LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ
Showing posts with label Blogဆိုင်​ရာ. Show all posts
Showing posts with label Blogဆိုင်​ရာ. Show all posts

မိမိဘ​လော့မှာ ဗုဒ္ဓ မြတ်​စွာအား ပူ​ဇော်​ကြရ​အောင်


မိမိဘ​လော့မှာ
ဗုဒ္ဓမြတ်​စွာအား ရည်​မှန်းပြီးပူ​ဇော်​ချင်​တဲ့
မိတ်​​ဆွေများအတွက်​ ကျ​နော့်​ရဲ့
မြန်​မာ့သား​ကောင်းများမှ
မြတ်​စွာဘုရားရှင်​ရုပ်​ပွား​တော်​အား ကုသိုလ်​ပြု
ပူ​ဇော်​နိုင်​ရန်​ ပြန်​လည်​မျှ​ဝေပါတယ်​ခင်​ဗျာ။
အောက်​ကကုဒ်​​လေး​တွေကို
Copy ကူးယူပြီး
Blog settingမှ Layoutကိုဝင်​ပြီး
Add a Gadgetမှာ HTML java scriptကို
ရွေးလျက်​ ကူးယူလာ​သောကုဒ်​ကို
ထည့်​သွင်းပြီး save​ပေးလိုက်​ရင်​ရပါပြီခင်​ဗျာ။

<center><a href="http://www.myanmartharkaungs.com" target="http://www.myanmartharkaungs.com"><img style="width:230px;height:270px;" src="http://i105.photobucket.com/albums/m208/KoNayLinn/Mobile%20Uploads/4603807_orig_zpsrjthbyng.gif" border="0" alt=" photo 4603807_orig_zpsrjthbyng.gif"/></a></center>

အနီ​ရောင်​​နေရာမှာ မိမိဘ​လော့ကို
အစားထိုးပါ။

ခရမ်း​ရောင်​​နေရာမှာ မိမိကြိုက်​နှစ်​သက်​သလို
ခြုံ့နိုင်​ ချဲ့ နိုင်​ပါတယ်​ခင်​ဗျာ။

အဆင်​​ပြေပါ​စေ။


BLOGမှာ အလွယ်ကူဆုံး MUSIC PLAYER လုပ်နည်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_k4R7kBkYFJmDl3sxtPD1IMwcztv3WObZfSDXW6G4kl9NSjQKxgFPdbCU2UiWmHSH6o4giUNluyYzdRm_D3I6ziNZSfKSO_dxY5YlkKYXvdrcNw9rrDrvNIROZp21FbUNhfL_K5GR_RQS/s1600/0Presentation_09-crop.jpg 
မင်္ဂလာပါ သည်စာအုပ်လေးကတော့ မိမိတို့ ဘလော့ပေါ်မှာ သီချင်းလေးတွေ ဖွင့်ထားခြင်သူတွေအတွက်
အလွယ်ကူဆုံး  MUSIC  PLAYER လုပ်နည်းလေးပါ..စာအုပ်လေးကို ဒေါင်းပြီး လေ့လာလိုက်ပါနော်..။
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Blogger တွေအတွက် Blog မှာ နှင်းကျနေတဲ့ Effect ဘယ်လိုထည့်ကြလည်း


ကျွန်တော်တို့ ဒီ Post မှာ Blogger တွေအတွက် Blog မှာ နှင်းကျနေတဲ့
Effect ဘယ်လိုထည့်ရလည်း ဆိုတာကို
ပြောပြမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ ဒီဟာကို လုပ်ဖို့ အတွက် Java Script ကိုသုံးရမှာဖြစ်ပါတယ်။နောက်ထက် ကောင်းကွက်တစ်ခု ကနှင်းကျနေတဲ့ဟာကို ကိုယ်တိုင် Customize လုပ်လို့ ရမှာဖြစ်ပါတယ်။ဥပမာ-နှင်းကျနေတဲ့ အရောင် ၊ Home Screen မှာ နှင်းဘယ်လောက်ကျစေ ချင်တာလဲ။အဲ့ဒါတွေကို ပါ ပြောင်း လို့ရမှာ ဖြစ်ပါတယ်။

ပထမဦး ဆုံးသင့်ရဲ့ Blog ကို Login ၀င်ပါ။

ပြီးရင် ဘယ်ဘက်မှာ ရှိတဲ့ Drop Down menu ကနေ Template ကိုရွေးပါ။

Template ကိုရွေးလိုက်ရင် အဲ့ဒီမှာ Edit HTML ကိုနှိပ်ပါ။

 ပြီးရင် 
Ctrl + F ကိုနှိပ်ပြီး </head> ကိုရှာပါ။

တွေ့ပြီဆိုရင် </head> ရဲ့အပေါ်မှာ အောက်မှာပေးထားတဲ့ Code တွေကို Copy/Paste လုပ်ပေးပါ။
 
/* Flying Css3 menu www.bloggertrix.com*/

<script type="text/javascript" src="http://bloggertrix.googlecode.com/files/snowstorm.js"></script>

<script type="text/javascript">
snowStorm.snowColor = '#99ccff'; // blue-ish snow!?
snowStorm.flakesMaxActive = 68;  // show more snow on screen at once
snowStorm.useTwinkleEffect = true;
</script>


နှင်းကျနေတဲ့ အရောင်ပြောင်းချင်ရင် #99ccff ပြောင်းလို့ရပြီး Home Screen မှာကျနေတာကိုပြောင်းချင်
ရင် 68 မှာ ပြောင်းလို့ရပါတယ်။

အရောင်ပြောင်းဖို့ အတွက် Color Code Generator - See more at: http://www.bloggerakm.blogspot.com/2013/01/blog-effect.html#sthash.rQUqcpqn.dpuf

ANDROID မှ blog post​ရေးသားနည်း

 မင်္ဂလာပါ ဘလော့နည်းပညာဆိုင်ရာများကို အားပေးနှစ်သက်ကြသော မိတ်ဆွေများအတွက် သည်နေ့ ကျွန်တော် ရေးသားဖြစ်တာလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်..သည်နည်းလမ်းလေးကိုလည်း လူတော်တော်များများက လာလာမေးနေတဲ့အတွက် ခုလိုရေးသားပြီး ရှင်းပြထားပါတယ်..
ဒါလေးကတော့  ဘလော့တခုကို  မိမိတို့ ဖုန်းတလုံးပေါ်ကနေ  ရေးသားကြမယ်ဆိုတဲ့ နည်းလမ်းလေးဘဲဖြစ်ပါတယ်.. သည်နည်းလမ်းလေးကတော့ ဘလော့တခုရဲ့ Template ဆိုင်ရာတွေကို ကလိလို့ အဆင်မပြေပေမယ့်  နည်းပညာ မျှဝေသူတွေအတွက်တော့ အဆင်ပြေစေမှာဖြစ်ပါတယ်..
ဘလော့တစ်ခုကို နည်းပညာပို့စ်တွေ...ကဗျာတွေ...ဆောင်းပါးတွေ...သတင်းတွေ..စသည့်ရေးသားတင် လိုသူတွေအတွက်တော့ အဆင်ပြေပါတယ်... အောက်မှာ သေခြာရှင်းပြလိုက်ပါတယ်နော်...။

ဦးဆုံးအနေနဲ့  မိမိတို့ ဖုန်းအတွက် အသုံးပြုဖို့  Blogger  Apk လေးကို  Playstore မှာဖြစ်စေ ဒေါင်းယူလိုက်ပါ အဆင်မပြေပါက သည်မှာ တင်ပေးလိုက်ပါတယ်...

