LIKE @ CLICK လုပ်​ခဲ့ကြအုံး​နော်
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ဒေါင်း​လော့လုပ်​နည်း ဖတ်​​ပေးပါ
Showing posts with label ကျန်းမာရေးဗဟုသုတ. Show all posts
Showing posts with label ကျန်းမာရေးဗဟုသုတ. Show all posts

နားကလော်ခြင်း


နားကလော် တာက ပုံမှန်လုပ်စရာမလိုပါဘူး...
လုပ်လို့
--------
နားပိုသန့်ရှင်းတယ်ဆိုတာမျိုးမဟုတ်လို့ပါ 
နားထဲမှာသူ့ဘာသူရှိနေပြီးသား auto cleaning service ကို နားကလော်နေတတ်တဲ့အကျင့်ကမှ ပျက်ဆီးစေသလိုဖြစ်တတ်တယ်..
နားကလော်တာနဲ့ ပတ်သက်ပြီး မလုပ်နဲ့လို့ ဒီတိုင်း ပြောရတာအရမ်းခက်တယ်..
"မကလော်ဘဲ မနေနိုင်ဘူး" ဆိုတာပဲ ပြန်ပြောတတ်ကြလို့ နဲ့ အမြဲ ရှင်းရ......ပွားရလို့ အဘွားကြီးတောင် ပိုစောစြော့ဖစ်ရတယ်.... အဆိုးဆုံးက အိမ်ကလူတွေအပါအ၀င် အရင်းနှီးဆုံး မနိုင်စိန်တွေကို ရှင်းရတာပဲ...စိတ်မချလို့ ပြောပြရင် စကားတွေက လေထဲပျောက်ပျောက်သွားကြတယ် 
Earwax ( နားဖာချေး) ဆိုတာ နားအထဲဘက်မှာရှိတဲ့ နားစည် ( eardrum) အနားကို ဖုန်/အမှိုက်/ပိုးမွှားတွေ မရောက်အောင် အရှေ့ဘက်ကနေ စောင့်ဖမ်းပေးနေတဲ့ ဂိုးသမားနဲ့တူတယ်..သူ့ အချိန်...သူ့အခြေအနေနဲ့အလိုက် နားကို သန့်ရှင်းအောင် အလုပ်လုပ်ပေးတယ်...

နားထဲကို cotton bud ထိုးထည့်ပီး ကလော်တတ်တဲ့အကျင့်က
၁) နားရဲ့ ပင်ကိုယ် သဘာဝသန့်ရှင်းရေးစနစ် self cleaning service ကို ဖျက်ဆီး သလိုဖြစ်တတ်တယ်... ရောဂါပိုးမွှားပိုဝင်အောင် တံခါးဖွင့်ပေးသလိုဖြစ်တယ်
၂) အဲ့ဒီ earwax တွေကို ရှိသင့်တဲ့နေရာမှာထက် အတွင်းဘက်ကို ပိုတွန်းပို့သလိုဖြစ်ပီး နားထဲ နားဖာချေးတွေစုပိတ်တဲ့ ( earwax blockage )ဆိုတာ ဖြစ်စေပြီး နားကောင်းကောင်းမကြားရဖြစ်တတ်တယ်... အဲ့လိုဖြစ်ရင် ဆရာဝန်တွေဆီသွားပီး နားဖားချေးသွားထုတ်ရတတ်တယ်...နားအထဲပိုင်းကို ဆရာဝန်က ဆေးတာမျိုး အစရှိတဲ့လိုအပ်တဲ့ကုသမှု လုပ်ရတယ်
၃) နားထဲကို cotton bud လို ပစ္စည်းတွေနဲ့ ထိုးထည့်တော့ အခန့်မသင့်ရင် နားစည်ပေါက်တတ်တယ်....နားအကြားအာရုံချို့ယွင်းတတ်တယ်... ခဏခဏလည်း နားအတွင်းပိုင်းယောင်လိုက်....infection ပိုးဝင်လိုက်...နားကိုက်လိုက်ဖြစ်တတ်တယ်
ဒါကြောင့် နားကလော်တတ်တဲ့ အကျင့်ကို တဖြည်းဖြည်းဖျောက်တာမျိုးလုပ်သင့်တယ်
နေ့တိုင်းနားကလော်မှ နေနိုင်တာမျိုးက တကယ် မလုပ်သင့်..

