ့မှ ပြိုလဲစရာအကြောင်း မရှိပါဘူး။ ရှိသမျှ လူတွေ အားလုံးသာ တပြိုင်တည်း ငွေထုတ်ရင် MMM မှ မဟုတ်ဘူး။ Bank တွေ အကုန်လုံးလည်း ဒေဝါလီ ခံသွားရပါလိမ့်မယ်။ မယုံရင် Bank System ကို လေ့လာကြည့်ပါ ။ MMM ဟာ စီးပွားဖြစ် community အဖြစ် သူတည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ လက်ရှိ ဘဏ်စနစ်တွေကို ဖျက်သိမ်းချင်တဲ့ financial apocalypse တစ်ခုကို တည်ထောင်ချင်လို့ပါ။ ဒီမှာ သူ့အတွက် ဘာမှ မကျန်ပါဘူး။ ငွေတွေကို သူမချုပ်ကိုင်ထားပါဘူး။ Member အချင်းချင်း အပြန်အလှန်ပဲ ငွေပေးငွေယူ လုပ်ရတာပါ။ ဘဏ်တွေလို ဗဟိုချုပ်ကိုင်မှု မရှိပါဘူး။ ဒါပါပဲ ခင်ဗျာ။
MMM Global အကြောင်း နည်းနည်း သိပြီဆိုရင်တော့ အောက်က အဆင့်တွေကို တစ်ဆင့်ချင်းစီ သေသေချာချာ နားလည်အောင် ဖတ်ဖို့ လိုအပ်ပါတယ်..
Credit : ထက်နိုင်လင်း (MMM Global Manager)
Facebook Messenger Version အသစ်အကြောင်း
Android အတွက် Facebook Messenger Version အသစ်ကို Google Play Store မှနေ၍ 
ဖြန့်ချီပေးလိုက်ပါသည်။ Facebook Messenger Version အသစ်တွင် Google Material Design ကို အသုံးပြုထားပါသည်။ Google က Material Design ကို လွန်ခဲ့သော နှစ်နှစ်က မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ Facebook App ထက်စော၍ Messenger တွင် Material Design ကို ပြုလုပ်ပေးလိုက်ခြင်းလည်းဖြစ်ပါသည်။
Facebook က Messenger အတွက် Material Design ကို စမ်းသပ်နေသည်မှာ လအနည်းငယ် ကြာမြင့်ပြီဖြစ်ပါသည်။ Messenger ၏ Beta Versions များတွင် Material Design ကို စမ်းသပ်နေသည်ကို အစောပိုင်းကတည်းက အသုံးပြုသူအချို့က တွေ့မြင်ခဲ့ကြရသည်ဟု သိရပါသည်။ ယခုအခါ Material Design ဖြင့် ဖန်တီးထားသော Messenger Version အသစ်ကို အားလုံးအတွက် ဖြန့်ချီပေးလိုက်ပြီဖြစ်ပါသည်။
Facebook က Messenger သည် ကမ္ဘာအ၀န်းမှ လူသန်းပေါင်းများစွာ၏ နေ့စဉ် လူနေမှုဘ၀တွင် အဓိကကျသော အစိတ်အပိုင်းအနေဖြင့် တည်ရှိနေသောကြောင့် ဒီဇိုင်း ပြောင်းလဲခြင်းဖြစ်စဉ်သည် ခက်ခဲရှုပ်ထွေးသည်ဟု ပြောပါသည်။
လက်ရှိ စမ်းသပ်ဆောင်ရွက်နေဆဲ ကာလဖြစ်ကြောင်း၊ဈေးနှုန်းများကို ညှိနှိုင်းနေသေးကြောင်း သိရသည်။
အဆိုပါဝန်ဆောင်မှုကို အသုံးပြုမည်ဆိုပါက Package အလိုက် ခွဲခြားထားမည်ဖြစ်ပြီး အသုံးပြုသော Package အပေါ်မူတည်၍ ဈေးနှုန်းကွာခြားသွားမည်ဖြစ်ကြောင်းသိရသည်။
#######
"ကြိုးမဲ့အင်တာနက်ပေးဖို့ စီစဉ်နေတဲ့ VMG telecom"
==
ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှု (Wifi) ပေးရန် စီစဉ်ထားကြောင်း VMG Telecom မှ မန်နေဂျင်း ဒါရိုက်တာ မစမိုင်းလ်က ပြောသည်။
လက်ရှိ ISP လိုင်စင်ရရှိထားပြီးနောက် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်မည်ဖြစ်ရာ အဆိုပါဝန်ဆောင်မှုကို စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ISP လိုင်စင်ရထားတာ နှစ်လလောက်ရှိပြီ။ ရရပြီးချင်း Ytalk ကို စမိတ်ဆက်တယ်။ အရင်တုန်းက ရတနာပုံနဲ့ ပေါင်းတယ်။ အခုကသီခြားလုပ်တာ။ ပိုပြီး ဝန်ဆောင်မှုချဲ့တာ။ ISP ရပြီးတော့ ဆက်လုပ်မယ့် လုပ်ငန်းတွေကတော့ ဝိုင်ဖိုင်တွေလွှင့်မယ်။ ချက်ချင်းကြီးတော့ မဖြစ်နိုင်သေးဘူး။ ကြိုးစားပြီးတော့ လုပ်သွားမယ်။ အင်တာနက်က ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတယ် ဆိုပေမယ့် သုံးလို့ မရသေးတာတွေ ရှိတယ်။ အင်တာနက်စနစ် ကောင်းဖို့လိုနေတယ်။ တတ်နိုင်သလောက် တိုးချဲ့ပြီးလုပ်သွားမယ်” ဟု ပြောကြားသည်။
လက်ရှိ စမ်းသပ်ဆောင်ရွက်နေဆဲ ကာလဖြစ်ကြောင်း၊စျေးနှုန်းများကို ညှိနှိုင်းနေသေးကြောင်း သိရသည်။
“စျေးနှုန်းကတော့ သက်သာမယ်။ လိုင်းက မိုဘိုင်းဖုန်းထက် ပိုမြင့်မယ်။ ရုံးတွေအတွက်ကို အဓိကထား ဆောင်ရွက်နိုင်မယ်” ဟု ဆက်လက်ပြောကြားသည်။
အဆိုပါဝန်ဆောင်မှုကို အသုံးပြုမည်ဆိုပါက Package အလိုက် ခွဲခြားထားမည်ဖြစ်ပြီး အသုံးပြုသော Package အပေါ်မူတည်၍ စျေးနှုန်းကွာခြားသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကုမ္ပဏီအနေဖြင့် မော်တော်ယာဉ်သွားရာ လမ်းကြောင်းများအား ခြေရာခံသိရှိနိုင်သည့်စနစ် (Tracking System) ကိုလည်း ဝန်ဆောင်မှုပေးရန် စီစဉ်နေကြောင်း၊ မော်တော်ယာဉ်သွားရာ လမ်းကြောင်းအတိုင်း ညွှန်ပြပေးထားမည်ဖြစ်ပြီး အဆိုပါ မော်တော်ယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို နာရီတိုင်း သိရှိနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
http://www.internetjournal.media/news/4324
Followers