Downlaod  Blogger Apk  Here

( http://pc.cd/grwitalK )
အဲလင့်မှာ ဒေါင်းယူလိုက်ပါနောက် မိမိတို့ဖုန်းမှာ Install လုပ်ပေးရမှာဖြစ်ပါတယ်..အိုကေ ပြီးတာနဲ့ Blogger  Apk လေးကိုဖွင့်လိုက်တာနဲ့ စတင်ရမှာက မိမိတို့ ဘလော့ကာအီးမေးကို ၀်ငပေးလိုက်ပါမယ်.. ဒါဆို ဘလော့ပို့စ် တင်ခြင်းကိုစတင်လို့ရပါပြီ...အောက်မှာ သေခြာ ရှင်းပြထားပါတယ်...
အဆင့် ( ၁ ) အနေနဲ့ကတော့ မိမိတို့ အကောင့်မှာ ရှိသမျှ ဘလော့တွေကိုတွေ့ရမှာပါ သည်ထဲကမှ မိမိ ပို့စ်တင်မည့် ဘလော့ကိုရွေးချယ်လိုက်ပါ။

အဆင့် ( ၂ ) ကတော့ ရွေးချယ်ထားတဲ့ ဘလော့ကို ပို့စ်တခု စတင်လို့ရပါပြီ အပေါ်မှာ ပြထားတဲ့ ခဲတံလို ပုံလေးကလစ်လိုက်ပါ New Post ဆိုတာလေးပါ...။

 အဆင့် ( ၃ ) ကိုတော့ တင်လို့ရတဲ့အနေထားပါ အပေါ်ဆုံးက 
Post Title    နေရာမှာ မိမိတို့ တင်မဲ့ ပို့စ်ရဲ့ ခေါင်းစဉ်အမည်ရေးလိုက်ပါ..။
Poat Content    ဆိုတာမှာ တင်မည့်အကြောင်းရာတွေ ရေးရမှာ ဖြစ်ပါတယ်...
Labels    ဆိုတာကတော့ တင်တဲ့ပို့စ်ရဲ့ အမျိုးအစားပါ..ဥပမာ။  ။ ကဗျာ-ဆောင်းပါး..။
 အဆင့် ( ၄ )  ကိုတော့ ပို့စ်တင်တဲ့အကြောင်းရာတွေ စာသားတွေ လင့်တွေ ပါ.. နည်းပညာတခုတင်မယ်ဆိုပါတော့.. apk တခုတင်လိုက်တယ်.. အဲအတွက် ဒေါင်းလင့်ပေးရမှာဖြစ်ပါတယ်. အဲအတွက် လင့်ကို သူများဒေါင်းလုပ် ယူနိုင်အောင် ပေးဖို့လိုပါမယ်.. စာသားဖြင့် ဒေါင်းလုပ်ပေးခြင်း ပုံဖြင့်ပေးခြင်း  ၂ မျိုးရှိပါတယ်.. လုပ်နည်းကတော့ တူတူပါဘဲ.. ကျနော် စာသားနဲ့ပြထားပါတယ်..
DOWNLOAD   ဆိုတာလေးပါ..အိုကေအဲစာသားထဲကို  လင့်ထည့်ကြရမှာဖြစ်ပါတယ်... ဒါဆို
အဲ DOWNLAOD ဆိုတာလေးကို Select လုပ်ပေးလိုက်ပါ ပြီးတာနဲ့ အောက်က သံကွင်းဆက်လို ပုံလေးတွေ့ရပါမယ် အဲတာ link ဆိုတာဖြစ်ပါတယ်.. ကလစ်ပေးလိုက်ပါ...နော်...
အဆင့် ( ၅ )  ကတော့ စောစောက ဒေါင်းလုပ်ပေးဖို့အတွက် သံကွင်းဆက် ပုံလေးကလစ်တဲ့ခါ ဘောက်လေးတခု တက်လာမှာဖြစ်ပါတယ်  တက်လာတဲ့ဘောက်မှာဘဲ
Enter  Url ဆိုတာအကွက်မှာ  မိမိတို့  Upload တင်ထားသော ဒေါင်းလင့် အမှန်ကို ထည့်ပေးလိုက်ပါ
ပြီးတာနဲ့  ok ပေးလိုက်တာနဲ့ ပို့စ်ထဲက DOWNLAOD စာသားလေးဟာ ဒေါင်းလင့်အဖြစ် ပြောင်းလဲသွားပါပြီ.. ဒါဆို အားလုံးပြီးတာနဲ့ PUBLISH လုပ်ပြီးတင်လိုက်လို့ရပါပြီ...နော်.. DONE ကိုကလစ်ပါ..နောက် အပေါ်မှာ မျှားလေး တွေ့ပါမယ် ကလစ်ပြီး တင်လိုက်ပါ...ရပါပြီဗျာ... ပို့စ်တခုတင်လို့ ပြီးဆုံးအောင်မြင်ပါပြီ...

မိမိတို့ ပို့စ်ကို မတင်သေးဘဲ ဆေ့ထားမယ်ဆိုလည်း မျှားလေး
နောက်က SAVE ပုံလေးကလစ် ဆေ့ထားနိုင်ပါတယ်...အားလုံး
အဆင်ပြေကြပါစေ..
စာအုပ်အဖြစ် ဒေါင်းယူလိုပါက..
http://www3.zippyshare.com/v/Aqt6fjO3/file.html



ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

ဘလော့မှာ Layout-Java Script မှာ ကုဒ်ထည့်နည်း (အသစ်များအတွက်သာလျှင်)

 မင်္ဂလာပါခင်္ဗျားးးးးးးးးးးးးးး  သည်နေ့တော့ မမျှော်လင့်ထားတဲ့  မေးခွန်းတွေ မေးလာလို့ အံ့သြမိသလို... စာနာမိပါတယ်... ဘလော့ကို အသစ်လုပ်တဲ့ ညီလေးတစ်ယောက်ပါ သူဟာ ခုမှ လုပ်ပုံ ရ့ပါတယ်.. ဘာဆို ဘာမှ ကိုမသိသေးးတဲ့ ပုံစံနဲ့ မေးလာတော့... အချိန်မနည်းပေး ဖြေယူရပါတယ်.. ဘလော့ရဲ့ အရေးပါတဲ့  Layout  ကိုတောင်မသိဘူးလေ.. ဒါကြောင့် သည်ပို့စ်လေးကို ချင်ချင်းထရေးဖြစ်တာပါ... သိကြသူတွေအတွက်တော့ ကျော်သွားလိုက်ပါနော်.. လုံးလုံးမသိသေးသူတွေအတွက်ပါ..
 ပုံလေးတွေ နဲ့ ရှင်းပြပါ့မယ်.... ဘလော့တစ်ခု လုပ်ပြီးးတာနဲ့ လိုခြင်တဲ့ကုဒ်တွေကို
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို

   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့

   ►3.  Page Elements
   ►4.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►5.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►6.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါဆိုတဲ့  ကုဒ်ထည့်နည်းကို သေခြာ ရှင်းပြပေးဖို့ပါ.... ကဲစမယ်...နော်


အဆင့် (၁)....... ပုံလေးတွေ သေခြာ ကြည့်ပါ...