တချို့တွေဆို cotton bud လို ဂွမ်းနဲ့ ကလော်ရရုံတောင် အားမရ...
သံနဲ့လုပ်ထားတဲ့ နားကလော်တဲ့အတံ / ငှက်တောင်မွှေးတို့/ ဆံညှပ်ကလစ်အသေး/ သော့ အစရှိတာနဲ့ ကလော် လိုက်ရမှ ကျေနပ်တယ်...
အဲ့ဒါတွေက ပိုလို့တောင် အန္တရယ်များပါတယ်..
အားလုံးက အကျင့်ပါပဲ...တဖြည်းဖြည်းချင်းဖျောက်ရင်ရပါတယ်
(ကိုယ်တိုင်လည်း ငယ်ငယ်က အရှေ့ဆံပင် သိမ်းတဲ့ ကလစ်အမဲလေးနဲ့ လူကြီးတွေ မသိအောင် ခိုး ကလော်ရတာ ကြိုက်မှကြိုက်....အဲဒါ့ကြောင့် နားခဏခဏကိုက်ပီး ငယ်ငယ်ကဆို နားအထူးကု ဆေးခန်းဆီကို ကန်ထရိုက်ဆွဲထားရတာ... ...နောက်ထပ်ကြီးလာတော့ cotton bud နဲ့ တနေ့မကလော်ရ မနေနိုင်...
အခု နားလည်တဲ့အရွယ်မှ ကြောက်တတ်ပြီး နားကလော်တဲ့အကျင့်ပျောက်တာ) tongue emoticon tongue emoticon
နားသန့်ရှင်းချင်တယ်ဆိုရင် နားအပြင်ပိုင်း(ကိုင်လို့ရနေတဲ့နေရာ)ကို ရေချိုးရင်း ဆပ်ပြာ နဲ့ဆေးပီး သဘက်လေးနဲ့ သုတ်ပေးတာကမျိုးက လုံလောက်ပါပြီ...
တစ်ချို့တွေက ဇိမ်ခံချင်တာနဲ့...ဆိုင်တွေမှာ ခေါင်းလျှော်ရင်း နားထဲရေထည့်ဆေးပေးတာ ခံကြတယ်... အဲ့လိုမျိုး လုံးဝ မလုပ်သင့်ပါဘူး

နားထဲရေထည့်ရင်း လွန်ပီး ရေစင်အောင်ပြန် မထွက်တော့ရင် ကြောက်ပီး ကိုယ့်ဘာကိုယ် ဟိုလန့်ဒီလန့်နဲ့ ကလော်ထုတ်နေမျိုးတွေက ပိုပြီး မလုပ်သင့်ပါ 


လေးဆယ်ကျော် ကျန်းမာရေးနှင့် အသက်ရှည်အောင် ​နေထိုင်နည်းများ Ebooks


စာအုပ်အမည် – လေးဆယ်ကျော် 

ကျန်းမာရေးနှင့် အသက်ရှည်အောင် 

နေထိုင်နည်းများ

ရေးသားသူ –ဆရာကြီး ဦးကြည်လွင်မြင့်(မုဒြာ)


လေးဆယ်ကျော် ကျန်းမာရေးနှင့် အသက်ရှည်အောင် 
နေထိုင်နည်းများ – ကြည်လွင်မြင့် (မုဒြာ)

အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ

အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ
အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ

(၁) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြား(သို့ ) ပျားရည်ဖြင့် စားပါ။