ပုံမှာ ပြထားသလို သုံးထောင့်မျှားချွန်လေးကနေ ကလစ်လိုက်ပါ အဲထဲမှာ layout ဆိုတာ ရှိပါတယ်..ကလစ်ပေးရပါ့မယ်...  html ကိုသွားဖို့ဆိုရင်လဲ သည်ကတေဘဲ  Template ဆိုတာကလစ်ပြီးသွားရပါတယ်..... နောက်ထပ်....

အဆင့်  (၂) ...........အောက်ကပုံလေးကို ကြည့်ပါ


layout ရောက်တာနဲ့ Add a Gadget ဆိုတာရှိပါတယ်... ကုဒ်တွေ ထည့်ဖို့ ကလစ်ပေးရပါမယ်..
အခြား  မန်ဘာတို့..Labels တို့..စသဖြင့် ထည့်စရာတွေလဲ ထည့်နိုင်ဖို့  Add a Gadget ကိုကလစ်လိုက်တာနဲ့  တွေ့ပါလိမ့်မယ်.. အတော်များများရှိပါတယ်....ဆက်သွားမယ်..

အဆင့်  (၃)  .............add a gadget ကိုကလစ်ပြီနောက် ကုဒ်ထည့်ဖို့ဘောက်ကျလာမယ်...

Title နေရာမှာ မိမိတို့ ကုဒ်ရဲ့ ခေါင်းစဉ်ထည့်ပေးပါ.. မထည့်လဲ ရပါတယ်... ကြိုက်သလိုပေါ့.
ကုဒ်တွေဟာ ပုံရဲ့ကုဒ်တွေ ဖြစ်ခဲ့မယ်ဆိုရင် အပေါ်က Rich Text ဆိုတာလေးကလစ်တာနဲ့ 
ပုံလေးကို တန်းမြင်စေနိုင်ပါတယ်.. ကုဒ်တွေကို မိမိဆိုဒ်နဲ့ သင့်တော် လှပသလို အကျယ်အ၀န်း
အမြင့် စသဖြင့် ချိန်ကိုက်ပေးနိုင်ပါတယ်...

အဆင့်  (၄)  ............နောက်ဆုံးအဆင့်ပေါ့ layout စာမျက်နှာပေါ် တင်ထားတာ ရောက်ပါပြီ။

တင်ထားတဲ့ ဟာလေးကို မိမိတို့ ဘလော့မှာ ထားခြင်တဲ့ နေရာကို မောက်လေးနဲ့ ဖိဆွဲပြီးနေရာချပေးလိုက်ပါ။  ဥပမာ ။    ။  နာရီဆိုပါက အပေါ်ဆုံးမှာ ပေါ့.. နှစ်သက်သလို နေရာ ချိန်းပေးနိုင်ပါတယ်..နော်.

ကဲ..လတ်တလော စသင်တဲ့ ၀ါသနာရှင်များအတွက် ရည်ရွယ်ပါတယ်... ဆရာ့ဆရာ ကြီးတွေကတော့ သည်နေရိာကု မမြင်ဘူးဘဲ မှတ်ယူပေးပါ.. စေတနာများစွာဖြင့်

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

✏BLOGSPOT.COM တစ်​ခု တည်​စောက်​ခြင်း (သို့မဟုတ်) မြန်​မာ websiteတည်​​ဆောက်​ခြင်း

✏BLOGSPOT.COM တစ်​ခု တည်​စောက်​ခြင်း (သို့မဟုတ်)  မြန်​မာ websiteတည်​​ဆောက်​ခြင်း
Blogger/Blogspot ထဲမှာ blog တစ်ခုကို 
create ပြုလုပ်ဖို့ ဘယ်လိုစလုပ်ရမလဲ?Blogger ကို Google ကပိုင်တာဖြစ်တဲ့အတွက် သင့်ရဲ့ရှိပြီးသား Gmail Account တစ်ခုနဲ့သုံးပြီး blogger blog တစ်ခုဆောက်လို့ရပါတယ်။ အကယ်၍သင်က  ရှိပြီးသား Gmail Account ကိုအသုံးမပြုချင်ဘဲ account အသစ်တခုဆောက်ပြီးသုံးလို့လည်းရပါတယ်။ သင့်မှာ Gmail Account မရှိဘူးဆိုရင်တော့ တစ်ခုဆောက်ဖို့တော့လိုအပ် ပါတယ်။  Blogger blog တစ်ခုဆောက်ဖို့ သင့်မှာ  အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ ……
http://www.blogspot.comကို နှိပ်လိုက်ပါ။ ပုံ(၁)ပါအတိုင်းပေါ်လာပါမယ်။

(1) Blogger SignIn
သင်ရဲ့ Gmail Account နဲ့ပတ်သတ်တဲ့…
(၁) Account အမည်
(၂) Password (လျှို့ဝှက်နံပါတ်) တို့ကို ဖြည့်ပြီး
(၃) Sign In ကို နှိပ်လိုက်ပါ က ပုံ(၂)ကဲ့သို့ page တစ်ခုထပ်ပေါ်လာပါမယ်။
Blogger Profile
(2) Blogger Profile
ပုံ(၂)ကတော့ သင်ဆောက်မယ့် blog ရဲ့ ပိုင်ရှင်ဖြစ်တဲ့ သင့်ရဲ့အချက်အလက်တွေနဲ့ပတ်သက်တဲ့ page ပါ။ အဲဒီမှာ ရွေးစရာ နှစ်မျိုးရှိပါတယ် Google+ Profile နဲ့ Limited Profile ပါ။
(၄) အလွယ်ပြောရရင် သင်ဖြည့်မယ် အချက်အလက်တွေအားလုံးကို အခြားသူတွေကိုလည်း သိခွင့်ပြုတယ်ဆိုရင် Google+ Profile  ရွေးပါ၊
(၅) သင့်ကို သင်မှန်း မသိစေချင်ရင်တော့ Limited Profile ကိုရွေးပါ၊  တွင် သင်ဖြည့်ခဲ့သော အချက်အလက်များအား ယ္ခုသင်ဆောက်မည့် blog နှင့်သီးခြားဖြစ်စေပြီး လျှို့ဝှက်ပေးထား ပါလိမ့်မည်။
ကြိုက်နှစ်သက်ရာ (၄) သို့မဟုတ် (၅) တစ်ခုခုကိုဘဲရွေးပါ။
အကယ်၍သင်က (၄) ကိုရွေးလိုက်ရင် ပုံ(၃)ကဲ့သို့ page တစ်ခုပေါ်လာပြီး သင့်ရဲ့ အချက်အလက်တွေကို ဖြည့်ရပါလိမ့်မယ်။
Blogger profile upgrade
(3) Blogger Profile Upgrade
(၆) (၇) (၈) အကွက်တွေထဲမှာ သင် Gmail ဆောက်ခဲ့စဉ်က ပေးခဲ့သော အချက်အလက်များအတိုင်းပေါ်နေပါလိမ့်မယ်၊ အဲဒီအတိုင်းထားတာကပိုကောင်းပါတယ်၊ (ပြင်လို့်လည်းရပါတယ်)
(၉) သင့်ကိုကိုယ်စားပြုတဲ့ ဓါတ်ပုံတင်ချင်ရင် Add your photo ကိုနှိပ်လိုက်ပါ၊ ပုံ(4)ကဲ့သို့ ပေါ်လာပါမယ်။
Blogger upload profile photo
(4) Upload Profile Photo
(၁၀) select a photo from your computer ကိုနှိပ်၍ သင်၏ဓါတ်ပုံကို upload တင်ပါ၊
(၁၁) ပြီးရင် set as profile photo ကိုနှိပ်ပါက ပုံ(၃)သို့ ပြန်ရောက်သွားပြီး သင်ရွေးထားသော ဓါတ်ပုံအားတွေ့ရပါမည်။ ဓါတ်ပုံကိုမကြိုက်၍ ပြန်ပြောင်းတင်လိုပါက ဓါတ်ပုံဘေးရှိ change photo မှတဆင့်ပြောင်းတင်နိုင်ပါသည်၊ စိတ်ကြိုက်ဖြစ်သွားပြီဆိုပါက ပုံ(၃)မှ
(၁၂) Upgrade ကိုနှိပ်ပါက blog တစ်ခုစတင်ရန် ပုံ(၆)သို့ရောက်သွားပါလိမ့်မယ်။
အကယ်၍ သင်က limited blogger profile ကိုရွေးချယ်ခဲ့ပါက ပုံ(၅)တွင်-
Blogger limited profile
(5) Limited Profile
(၁၃) သင်၏အမည်အရင်းအားဖွက်ထားပြီး အခြားအမည်တမျိုးဖြင့်သင့်ကို သတ်မှတ်စေချင်သည့် အမည်ဖြည့်ပါ။
(၁၄) Blogger နှင့်ပတ်သက်သော အချက်အလက်အသစ်များအား သင်၏ အီးမေးလ် ထဲသို့အရောက်ပို့စေလိုပါက အမှန်ခြစ်ပါ၊ ဆန္ဒမရှိပါက အမှတ်ခြစ်ကိုနှိပ်၍ဖြုတ်ပါ၊
(၁၅)ပြီးပြီဆိုပါက continue to blogger ကိုနှိပ်၍ blog အတွင်းသို့ဝင်ရောက်ပါက ပုံ(၆)ကို မြင်တွေ့ရပါလိမ့်မယ်။
create new blog
(6) Create New Blog
ပုံထဲကနမူနာအတိုင်းဆိုရင် သင်မြင်တွေ့ရတဲ့ May ဆိုတာ Profile page တုန်းကသင်မြင်ခဲ့ရတဲ့ သင့်ရဲ့ first name နဲ့ last name ပါ၊ Blog ရဲ့ အမည်မဟုတ်ပါဘူး၊ Blog ရဲ့ ပိုင်ရှင်အမည်ပါ။
(၁၆) ဘာသာစကားအတွက်ကတော့ မြန်မာဘာသာကိုလည်း support မလုပ်နိုင်သေးတဲ့အတွက် English(UK) လို့ဘဲရှိနေပါစေ၊
Blog တစ်ခုစဆောက်ဖို့အတွက်တော့-
(၁၇)create blog ကိုနှိပ်လိုက်ပါ၊ ပုံ(၇)ကဲ့သို့ window တစ်ခုပေါ်လာပါမယ်။
Blogger Blog Data
(7) Blogger Blog Data
သင့်ရဲ့ blog နဲ့ပတ်သက်သော-
(၁၈) Blog ရဲ့အမည် (သို့) Blog ရဲ့ခေါင်းစီး လို့လည်းပြောလို့ရတဲ့ Blog Title ကိုဖြည့်ပေးရပါမယ်၊
(၁၉) ဒါကတော့ အင်တာနက်ထဲမှာ သင့် blog ရဲ့လိပ်စာအနေနဲ့ သတ်မှတ်ပေးမယ့် blog address ကိုဖြည့်ပေးရပါမယ်၊ သင်ဖြည့်လိုက်တဲ့ address ကို အခြားသူသတ်မှတ်ပြီးသား address ဟုတ်မဟုတ်စစ်ဆေးပြီး တူနေပါက မတူအောင်ပြန်လည်သတ်မှတ်ပေးရပါမယ်၊ ဆင်တူ address ရှိပြီးသားမဟုတ်ပါက အကွက်(၁၉)ဘေးတွင် အပြာရောင် အမှန်ခြစ်ပေါ်လာရင် အဆင်ပြေသွားပါပြီး၊
(၂၀) ကတော့ သင့် blog ရဲ့ အမြင် အပြင်အဆင်ပါ၊ ကြိုက်ရာတစ်ခုခုကို ရွေးခဲ့လိုက်ပါ၊ နောက်ပိုင်းတွင် ပြန်လည်ချယ်မှုန်းရပါအုံးမယ်၊
(၂၁)ပြီးပါက create blog ကိုနှိပ်လိုက်ပါက သင့် blog ရဲ့ Dashboard ပုံ(၈) ကိုရောက်သွားပါမယ်။
Blogger dashboard
(8) Blogger Dashboard
အကယ်၍ သင်က ဒီနေရာကနေ အပြီးထွက်ချင်ပါက အစိမ်းရောင်အကွက်ရှိ မျှားခေါင်းအား နှိပ်၍ Sign Out ဖြင့်ထွက်သွားနိုင်ပါတယ်။ နောက်တကြိမ်ပြန်လာချင်ပါက http://www.blogspot.comမှ သင်၏ Gmail Account ဖြင့် SignIn ၀င်လာသည့်အခါ အထက်ပါ ပုံ(၈)သို့ တိုက်ရိုက်ရောက်လာပါလိမ့်မယ်၊ ပန်းရောင်အကွက်ထဲမှာ တွေ့ရတာကတော့ သင်ပေးခဲ့သော blog ခေါင်းစဉ်ပါ၊ ခရမ်းရောင်အကွက်အတွင်းရှိ view blog ကိုနှိပ်လိုက်ပါက ပြင်ဆင်ချယ်သထားခြင်းမရှိသော သင့် blog အား plain အနေအထားဖြင့်တွေ့ရပါမည်။ အပြာရောင်အကွက်ထဲရှိ မျှားခေါင်းအားနှိပ်ပါက သင့် blog နှင့်ပတ်သက်သော အကြောင်းအရာများအား ကြည့်ရှု၊ ပြင်ဆင်လို့ရတဲ့ option များကိုတွေ့ရပါမယ်၊ တစ်ခုချင်းစီရွေးကြည့်ရင်း လေ့လာလို့ရပါတယ်။
အဲဒါဆိုရင်… Blogger / Blogspot blog တစ်ခုဆောက်ပြီးသွားပါပြီ။