(၂) ဖလံတောင်ဝှေးကို ငသိုင်းနဲ့ ချက်စားပါ။

(၃) မုန်လာထုပ်ဟင်းချိုကို ရက်သတ္တ ၁-ပတ်လျှင် အနဲဆုံး ၄-ကြိမ်လောက် စားပေးပါ။

(၄) ထောပတ်သီးက နှလုံးကို ကျန်းမာစေတဲ့အပြင်၊ အသည်းကိုပါ သန့် စင်ပေးနိုင်တာကြောင့် ထောပတ်သီးကို သွားရည်စာသီးနှံအဖြစ် မကြာခဏ စားပေးပါ။

(၅) ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန်အတွက် ကညွတ်ဥ(ကညွတ်ပင် ရဲ့ အမြစ်) ကို နွားနို့ နဲ ကြိုသောက်ပါ။

(၆) ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်းထဲမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါရှိနေတာကြောင့် အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ နှင့် အမျိုးသားများဆီးကျိတ်ကင်ဆာတို့ ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ *(ထို နည်းတူစွာဘဲ ပန်းဂေါ်ဖီ* *မျိုးနွယ်ဝင်များဖြစ်ကြတဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ**(အဖြူ)၊ ကိုက်လံ တို့ ကိုပါ စားပေး သင့်ပါတယ်)

(၇) ရွက်စားမုန်လာရွက်များက သည်းခြေရည်(အက်ဆစ်)ကို တိုးပွားစေကာ ခန္ဓာ ကိုယ်ထဲရှိ အဆီမော်လီကျူးများကို စုပ်ယူ၍မ ကောင်းတဲ့ အဆိပ်အတောက်တွေကို ကျင်ကြီး/ကျင်ငယ်အဖြစ် စွန့်ထုတ်ပေးပါတယ်။

(၈) လ္ဘက်ရွက်အခြောက်ထက် လ္ဘက်ရွက်အစိုတွေမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်း ပါဝင် မှုပိုများပါတယ်။ ဆီးရွှင်စေတဲ့အပြင်၊ ရင်ပြည့်ရင်ကယ်ဗိုက်ပွခြင်း ဝေဒနာတွေကိုပါ သက်သာလျော့ပါးစေလို့  အဆိပ်အတောက်ပြေစေတဲ့ လ္ဘက်စိမ်းရေနွေးကြမ်းကို နေ့  စဉ်သောက်သုံးပါ။

(၉) ဆစ်ထရစ်အက်ဆစ်ကြွယ်ဝတဲ့ သံပုရာသီးက အဆိပ်အတောက်တွေ ပြေေ ပျာက်စေတာမို့  နေ့ စဉ် သံပုရာရည်ကို သကြားနဲ့ ဖျော်သောက်ပေးပါ။ (ဂရိတ်ဖရုသီး စားပါ)။ သို့သော် တစ်နေ့ကို သံပုရာသီး ၃ လုံးထက် ပိုမစားရပါ။

(၁၀) သကြားမုန်လာ(ခေါ်) မုန်လာဥနီအလုံး(ခေါ်)Beets ထဲမှာ betalains လို အမည် ရတဲ့ သဘာဝသွေးနီရောင်ဆိုးဆေးတွေ ပါရှိနေတာကြောင့် ရောင်ရမ်း နာများနဲ့ မှိုပိုးတွေကို အစွမ်းကုန် တိုက်ထုတ်ပေးနိုင်တဲ့အအပြင်၊ အထူးသဖြင့် အသည်းထဲက ဆဲလ်တွေကို ကောင်းစွာ တည်ဆောက်ပေးတာကြောင့် အဆိပ်အတောက် ပြေစေပါတယ်။

ရေးသားသူ - စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ ဆေးဖက်ဝင်အပင်များ၊ ပေါက်ပေါက်

www.yoyarlay.com

Followers