Blogတွင်​postတစ်​ခု​ရေးသားခြင်း

Blogတွင်​postတစ်​ခု​ရေးသားခြင်း
ကျ​နော်​ ဒီpost​လေးကို ​ရေးခြင်​ခဲ့တာကြာပါပြီ။ ဒါ​ပေမယ့်​ မူလပိုင်​ရှင်​ကိုပြန်​ရှာ​နေတာ မ​တွေ့တာနဲ့ မတင်​ဖြစ်​ခဲ့တာပါ။ ဒီpost​ရေးသားရင်း ကျ​နော့်​ ကို BLOGနဲ့ပါတ်​သတ်​လို့ ​မေးသမျှ ပြန်​လည်​ ​ဖြေကြား​ပေးတတတ်​တဲ့ ဘ​လော့ခရီးသည်​( မစက ) ဆရာသမားနဲ့ ဒီpost ပိုင်​ရှင်​ကို ဤ​နေရာမှ ဂါရဝ ပြုအပ်​ပါတယ်​ဗျာ။
Blogger ထဲမှာ မိမိတို့ကိုယ်ပိုင် blog တစ်ခုဆောက်ပြီးလို့ ၀ထ္ထုတို၊ ဆောင်းပါးစတဲ့ အကြောင်းအရာတွေအတွက် post / page  တွေကို ရေးဖို့ blogger ထဲက writing tools တွေကို အသုံးပြုရပါမယ်။
Blog ထဲမှာစာရေးတော့မယ်ဆိုရင် blog post အနေနဲ့ရေးမှာလား၊ blog page အဖြစ်ရေးမှာလား ဆိုပြီး post နဲ့ page ဆိုပြီးရှိပါတယ်။ အဲ… သူတို့နှစ်မျိုးကဘာကွာလဲဆိုရင် အထင်ရှားဆုံးကွဲပြားချက်က စာဖတ်သူတွေက အကြောင်းအရာအပေါ် မိမိတို့အမြင်တွေနဲ့ဝေဖန်ချက်၊ အကြံပြုချက်၊ မေးခွန်းမေးခြင်း စတာတွေကိုပြန်ပေးနိုင်တဲ့ comment section ဆိုတာ post ထဲမှာပါပြီး  ထဲကအကြောင်းအရာတွေကိုတော့ ဖတ်ခွင့်သာရှိပြီး ဘာမှာပြန်ပေးလို့မရပါဘူး။ စာဖတ်သူတွေပြန်ပေးတဲ့ ဝေဖန်၊ အကြံပြုချက်တွေဟာ post နဲ့တွဲလျှက်ဖြစ်နေမှာပါ၊ အခြားစာဖတ်သူတွေကလည်း မြင်ရမှာပါ။ ဒါကြောင့်မို့ စာရေးသူတွေအနေနဲ့က မိမိတို့ရေးတဲ့အကြောင်းအရာအပေါ် စာဖတ်သူတွေရဲ့ ပွင့်ပွင့်လင်းလင်း အမြင်တွေကို ပြန်သိချင်ရင်တော့ post အနေနဲ့ရေးပါ၊ ဒါမှမဟုတ် စာဖတ်သူတွေရဲ့အမြင်ဘယ်လိုရှိလဲဆိုတာ သိဖို့မလိုအပ်တဲ့အကြောင်းအရာဆိုရင် page အနေနဲ့ရေးနိုင်ပါတယ်။
Post အနေနဲ့ဘဲရေးရေး… page အနေနဲ့ဘဲနေရေးရေး… ပထမဆုံး Blogger ထဲရောက်ဖို့ သင့် Gmail နဲ့ SignIn ၀င်လိုက်ပါ၊ သင့် Blog ရဲ့ Dashboard ကိုရောက်သွားပါလိမ့်မယ်။ Dashboard ကိုရောက်ပြီးဆိုရင် အသုံးဝင်သော မျှားခေါင်း more options ကိုအမြဲသတိရပါ၊ အဲဒီမျှားခေါင်းကိုနှိပ်၍ post ရေးမယ့်သူက post ကိုရွေးပါ၊ ပုံ(၁-က)ကဲ့သို့မြင်ရပါလိမ့်မယ်။ page ရေးမယ့်သူက page ကိုရွေးပါ၊ ပုံ(၁-ခ)ကဲ့သို့မြင်ရပါလိမ့်မယ်။
Blogger post-page menu
(1) Blogger Post Page Menu
(၁)Post ရေးမယ့်သူက ပုံ(၁-က)ထဲက New post ကိုရွေးပါ၊ Page ရေးမယ့်သူက ပုံ(၁-ခ)ထဲက New page အောက်ရှိ Blank page ကိုရွေးပါ။ ပုံ(၂)ကဲ့သို့မြင်ရပါလိမ့်မယ်။
Blogger wirting tools
(2) Blogger Writing Tools
ပုံ(၂)ထဲကိုရောက်ပြီဆိုရင် သင်တို့ရဲ့ blog page/post တွေကိုစတင်ရေးလို့ရပါပြီ။ မြန်မာစာရိုက်ဖို့အတွက် Ctrl+Shift ဖြင့် ဇော်ဂျီ font သို့ပြောင်းရိုက်နိုင်ပါတယ်။ အင်္ဂလိပ် ဘာသာကို ပြန်ပြောင်းရေးလိုတယ်ဆိုရင် Ctrl+Shift ပြန်နှိပ်နိုင်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ၊ ပုံရဲ့အပေါ်ပိုင်းမှာတွေ့ရတဲ့ လိမ်မော်ရောင်အမှတ်စဉ်တွေ တပ်ထားတာကတော့ Blogger က support လုပ်ပေးတဲ့ စာရိုက်တဲ့အခါ အသုံးပြုလို့ရတဲ့ writing tools တွေပါဘဲ။ Microsoft word ထဲမှာတွေ့ရတဲ့ tools တွေလိုပါဘဲ။ Microsoft word ကိုအသုံးပြုတတ်တဲ့သူဆိုရင် မခက်ခဲတော့ပါဘူး။ Writing tools တွေရဲ့အောက်ဘက်မှာ အမှတ်စဉ်တပ်ထားတဲ့ စာတွေ၊ ပုံတွေကိုမြင်ရမှာပါ။  အဲဒီအမှတ်စဉ်တစ်ခုချင်းစီဟာ tools တွေရဲ့အမှတ်စဉ်တွေနဲ့ ဆက်စပ်ပါတယ်။ Tool တစ်ခုကိုအသုံးပြုလိုက်ရင် ဖြစ်လာမယ့် အနေအထားကို မြင်သာအောင် နမူနာအနေနဲ့ ပြထားခြင်းဖြစ်ပါတယ်။
ပုံ(၂)ထဲကအညွှန်းတွေဖြစ်တဲ့-
(၁) ကတော့ စာလုံးပုံစံ (Font)ပါ၊ ဘေးနားက မျှားခေါင်းကိုနှိပ်ပြီး ပေးထားတဲ့(၈)မျိုးထဲက နှစ်သက်ရာ စာလုံးပုံစံကို ရွေးချယ်နိုင်ပါတယ်၊ ဥပမာ-ခေါင်းစဉ်ကပုံစံတစ်မျိုး၊ စာပိုဒ်တွေကပုံစံတစ်မျိုး ကြိုက်သလိုထားနိုင်ပါတယ်။
(၂) ကတော့ စာလုံးအရွယ်အစား (Text size)ပါ၊ အသေးဆုံး(smallest) ကနေ အကြီးဆုံး(largest) ဆိုပြီး (၅)မျိုး ရှိပါတယ်၊ သင့်တော်သလိုအသုံးပြုနိုင်ပါတယ်။
(၃)၊(၄)၊(၅) တွေကတော့ ခေါင်းစဉ်တွေနဲ့ဆိုင်ပါတယ်၊ ခေါင်းစဉ်ကြီးလား၊ အခွဲခေါင်းစဉ်လား၊ ခေါင်းစဉ်သေးလား အပေါ်မှာမူတည်ပြီး စာလုံးရဲ့အရွယ်အစားကို ပြောင်းလဲပေးပါလိမ့်မယ်၊ normal ဆိုတာကတော့ စာပိုဒ်တွေရဲ့ စာလုံးအရွယ်အစားနဲ့ တူပါတယ်။
(၆) မှာတွေ့ရတဲ့ ‘B’ – စာလုံးကိုပိုထူစေပြီး၊ ထင်သာမြင်သာရှိစေပါတယ်၊ ‘I ’ – စာလုံးကိုစောင်းစောင်းလေးဖြစ်စေပါတယ်၊ ‘U’ – စာလုံးအောက်မှာမျဉ်းတားလို့ရပါတယ်၊ ‘ABC’ – စာလုံးတွေကို အလယ်ကနေမျဉ်းကြောင်းနဲ့ခြစ်လို့ရပါတယ်။
(၇) ကတော့ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ စာလုံးတွေကို အရောင်စုံသုံးလို့ရပါတယ်။
(၈) ကလည်း မြင်ရသလိုပါဘဲ စာလုံးတွေရဲ့နောက်ခံကို အရောင်နဲ့ထားဖို့လိုအပ်ရင် အသုံးပြုပါတယ်။
(၉)ကတော့ အခြား web page တစ်ခုကို ချိပ်ဖို့လိုအပ်လာရင် အသုံးပြုပါတယ်။ ဥပမာ – မိမိတို့အကြောင်းအရာစာမျက်နှာပေါ်ရှိ (အခြား web page နှင့်ချိပ်ချင်သော) စာကြောင်း၊ စာလုံးကို select မှတ်လိုက်၍ tools bar ပေါ်ရှိ အမှတ်စဉ်(၉)Link ကိုနှိပ်လိုက်ပါ၊ ပုံ(၃)ပေါ်လာပါမယ်။
Blogger linking to another webpage
(3) Linking To Another Web Page
ပုံ(၃)ရဲ့ ပန်းရောင်အကွက်ထဲမှာ သင်ချိပ်လိုသော webpage ရဲ့ Internet Address ကို စာလုံးအမှားအယွင်းမရှိ ရိုက်ထည့်ပါ၊ ပေါ်လာမည့် စာမျက်နှာအား လက်ရှိပွင့်နေသော စာမျက်နှာကိုမဖုံးစေဘဲ သီးသန့် စာမျက်နှာဖြင့်ပေါ်စေလိုက အစိမ်းရောင်အကွက်အား အမှန်ခြစ်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါက ပုံ(၂)ထဲသို့ပြန်ရောက် သွားပါလိမ့်မယ်။
(၁၀)ကိုသုံး၍ မိမိတို့ရေးနေသောစာမျက်နှာထဲတွင် ဓါတ်ပုံများထည့်၍ရပါတယ်။ ဓါတ်ပုံထည့်လိုသောနေရာမှာ cursor ကိုနေရာချ(mouse ကို တစ်ချက်နှိပ်ပါ)၍ tools bar ပေါ်ရှိ အမှတ်စဉ်(၁၀) ကိုနှိပ်လိုက်ပါ၊ ပုံ(၄)ပေါ်လာပါမယ်။
Blogger uploading image into blog page
(4) Uploading Image Into Blog Page
သင့်ကွန်ပျူတာထဲမှ ဓါတ်ပုံများကို သင့် blog page/post ထဲသို့တင်ရန်အတွက် ပုံ(၄)ထဲရှိ upload ကိုနှိပ်ပါ၊ ပြီးရင် choose files ကိုနှိပ်ပါ၊ window အသစ်တစ်ခုပေါ်လာပါမယ်၊ ပြီးရင် သင့်ကွန်ပျူတာထဲရှိ ဓါတ်ပုံများထည့်ထားသော နေရာသို့ ရောက်အောင်သွား၍ နှစ်သက်ရာဓါတ်ပုံ(များ)ကို ရွေးချယ်၍ open ကိုနှိပ်ပါ၊ ပုံ(၄)ထဲရှိ အမှတ်စဉ်(၄)ကဲ့သို့ သင်ရွေးချယ်ခဲ့သော ဓါတ်ပုံများမြင်တွေ့ရလိမ့်မည်။ အမှတ်စဉ်(၄)ထဲရှိ သင်ကြိုက်နှစ်သက်ရာ ဓါတ်ပုံ(များ)ကို select မှတ်၍ Add Selected ခလုပ်ကိုနှိပ်လိုက်ပါက သင့် ဘလော့ဂ်စာမျက်နှာထဲသို ထိုဓါတ်ပုံများရောက်သွားပါလိမ့်မည်။
သင့်ကွန်ပျူတာထဲမှသာမဟုတ်ဘဲ သင်၏ ဘလော့ဂ်၊ picasa web album၊ မိုးဘိုင်းဖုန်း၊ web camera နဲ့ အခြားသော web url ထဲရှိဓါတ်ပုံများကိုလည်း သင့်ဘလော့ဂ်ထဲသို့ upload တင်နိုင်ပါသည်။[ဓါတ်ပုံအမျိုးအစားတွေက JPG,GIF,PNG တို့ဖြစ်ရပါမယ်] ပုံ(၂)ထဲသို့ပြန်ရောက်သွားပါလိမ့်မယ်။
(၁၁)ကတော့ video ဖိုင်တွေကို တင်ဖို့ပါ။ video ပေါ်လိုသောနေရာမှာ cursor ကိုနေရာချ(mouse ကို တစ်ချက်နှိပ်ပါ)၍ tools bar ပေါ်ရှိ အမှတ်စဉ်(၁၁) ကိုနှိပ်လိုက်ပါ၊ ပုံ(၅)ပေါ်လာပါမယ်။
Blogger uploading video into blog page
(5) Uploading Video Into Blog
သင့်ကွန်ပျူတာထဲမှ video ဖိုင်များကို သင့် blog page/post ထဲသို့တင်ရန်အတွက် ပုံ(5)ထဲရှိ upload ကိုနှိပ်ပါ၊ ပြီးရင် choose a video to upload ကိုနှိပ်ပါ၊ window အသစ်တစ်ခုပေါ်လာပါမယ်၊ ပြီးရင် သင့်ကွန်ပျူတာထဲရှိ video ဖိုင်များထည့်ထားသော နေရာသို့ ရောက်အောင်သွား၍ နှစ်သက်ရာvideo ဖိုင်ကို ရွေးချယ်၍ open ကိုနှိပ်ပါ၊ ပြီးရင် Upload ခလုပ်ကိုနှိပ်လိုက်ပါက သင့် ဘလော့ဂ်စာမျက်နှာထဲသို့ ထိုvideo ဖိုင်ရောက်သွားပါလိမ့်မည်။ Upload လုပ်နေစဉ် ခေတ္တစောင့်ဆိုင်းပါ။
သင့်ကွန်ပျူတာထဲမှသာမဟုတ်ဘဲ ပုံ(၅)ရှိ အမှတ်စဉ်(၅)အစိမ်းရောင်ဘောင်အတွင်းရှိသော နေရာများမှ video ဖိုင်များကိုလည်း သင့်ဘလော့ဂ်ထဲသို့ upload တင်နိုင်ပါသည်။ ပြီးရင် ပုံ(၂)ထဲသို့ ပြန်ရောက်သွားပါလိမ့်မယ်။
(၁၂) ကတော့ jump break ပါ။
(၁၃) left-aligned ပါ၊ ရေးလိုက်တဲ့စာကြောင်းတွေ၊ စာပိုဒ်တွေကို ဘယ်ဘက်ခြမ်းကိုအညီဖြစ်အောင် ညှိပေးပါတယ်။
(၁၄) right-aligned ပါ၊ ရေးလိုက်တဲ့စာကြောင်းတွေ၊ စာပိုဒ်တွေကို ညာဘက်ခြမ်းကိုအညီဖြစ်အောင် ညှိပေးပါတယ်။
(၁၅) center-aligned ပါ၊ ရေးလိုက်တဲ့စာကြောင်းတွေ၊ စာပိုဒ်တွေကို အလယ်အညီဖြစ်အောင် ညှိပေးပါတယ်။
(၁၆) justify ပါ၊ ရေးလိုက်တဲ့စာကြောင်းတွေ၊ စာပိုဒ်တွေကို ဘယ်ညာနှစ်ဘက်လုံး အညီဖြစ်အောင်ညှိပေးပါတယ်။
(၁၇) ကတော့ စာကြောင်းတွေ၊ စာလုံးတွေကို အမှတ်စဉ်တပ်ရန်အသုံးပြုပါတယ်။
(၁၈) ကတော့ အကြောင်းအရာတွေကို စာပိုဒ်လိုမဟုတ်ဘဲ အချက်အလက်နဲ့ ရေးပြချင်တဲ့အခါသုံးပါတယ်။
(၁၉) စကားပြောတွေထည့်လိုတဲ့အခါသုံးပါတယ်။
(၂၀) အင်္ဂလိပ်ဘာသာစကားအတွက် စာလုံးပေါင်းအမှားအမှန်စစ်လို့ရပါတယ်။
(၂၁) စာရေးမယ့် language ကိုလည်းရွေးနိုင်ပါတယ်။ မြန်မာ language မပါပါ။
(၂၂) ဘယ်ဘက် margin ကနေစရေးတာပါ။(ပုံမှန်ပါ)
(၂၃) ကတော့ တချို့သော ညာဘက် margin ကနေ စာကြောင်းစရေးသော (ဥပမာ-တရုတ်စာ) ဘာသာတွေအတွက်ပါ။
(၂၄) ကကျတော့ သင့် post/page ရဲ့ ခေါင်းစဉ်အမည်ရေးရမည့်နေရာပါ။ မြန်မာလိုလည်းပေးလို့ရပါတယ်၊ Ctrl+Shift ဖြင့် ပြောင်းနိုင်ပါတယ်။ စာမရိုက်ခင်ကတည်းကလည်း ခေါင်းစဉ်အမည်ကိုပေးထားလို့ရပါတယ်။
(၂၅) compose ကတော့ ပုံမှန်လိုဘဲ စာရိုက်တဲ့ mode ပါ။ New post/page အနေနဲ့ဝင်လာကတည်းက default အနေနဲ့ ဖြစ်ပြီးသားပါ။
(၂၆) HTML ကတော့ compose mode ထဲမှာသင်ချယ်မှုန်းထားတဲ့ သင့် post/page တွေရဲ့ content တွေကို သင်ပြောင်းလဲထားတဲ့ format တွေအတိုင်း html code တွေကို သင့်အစားအလိုအလျှောက် ထုတ်ပေးပါတယ်။ သင်ကူးပြောင်း၍ကြည့်နိုင်ပါတယ်။ ဒါပေမယ့် စာရေးမယ်ဆိုရင်တော့ compose mode ထဲမှာဘဲပြန်လာရေးရပါမယ်။
(၂၇) Save ကတော့သင်ရိုက်လက်စ စာတွေကိုယာယီသိမ်းထားဖို့ပါ။ သင်စာရိုက်နေစဉ်မှာလည်း စက္ကန့်အနည်းငယ် အတွင်း အလိုအလျှောက် ခဏခဏ သိမ်းပေးထားပါတယ်။
(၂၈) Preview ကတော့ သင်စာရိုက်နေစဉ် သင့်ရဲ့အကြောင်းအရာတွေကို ချယ်မှုန်းထားပုံတွေကို တကယ့် webpage ထဲမှာ ဘယ်လိုပုံစံအနေနဲ့ဖြစ်နေမလဲဆိုတာ ကြိုတင်အစမ်းကြည့်တဲ့သဘောပါ။ (ဥပမာ- အရောင်တွေသုံထားတာ လိုက်ဖက်မှုရှိမရှိ၊ စာလုံးအရွယ်အစားအကြီးအသေးအခြေအနေတွေ အဆင်ပြေမပြေ စသည်တို့ကိုပါ)
(၂၉) ကတော့ သင့်ရဲ့ page/post လုံးဝအပြီးသတ်ပြီးစီးသွားပြီ၊ စိတ်ကြိုက်လည်းချယ်မှုန်းလို့ပြီးသွားပြီဆိုရင်တော့ Publish ကိုနှိပ်၍ Blogger ရဲ့ webserver ပေါ်သို့အမှန်တကယ် တင်လိုက်လို့ရပါပြီ။
(၃၀) Close ကိုနှိပ်၍ စာရိုက်ခြင်းမှ ထွက်နိုင်ပါတယ်။
အကယ်၍များ သင်က publish လုပ်ပြီးသား page/post တွေကို ပြန်ပြင်ချင်တယ်၊ ဒါမှမဟုတ် ရေးလက်စမပြီးခင် သိမ်း၍ထွက်ခဲ့ပြီးမှ ပြန်ဆက်ရေးချင်တယ်ဆိုရင် သင့်ဘလော့ဂ် dashboard ထဲသို့ရောက်အောင်ဝင်လာပြီး more options မျှားခေါင်းထဲမှ post/page ရွေး၍ ပုံ(၆)(ပုံ ၁-က သို့မဟုတ် ၁-ခ)သို့ဝင်လာပါ။
Blogger post-page edit
(6) Editing Blog Page/Post
Post ဆိုရင်လည်း သင်ရေးထားသမျှ posts တွေမြင်ရပါမယ်၊ Page ဆိုရင်လည်း သင့်ရဲ့ pages တွေမှန်သမျှမြင်ရပါမယ်။ အဲဒီထဲကမှ သင်ပြင်လိုသော၊ ဆက်ရေးလိုသော post သို့ page ၏ Edit ကိုနှိပ်၍ သင့် post သို့ page ၏ compose mode သို့ပြန်ဝင်လာပြီး ဆက်လက်ပြင်ဆင်နိုင်ပါတယ်။
Post နဲ့ page ကွဲပြားချက်က သူတို့ရဲ့ setting ပိုင်းမှာပါ။ Post အတွက်တော့ Labels ၊ Schedule ၊ Permalink ၊ Location နဲ့ Options ဆိုပြီးရှိပါတယ်။ Page မှာကတော့ Options တစ်ခုဘဲရှိတာပါ။ ပုံ(၇-ခ) မှာမြင်ရတဲ့အတိုင်းပါဘဲ၊ post နဲ့ page ရဲ့ options အချက်အလက်တွေက အတူတူပါဘဲ။
Blogger post-page setting
(7) Setting Up Blog Post/Page
Post setting ထဲမှာပါတဲ့-
(က) Labels ဆိုတာကတော့ သင်ရေးထားတဲ့သင့်ရဲ့ post ဟာ ဘယ်လိုအကြောင်းအရာတွေနဲ့လည်း သက်ဆိုင်ပါတယ်ဆိုတာ search engine ကိုသိစေချင်တဲ့အခါ keywords တွေကိုသတ်မှတ်ပေးတာပါ။ (ဥပမာ-သင်ရေးတဲ့အကြောင်းက နှလုံးရောဂါနဲ့လည်းဆိုင်တယ်၊ ကျန်းမာရေးအကြောင်းဆိုလည်းဟုတ်တယ်ဆိုရင် ‘နှလုံးရောဂါ’၊ ‘လူ့ကျန်းမာရေး’၊ ‘သွေးတိုးခြင်း’ စတဲ့ keywords တွေကို labels အဖြစ်သတ်မှတ်ပေးနိုင်ပါတယ်၊ အင်္ဂလိပ်လိုလည်းသတ်မှတ်ပေးနိုင်ပါတယ်။ အင်္ဂလိပ်အက္ခရာ နဲ့ မြန်မာအက္ခရာအကူးအပြောင်းအတွက် ctrl+shift ကိုအမြဲသတိရပါ။) သတ်မှတ်ပြီးရင် Done ကိုနှိပ်၍ နောက်တစ်မျိုးသို့ ဆက်သွားနိုင်ပါတယ်။
(ခ) Schedule ဆိုတာက သင့် post ကို publish လုပ်လိုက်တဲ့အချိန်ကိုမှတ်ပေးတာပါ။ Automatic ဆိုတာက လက်ရှိအချိန်အတိုင်းမှတ်ပေးတာဖြစ်ပြီး၊ အကယ်၍သင်က လက်ရှိအချိန်အတိုင်းမဟုတ်ဘဲ publish လုပ်တဲ့အချိန်ကို သင့်စိတ်ကြိုက်အချိန်တခုခုအဖြစ်သတ်မှတ်ချင်ရင် set date and time ကိုရွေးနိုင်ပါတယ၊် (ပုံမှန်အားဖြင့် Automatic အတိုင်းဘဲထားကြပါတယ်)။ ပြီးရင် Done ကိုနှိပ်လိုက်ပါ။
(ဂ) Permalink ဆိုတာက သင့် post ရဲ့ web/internet address ကိုသတ်မှတ်ပေးတာပါ။ Automatic ဆိုတာကသင့် post title အတိုင်း html ဖိုင်အဖြစ်သင့် blog အတွက် Blogger ကသတ်မှတ်ထားတဲ့နေရာမှာ သိမ်းပေးတာပါ၊ (ပုံမှန်အားဖြင့် Automatic ကိုဘဲရွေးချယ်ကြပါတယ်၊ ဒါမှသင့်ရဲ့ အကြောင်းအရာဖိုင်တွေဟာ တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းရှိနေမှာပါ)။ Custom ဆိုတာက Blogger ကသတ်မှတ်ထားတဲ့နေရာမှာ မသိမ်းလိုဘဲ သင့်ကိုယ်ပိုင် own server နေရာ (သို့) သင်အသုံးပြုခွင့်ရှိတဲ့ web server နေရာမှာသိမ်းထားချင်တဲ့အခါ ရွေးပါတယ်။
(ဃ) Location ကတော့ သင့်ရဲ့လက်ရှိ နေထိုင်နေတဲ့ နိုင်ငံအမည်နဲ့ရှာလိုက်ရင် Googel Map ကအလိုလိုသင့်တည်နေရာကို ရှာဖွေသတ်မှတ်ပေးပါလိမ့်မယ်။
နောက်ဆုံးတစ်ခု Options ကတော့ post နဲ့ page နှစ်မျိုးစလုံးမှာပါပြီး အတူတူဘဲဖြစ်တဲ့အတွက် နှစ်ခုလုံးအတွက် ရည်ရွယ်ပြီးပြောပြပါမယ်။
(င) Reader comments အနေနဲ့က post အတွက်ဆိုရင် Allow ကိုရွေးချယ်ထားသင့်ပြီး၊ page အတွက်ဆိုရင် Don’t allow ကိုရွေးချယ်သင့်ပါတယ်၊ don’t allow မှာဘဲရှိပြီးသား comments တွေကိုတောင် စာဖတ်သူကို မမြင်စေလိုပါက  hide existing ကိုရွေးပါ၊ မြင်စေလိုပါက show existing ကိုရွေးပါ။
(စ) compose mode အတွက်ကို show HTML literally ကိုဘဲ ရွေးချယ်ထားပါ။
(ဆ) line break အတွက်ကိုလည်း use <br> tag ကိုဘဲရွေးချယ်ထားပါ။
ကဲ…ခုလောက်ဆိုရင် သင့် blog တစ်ခုကို သင်ကိုယ်တိုင် ဖန်တီးနိုင်သွားပါပြီး။ 

Followers